အခြေခံဥပဒေပြင်ဆင် နိုင်ရေးအတွက် တင်ပြမည့် အစီ ရင်ခံစာကို လာမည့်
အောက်တိုဘာလ ပထမပတ်အတွင်း အခြေခံဥပဒေပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှုကော်မတီက လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း
ယင်းကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောကြားသည်။
ယင်းအစီရင်ခံစာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ တစ်ခုချင်းစီပေါ်တွင် ထားရှိသော တပ်မတော်၏ သဘောထား၊ အာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ သဘောထားများကိုပါ
ထည့်သွင်းထားသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကဆိုသည်။
‘‘နှစ်ပတ်လောက်ထိ ကျွန် တော်တို့ဆွေးနွေးတဲ့ကာလမျိုး မှာ အမတ်တစ်ဦးချင်းစီရဲ့ ရပ် တည်ချက်။ နောက်အခြေခံဥပဒေ အပေါ် ကျွန်တော်တို့ ဘယ်လို သဘောထားလဲဆိုတာကို အဲဒီ ကာလတွေမှာ တွေ့လာနိုင်မှာပါ’’ ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကဆိုသည်။
ကော်မတီက အခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မပေါင်း ၄၀၀ ကျော် အပါအ၀င် နောက်ဆက်တွဲ ဇယားများကိုပါ လေ့လာဆွေးနွေး မှုများပြုလုပ်ခဲ့ပြီး တွေ့ရှိချက်၊ သုံးသပ်ချက်နှင့်အကြံပြုချက်များပါဝင်သော အစီရင်ခံစာကိုလည်း ရေးသားပြီးဖြစ်သည်။
လက်ရှိအခြေခံဥပဒေသည် တပ်မတော်က ဦးဆောင်ပြီး စိတ် ကြိုက်ရေးဆွဲခဲ့သည့် အခြေခံ ဥပ ဒေတစ်ရပ်ဖြစ်သည့်အတွက် ဒီမို ကရေစီစံနှုန်းများနှင့် မကိုက်ညီ ကြောင်း၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို ဆက်သွားလိုပါက လက်ရှိအခြေခံဥပဒေကို အမြန် ဆုံးပြင်ရန် လိုအပ်ကြောင်း ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက် က ကော်မတီသည် ပြည်ထောင် စုလွှတ်တော်သို့ ကနဦးအစီရင်ခံ စာတစ်စောင် တင်သွင်းခဲ့ရာ တွင် ဒီမိုကရေစီအင်အားစုများ က ပြင်ဆင်ရန် တောင်းဆိုနေကြ သည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ)တို့ပါဝင်သော အခန်းများကို လေ့ လာသုံးသပ်မှုများပြုလုပ်ပြီးသော် လည်း ယင်းပုဒ်မများကို ပြင်ဆင် မည်၊ မပြင်ဆင်မည်ကို အတိအ ကျထည့်သွင်းထားခြင်းမရှိပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်မှုကော်မတီကို ဖေဖော်ဝါရီ ၃ ရက်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်တင်ပြနိုင်ရန် ကော်မတီ၏ အစည်းအဝေးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲမစတင်မီ ခြောက်လအလိုတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များကို အပြီးသတ် ဆောင်ရွက်ရမည် လည်းဖြစ်သည်။

Credit - 7DAY DAILY

အခြေခံဥပဒေပြင်ဆင်ရေး ဆန့်ကျင်ဆန္ဒပြသူများ (ဓာတ်ပုံ - နစ်ကီ)
No comments:
Post a Comment