Monday, September 29, 2014

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တွေ ကန့်ကွက်

အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ရွေးကောက်ပွဲတွင် ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို သူရဲ့ မဲဆန္ဒနယ်က ပြည်သူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဒီကနေ့ နံနက် ကိုးနာရီခွဲလောက်က ပုဇွန်တောင်မြို့နယ် ရေကျော် လမ်းမကြီးမှာ အသက်ကြီး ရွယ်အိုများအပါအဝင် လူပေါင်းသုံးရာကျော်က ‘လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမရှိတဲ့ ဦးအောင်ဇင် အလိုမရှိ’၊ ‘ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ PR စနစ် အလိုမရှိ’ ဆိုတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။



Credit - The Voice Weekly

 
 

No comments:

Post a Comment