Monday, October 13, 2014

ပြင်ဆင်၍မရသော ဥပဒေဆိုသည်မှာ မည်သည့်နိုင်ငံတွင်မှမရှိ၊ ပြည်သူများ အတွက်လိုအပ်လျှင် ပြင်ဆင်ရမည်သာဖြစ်

မွန်ပြည်နယ်၊ အောက်တိုဘာ ၁၂

မွန် ပြည်နယ်၏ နိုင်ငံရေးဆိုင်ရာကိစ္စများ လေ့လာဆွေးနွေး အကြံပြုနိုင်ရေးအ တွက် ဂျာမနီနိုင်ငံ Rostock University မှ Prof.Dr. Jorn Dosch နှင့်Konral Adenaver ဖောင်ဒေး ရှင်းမှ Director Dr. Wilhelm Hofmeister တို့သည် အောက်တို ဘာ ၁၁ရက် မွန်းလွဲတစ်နာရီတွင် မွန်ပြည်နယ်လွှတ်တော်ရုံးသို့ လာ ရောက်ပြီး၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မွန်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးကျင်ဖေက မွန်ပြည် နယ်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ပြုပြင်ပြောင်းလဲမှု လမ်းစဉ်အတိုင်း ဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအ ဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်
လုပ်ငန်းများဆောင်ရွက်ရာ တွင် အခက်အခဲအနည်းငယ်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်း လဲရေးကို အချို့ကယုံကြည်မှုမရှိသေး ဟု နိုင်ငံတကာမီဒီယာများက ပြော ကြားမှုများ ရှိနေကြောင်း၊ အများယုံ ကြည်မှုရှိစေရန် မည်ကဲ့သို့ဆောင်ရွက် ရမည်ကို အကြံပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုသူများ ရှိနေပါကြောင်း၊ ယင်းကိစ္စအတွက် လည်း အကြံပြုပေးစေလိုပါကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် ဂျာမနီနိုင်ငံမှ ကျွမ်း ကျင်ပညာရှင်များက ပြောကြားရာ တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးကို အံ့သြရပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေး တို့အတွက် နိုင်ငံတကာမှအကူအညီ များပေးနေပြီဖြစ်ပါကြောင်း၊ ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတိုင်းတွင် အခက်အခဲများရှိပါ ကြောင်း၊ စိတ်ရှည်သည်းခံရန်လိုအပ် ပါကြောင်း၊ ပြင်ဆင်၍မရသော ဥပဒေ ဆိုသည်မှာ မည်သည့်နိုင်ငံတွင်မှ မရှိပါကြောင်း၊ ပြည်သူများအတွက်လို အပ်လျှင် ပြင်ဆင်ရမည်သာဖြစ်ပါ ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် ပြည် နယ်/တိုင်းဒေသကြီးလွှတ်တော်ဟု အဆင့်ခွဲခြားနေလျှင် ယခင်ကကဲ့သို့ ဗဟိုကချုပ်ကိုင်သော စနစ်သို့ပြန် ရောက်သွားမည်သာ ဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများ တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့် လင်းမြင်သာမှုနှင့် လူ့အခွင့်အရေးကို အပြည့်အဝပေးရန် လိုအပ်ပါကြောင်း ဖြင့် အကြံပြုဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မွန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ မွန်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးလှထွန်း၊ ဒေါက်တာ အောင် နိုင်ဦး၊ ဦးချမ်းမြင့်နှင့် ဦးသိန်းဇော် တို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
AHO
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment