စစ်တွေ၊ စက်တင်ဘာ ၂၁။
ရခိုင် ပြည်နယ် မြေပုံမြို့နယ်ရှိ
ဘင်္ဂါလီများ အနက် ၁၉၈၂ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံ
သားအခွင့်အရေး နေရာချထားပေး ရာတွင် လိုအပ်လျှင်ဒေသန္တရအမိန့်
ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်း
ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက
ပြောကြားသည်။
အဆိုပါ နိုင်ငံသားဖြစ်ခွင့်ရသူ များနှင့်
နိုင်ငံသားပြုခွင့်ရသူများကို နိုင်ငံသားအခွင့်အရေးအရ ရပ်ရွာ တည်ထောင်ကာ
နေအိမ်များတည် ဆောက်ပေးရမည်ဖြစ်သော်လည်း လတ်တလောအခြေအနေတွင် ဘင်္ဂါ လီများမှ
နိုင်ငံသားဖြစ်ခွင့်ရလာသူ တို့နှင့် ရခိုင်တိုင်းရင်းသားတို့၏အ ခြေအနေမှာ
အတူယှဉ်တွဲနေထိုင်၍
မရနိုင်သေးသည့်အနေအထားတွင် ရှိနေသည့်အတွက်
ယခုကဲ့သို့ထုတ် ပြန်ပေးရန်စဉ်းစားထားရခြင်းဖြစ် ကြောင်း ယင်းကဆက်လက်ပြော
သည်။
''နိုင်ငံသားဖြစ်သွားပြီဆိုတော့ ဒီလူတွေကို
သွားချင်တဲ့နေရာသွား ခွင့်ပြုမလား။ သွားချင်ရာသွားခွင့်ပြု မလားဆိုတာကတော့
ရခိုင်အုပ်စုထဲ ဒီလူတွေသွားလို့မရဘူး။ ရခိုင်တွေက လဲ သူတို့အုပ်စုထဲ
ဝင်လို့မှမရတာ။ လတ်တလောအနေအထားတွေအရ ဒီလိုရှိပါတယ်။ တကယ်လို့ သွားလို့
လာလို့ ပြဿ နာဖြစ်လာရင်တော့ ဒီအမိန့်ကိုထုတ်မှာပေါ့'' ဟု ယင်းက
ရှင်းလင်းပြောကြားသည်။
မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက်
နိုင်ငံသားစိစစ်ခွင့်ပြု ရန် လျှောက်လွှာလာတင်သည့် ဘင်္ဂါ လီတစ်ထောင်ကျော်ကို
မြို့နယ်၊ ပြည် နယ်နှင့် ဗဟိုအဆင့်နိုင်ငံသားစိစစ် ရေးအဖွဲ့တို့က
အသေးစိတ်စိစစ် ခဲ့ရာ ယင်းအနက် ဗဟိုအဖွဲ့၏စိစစ် အတည်ပြုချက်အရ ဘင်္ဂါလီ ၄ဝ
ဦးမှာ နိုင်ငံသားဖြစ်ခွင့်ရရှိပြီး ၂ဝ၉ ဦးမှာ
နိုင်ငံသားပြုခွင့်ရရှိခဲ့ကြကြောင်း ပြည်နယ်အဆင့် နိုင်ငံသားစိစစ်ရေး
အဖွဲ့ထံမှ စုံစမ်းသိရသည်။
နိုင်ငံသားဖြစ်ခွင့်ရသူများကို
လတ်တလောတွင် မြေပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင်သာ ဆက်
လက်ထားရှိဦးမည်ဖြစ်ပြီး နောက်ပိုင်း တွင် ယင်းတို့အား မည်သည့်နေ
ရာတွင်ထားရှိလျှင် အဆင်ပြေမည် ဆိုသည်ကို မြို့ခံများနှင့် ပြည်နယ်
အစိုးရတို့ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြေပုံမြို့နယ်အတွင်း နိုင်ငံသား ဖြစ်ခွင့်ရသူများအပါအဝင် နိုင်ငံသား
ပြုခွင့်ရသူများနှင့် ဘင်္ဂါလီများကို နေ ရာချထားပေးရာတွင် သီးခြားစီနေ
ရာချထားပေးရန်လိုအပ်ပြီး ယင်းသို့ ခွဲခြားမထားပါက နောက်ပိုင်းတွင် ပြဿ
နာ များပိုမိုကြီးထွားလာနိုင် ကြောင်း မြေပုံမြို့ခံများက သုံးသပ်
ပြောကြားသည်။
မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်ကို ၁၉၈၂ခုနှစ်၊
နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိစစ်ဆေးရန် လျှောက်လွှာလက် ခံခြင်းအား ယခုနှစ်
ဇွန် ၁၅ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
SK
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment