Tuesday, September 30, 2014

ကသာ၌ ဘိန်းဖြူ ၉၉သိန်းကျော်နှင့်ရွှေထည်၁၂ကျပ်သား ကျော်ဖမ်းမိ

ကသာခရိုင်အတွင်း၌ မူးယစ်ဆေးဝါ့းရောင်းဝယ်မှုကို ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးစိုးမြင့်မှ မှုးယစ်ဆေးဝါးဖမ်းဆီးမှုကိုညွန်ုကြားချက်များဖြင့် ဖမ်းဆီးခဲ့ရာ အဆက်မပြတ်ဆိုသလို ဖမ်းမိရကြောင်း သိရသည်။
ဝန်းသိုမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းကျော်သူနှင့်တပ်ဖွဲ့ဝင်များသည် ခရိုင်မှုခင်းနှိမ်နှင်းရေးမှ ဒုတက အောင်ထွန်းတို့နှင့်ပူးပေါင်းသောအဖွဲ့များ
သည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းအမှတ်၂၇/၁၄ဖြင့် စက်တင်ဘာလ၂၉ရက်
၅း၃၀နာရီတွင် ဝန်းသိုမြို့နယ်၊ မကျည်းပင်

အုပ်စု၊ ကျွန်းပင်ရွာသစ်ကုန်းနေ အောင်တင်လင်း(ဘ)ဦးအောင်ထိန်၏နေအိမ်သို့ ရှာဖွေခဲ့ကြောင်း သိရသည်။
အောင်တင်လင်းမှာပလတ်စတစ်ပုံးကို အိမ်နောက်ဖေးသို့ပစ်ချကာထွက်ပြေးသွားသဖြင့် ပစ်ချခဲ့သောပုံးကိုရှာဖွေရာ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် အလေးချိန်၉၉.၆၅ဂရမ် တန်ဖိုး ၉၉၆၅၀၀၀ိ/၊ 88 စာတမ်းပါပန်းရောင်ဆေးပြား၃ပြား၊
တန်ဖိုး၁၅၀၀၀ိ/၊ ငွေစက္ကူရောရာ ၄၈၇၆၃၀၀ိ/၊ ရွှေထည်မျိုးစုံ ၁၂ကျပ်သား၇ပဲ၊ ၂၆ရွေးနှင့်CDMAလက်ကိုင်ဖုန်း၂လုံးတို့အား တွေ့ရှိသိမ်းဆည်းမိကြောင်း
သိရသည်။
မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ အောင်တင်လင်းအား အရေးယူပေးပါရန် ရဲအုပ်ဝင်းကျော်သူမှတရားလိုပြုလုပ်တိုင်တန်းသဖြင့် ဝန်းသိုမြို့နယ်ရဲစခန်းမှ
မှ (ပ)၂၄/၁၄၊မူး/စိတ်၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်ထားပြီး အမှုအားမြို့မစခန်းမှူး ဒုရဲမှူးတင်မောင်ဝင်းမှစစ်ဆေးဆောင်ရွက်နေကြောင်း
သတင်းရရှိသည်။
အေးလွင်(ကသာ)
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment