ကော့ကရိတ် - မြဝတီ လမ်း ဒေါနတောင်အဆင်းတွင် အောက်တိုဘာ ၁၁ ရက်က ခရီး
သည်တင်ကားပေါ် လက်နက် ကြီးကျရောက်သောကြောင့် ပြည် သူလေး ဦးသေဆုံးပြီး ၁၀
ဦး ဒဏ်ရာရရှိခဲ့သည်။ကော့ကရိတ်မြို့နှင့် မြဝတီ မြို့ချိတ်ဆက်ထားသော မြဝတီ
လမ်းအလယ်ဗိုလ်တဲအနီးတွင် နေ့လယ် ၁၂ နာရီကျော်၌ မည် သည့်နေရာက ပစ်ခတ်သည်မသိ
သော လက်နက်ကြီးကျည်ဆန်ကျ ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
‘‘ကျွန်တော်တို့မှာ ရှောင်စ ရာနေရာလည်းမရှိတော့ ဒီမှာပဲ နေနေရတယ်။ ဘယ်ကပစ်လိုက် မှန်းမသိရသေးဘူး။ လက်နက် ကြီးကျကွဲတော့မှပဲ ပစ်မှန်းသိ လိုက်ရတာ။ ဒီမှာတော့ ရုတ်ရုတ် ရုတ်ရုတ်တွေဖြစ်နေတာ။ အလယ်ဘိုတဲမှာနေတဲ့ ဦးသိန်းဌေးနဲ့ ခရီးသည်သုံးယောက် သေသွား တယ်။
ဘာတွေဆက်ဖြစ်မယ်မ သိသေးဘူး’’ဟု အခင်းဖြစ်ပွားချိန်တွင် အလယ်ဘိုတဲ၌ ရှိနေသူဦးစိန်လင်းကဖုန်းမှတစ်ဆင့်ပြောကြားသည်။
သေဆုံးသူများမှာအသက် (၁၁)နှစ်အရွယ်ဖာဖိုး၊ အသက်(၄၀)အရွယ်ဦးသိန်းဌေး၊ အမည် မသိ စိစစ်ဆဲအမျိုးသားတစ်ဦးနှင့် ရန်ကုန်မြို့တောင်ဒဂုံမြို့နယ်နေ အသက်(၄၀)အရွယ် ဦးမြင့်သိန်း တို့ဖြစ်သည်။ ဦးမြင့်သိန်းမှာ ဆေး ရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီးဆေးရုံ၌ အရေးပေါ်လူနာသုံးဦးရှိ သေးကြောင်းကရင်ပြည်နယ်အ စိုးရရုံးမှ သတင်းရရှိသည်။
ဒဏ်ရာရရှိသူများကို ကော့ ကရိတ်ခရိုင်အဆင့် အစိုးရတာ ၀န်ရှိသူများက ထောက်ပံ့ကြေး ငွေငါးသောင်းစီပေးထားပြီးသေ ဆုံးသူအလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို မြို့နယ်နာရေးကူညီ မှုအသင်းက ဦးဆောင်၍ ကော့ကရိတ်နှင့် မြ၀တီမြို့ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ လက်နက်ကြီးကျမှု ကြောင့် အလယ်ဘိုတဲကျောင်း တိုက်ဆရာတော်ဦးစန္ဒိမာလည်း ခြေထောက်တွင် ဒဏ်ရာရရှိကာ မြ၀တီဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သတင်းရရှိသည်။
ဒဏ်ရာရသူဆယ်ဦးတွင် က လေးများ၊ ကျောင်းသားများနှင့် အမျိုးသမီးများလည်း ပါဝင် ကြောင်း ကော့ကရိတ်မြို့နာရေး ကူညီမှုအသင်းမှ သတင်းရရှိ သည်။
ကော့ကရိတ် ရဲတပ်ဖွဲ့သို့ အဆိုပါကိစ္စကို ဆက်သွယ်မေးမြန်း ခဲ့ရာ ‘‘ဖြစ်စဉ်မှန်ပါတယ်။ သတင်း အပြည့်အစုံက တက်မလာသေး တော့ ဘယ်အဖွဲ့က လုပ်တာလဲ ပြောလို့မရသေးဘူး’’ဟု တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အလယ်ဘိုတဲတွင် ခြေမြန် တပ်ရင်း(၃၁၀)တပ်စွဲထားပြီး ဒေ သခံ သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ လက်နက်ကိုင်အ ဖွဲကအစည်းတစ်ခုက စစ်တပ်ကို ပစ်လိုက်သော လက်နက်ကြီးမှာ ခရီးသည်တင်ကားပေါ်ကျခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
‘‘စစ်တပ်က အဲဒီမှာတပ်စွဲ ထားတယ်။ တောင်ပေါ်ကနေ စစ် တပ်ကိုလှမ်းပစ်တာ။ ခရီးသည် တင်ကားပေါ်ကျတာ။ လေး ယောက်သေ ဆယ်ယောင်ဒဏ်ရာ ရတယ်။ နောက်ထပ်သတင်းကို ကျွန်တော်တို့လည်း စောင့်နေ တယ်’’ဟု ပြောသည်။
ကရင်ပြည်နယ် အစိုးရက လည်း သေဆုံး၊ ဒဏ်ရာရမှုစာရင်း ကို အတည်ပြုပေးပြီးတိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ပြောမပြနိုင်ကြောင်း ဖုန်းမှတစ်ဆင့်ဖြေကြားသည်။
ဒီကေဘီအေမှ ဗိုလ်မှူးစော ဆန်းအောင်က ကော့ကရိတ်မြို့ အနီးတွင်သာမက နေရာအများစု တွင် တိုက်ပွဲများ ပြန်ဖြစ်နေ ကြောင်း အတည်ပြုပေးပြီး မည် သည့်လက်နက်ကိုင်အဖွဲ့အစည်း ၏ လက်ချက်ဆိုသည်ကို အတိအ ကျမသိသည့်အပြင် ၎င်းမှာ မွန် ပြည်နယ်သို့ ရောက်ရှိနေသောကြောင့် အသေးစိတ် မပြော နိုင်ကြောင်း ဖုန်းမှတစ်ဆင့်ပြော ကြားသည်။
အောက်တိုဘာ ၁၀ ရက်ကလည်း ကော့ကရိတ်မြို့နယ် ကောင်းမှုရွာအနီးတွင် အစိုးရ တပ်အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) လက်အောက်ခံတပ်များနှင့် ဒီကေဘီကေ ကလိုထူးဝါးဗျူဟာ လက်အောက်ခံတပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့အပြင် အစိုးရတပ်နှင့် အမှတ် (၁၀၁၂) နယ်ခြားစောင့်တပ် (BGF)တို့ ပူးပေါင်းလုံခြုံရေး ယူထားသော မဲသဝေါ လမ်းရင်းပိုင် တံတားစခန်းကိုလည်း အောက်တိုဘာ ၁၀ ရက် နေ့လယ်က လက်နက်ကြီးဖြင့် သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၀ ရက်က ကော့ကရိတ်မြို့အနီး ဖြစ်ပွား သောတိုက်ပွဲတွင်လည်း နှစ်ဖက် စလုံးကျဆုံးမှုရှိခဲ့ပြီး တပ်မတော် ဘက်မှ တစ်ဦးကျကာ သုံးဦးဒဏ် ရာရခဲ့ကြောင်း မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ကရင်ပြည်နယ်တွင် အစိုးရ တပ်၊ နယ်ခြားစောင့်တပ် (BGF) တို့အပြင် အပစ်အခတ်ရပ်စဲထား သော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ (PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA)တို့ရှိသည်။

Credit - 7DAY DAILY

(ဓာတ်ပုံ − ဒေါနအောင်တိုး)
No comments:
Post a Comment