Monday, October 13, 2014

ပုဂံဒေသ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရန် ယူနက်စကို ပညာရှင်များ အချက်သုံးချက် အကြံပြု

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ယင်းဒေသ ၌ ခြောက်လအတွင်း အဆောက်အအုံများ မတည်ဆောက်ရန်၊ တုရင်တောင်ဒေသကို ရှေးဟောင်းအမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ရန်နှင့် မြို့ကို မြင်းခြံဘက်သို့တိုးချဲ့ရန် ယူနက်စကိုမှ ပညာရှင်များက အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။
‘‘ခြောက်လအတွင်း အဆောက်အအုံ မဆောက်ဖို့ကတော့ သဘောမတူကြဘူး။ ဆောက်လက်စအိမ်တွေကို ရပ်ထားလို့မရဘူး။ ဘတ်ဂျက်ကျပြီး သားလမ်းဖို့ဖို့ ကိစ္စတွေက ဆက်လုပ်မှဖြစ်မယ်။ မြင်းခြံဘက်ကို မြို့ချဲ့ဖို့ကတော့ သဘောတူကြတယ်’’ဟု ရှေး/သု ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်ကပြောသည်။

ထို့အပြင် တုရင်တောင်သည် စွယ်တော်လေးဆူတွင် ပါဝင်သဖြင့် ထိုဒေသရှိ သဘာဝ ရှုခင်းများ မပျက်စီးရေး ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ရန်မှာ သင့်လျော်ကြောင်း ဦးသိန်းလွင်ကဆိုသည်။ အဆိုပါအကြံပြုချက်ကို သက်ဆိုင်ရာ တာဝန် ရှိသူများထံ တင်ပြဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း အမွေအ နှစ် စာရင်းတင်သွင်းရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ယူနက်စကိုမှ ပညာရှင်များ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအ သင်းနှင့် ဗိသုကာပညာရှင်များအသင်း၊ ရှေးဟောင်းသုတေသန ပညာဌာန၊ ပုဂံဒေသရှိ ယဉ်ကျေး မှု ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ၊ ဒေသခံများ စသည်တို့ ပူးပေါင်း၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။
ပုဂံဒေသခံ အဖွဲ့အစည်းများသည် ပုဂံဒေသတွင် သတ်မှတ်ထားသော ရှေးဟောင်းဇုန် နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ပေးရန် တင်ပြခဲ့ပြီး တိကျ သော ရှေးဟောင်းဇုန်သတ်မှတ်ရန် အချိန်တစ်နှစ်ကျော်ကြာ စီမံကိန်းရေးဆွဲ၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘‘ဒါတွေက အချိန်ပေးပြီး လုပ်ရမယ့်ဟာတွေ။ ကွင်းဆင်း ပြီး ဆောင်ရွက်ရမယ်။ ဒေသခံတွေက တင်ပြတာတွေ ရှိတယ်။ ဘယ်နေရာတွေမှာ ဇုန်သတ်မှတ်သင့်တယ်။ ဘယ်နေရာတွေက ဇုန်ထဲကနေ ဖယ်ရမယ်လို့ တင်ပြ ကြပါတယ်။ ဒါတွေကို သတ်မှတ် ဖို့ အချိန်ပေးရပါမယ်’’ဟု ၎င်းက ပြောသည်။
‘‘ဒေသခံတွေ အိမ်တွေဖယ်ရှားပေးရမှာတို့ဆို ဇုန်သတ်မှတ်တာ ပြင်လည် ပြင်ပေးဖို့ တင်ပြထားတယ်။ အဓိက ဇုန်ထဲမှာပါ နေတဲ့ နေရာတွေမှာ အဆောက်အအုံတွေ ထပ်မဆောက်ဖို့ လုပ်ရပါမယ်။ သတ်မှတ်ထားတဲ့ ဇုန် တွေထဲမှာပဲ အဆောက်အအုံတွေ ဆောက်တာ ကောင်းပါတယ်။ ဒီ ဆွေးနွေးပွဲက တိကျတဲ့ အဖြေတော့ မထွက်ပါဘူး။ ဆွေးနွေး တင်ပြတာပဲ ရှိတာပါ’’ ဟု ပုဂံ ချစ်သူများအသင်းမှ ကိုမင်းနိုင်အောင်က ပြောသည်။
Credit - 7DAY DAILY

 
ဆွေးနွေးပွဲမှ ပြည်တွင်း၊ ပြည်ပ ပညာရှင်နှင့် တာဝန်ရှိသူများ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ − မင်းနိုင်အောင်)

No comments:

Post a Comment