ရန်ကုန်၊စက်တင်ဘာ၂၈။
လူ့အခွင့်အရေးနှင့်ပတ်သက်၍
ပြည်သူလူထုပိုမိုသိရှိနားလည်စေရန်ဥပ ဒေအရ ပြန်လည်ဖွဲ့စည်းလိုက်သည့်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ ရေးကော်မရှင်
အနေဖြင့်သတင်းထုတ်ပြန်မှုတွင်ယခင်ကော်မရှင်၏လုပ်ဆောင်မှုထက်ထိရောက်စွာ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်က ပြောသည်။
ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်က''အရင်ကော်မရှင်တုန်းကသတင်းထုတ်ပြန်မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘက်ကအားနည်းခဲ့တယ်။အခုအဖွဲ့သစ်အနေနဲ့
လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အများသိရှိနိုင်ဖို့အတွက်
ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားဖို့ရှိတယ်။ နေ့စဉ်ထုတ်သတင်းစာမှာ
ဖော်ပြတာလိုမျိုးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမယ်'' ဟု
ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ထို့ပြင် ပြန်လည်ဖွဲ့စည်းလိုက် သော
ကော်မတီအနေဖြင့် ယခင်အဖွဲ့၏ လူ့အခွင့်အရေးလုပ်ငန်းဆောင်တာများကို
ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ
အတွက်တိုင်ကြားစာများ၊ပဋိပက္ခနယ်မြေများကို ကွင်းဆင်းစစ်ဆေးခြင်း
စသည့်လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားရန်အတွက်ဥပဒေအရလုပ်ပိုင်ခွင့်ပိုမိုခိုင်မာကာတာဝန်ပိုကြီးသွားသည်ဟုယင်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သစ်ကို
မတ်လအတွင်းကအတည်ပြုပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး
ကော်မရှင်ဥပဒေနှင့်အညီစက်တင်ဘာ၂၅ရက်က ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး
ကော်မတီတွင်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်၉ဦးပါသည့်ကော်မတီ
ကိုဖွဲ့စည်းလိုက်သည့်နေ့မှစ၍ဥပဒေပါပုဒ်မ-၆၉ ပြဋ္ဌာန်းချက်အရ
ပြည်ထောင်စုအစိုးရအဖွဲ့၏အမိန့် ဖြင့် ၂ဝ၁၁ခုနှစ်
စက်တင်ဘာ၅ရက်ကဖွဲ့စည်းထားသော မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
ကော်မရှင်ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်က''ကော်မရှင်ရဲ့လုပ်ငန်းတွေမှာ
တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ကျွန်တော်တို့ဆန္ဒရှိပါတယ်။အမှန်တရားဘက်ပဲကျွန်တော်တို့ကြိုးစားသွားမှာပါ''
ဟုပြောသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏
လုပ်နိုင်စွမ်းအားအပေါ် အကဲဖြတ်စောင့်ကြည့် နေသောအဖွဲ့များက
ကော်မရှင်၏ဆောင်ရွက်ချက်များသည် ထိရောက်မှုမရှိကြောင်း
စက်တင်ဘာ၂၅ရက်ကအစီရင်ခံစာထုတ်ပြန်ခဲ့သည်။
အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်၏လုပ်နိုင်စွမ်းအားအ ပေါ်အကဲဖြတ် စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သော
Burma Partnership အဖွဲ့တာဝန်ခံ ဒေါ်ခင်ဥမ္မာက''
ကော်မရှင်မှာပါဝင်သူတွေအနေနဲ့အစိုးရမျက်နှာကို မော်ကြည့်ပြီး
ကြောက်နေရတဲ့သူထက် ပြည်သူ့မျက်နှာကို မားမားမတ်မတ်ရပ်တည်မယ့်သူ
တွေဖြစ်ဖို့လိုတယ်။ ပြည်သူတွေ
နစ်နာဆုံးရှုံးနေတဲ့အခွင့်အရေးတွေကိုစုံစမ်းဖော်ထုတ်ရှာဖွေဖို့လိုအပ်တယ်''
ဟုဥပဒေအရဖွဲ့စည်းလိုက်သည့် ကော်မရှင်နှင့်ပတ်သက်၍သုံးသပ် ပြောသည်။
SYMZ
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment