Tuesday, September 30, 2014

ရွေးကောက်ပွဲစနစ် အစီရင်ခံစာ ယနေ့ လွှတ်တော် မတင်ဖြစ်တော့

နေပြည်တော်-

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင် အစီရင်ခံစာတွင် ရွေးကောက်ပွဲနည်းစနစ် သုံးမျိုးသာ ပါဝင်သဖြင့် အနည်းဆုံး နည်းလမ်း ခုနစ်ခု ရွေးချယ်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။


ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များကို ယခုထက်ပို၍ ရွေးချယ်ရန် အခွင့်အရေးပေးသင့်သည်ဟုထင်၍ ကော်မရှင်အနေဖြင့် အစီရင်ခံစာကို ထပ်မံပြုစုပြီး အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား လွှတ်တော်သို့ တင်ပြရမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

ကော်မရှင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှု ရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ချက် အစီရင်ခံစာကို စက်တင်ဘာ ၂၄ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ရာ အစီရင်ခံစာတွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ဆုံးဖြတ်ရန် ရွေးကောက်ပွဲနည်းစနစ် သုံးမျိုးကိုသာ တင်ပြထားသည်ဟု သူရဦးရွှေမန်းက ပြောသည်။

မူလက ကော်မရှင်၏ အစီရင်ခံစာကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

Credit - 7Day News Journal



 

No comments:

Post a Comment