ပညာရေး ဝန်ကြီးဌာန၏ ပညာရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်းများထဲမှ လာမည့် ပညာသင်နှစ်တွင် စတင်မည့် ရေတိုပညာရေး စီမံချက်များအတွက် ကျပ်ဘီလီယံ ၁၁၀ ကျော် သုံးစွဲရန် လျာထားကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော ပညာရေး ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
အဆိုပါ စီမံကိန်းကို Quick Win ဟု ခေါ်ဆိုပြီး ယင်းစီမံကိန်းတွင် ကဏ္ဍ ၁၂ ခု ထည့်သွင်းထားကြောင်း၊ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းငွေများကို မသင်မနေရ သူငယ်တန်းအတန်း ထပ်တိုးရန်၊ ဝေးလံဒေသများတွင် ကျောင်းအခြေပြု မူလတန်းကြို အတန်းများ ထည့်သွင်းရန်၊ နယ်စပ်ဒေသများမှ အလယ်တန်းနှင့် အထက်တန်းကျောင်းများ အဆင့်မြှင့်တင်ရန် အပါအဝင် အီလက်ထရွန်နစ် စာကြည့်တိုက်များ တည်ထောင်ရန်နှင့် ကျောင်းအကျိုးတော်ဆောင်များ
“ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ ဘယ်နေရာမှ လက်ညှိုးထိုးမလွဲ လုပ်စရာကိစ္စတွေ အများကြီးပါ။ သို့သော်လည်း Quick Win ဆိုတဲ့အခါ ထူးခြားပြီး မြန်မြန်အကောင်အထည်ဖော်ဖို့
လက်ရှိအချိန်တွင် ထပ်မံထည့်သွင်းမည့် Quick Win စီမံကိန်းများကို ဆက်လက်ဆွေးနွေးသွားရန် လျာထားကြောင်း၊ လာမည့်နှစ်တွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ကောင်စီ ထူထောင်ပြီး ကျောင်းပြင်ပရောက် လူငယ်များအတွက် ရက်တိုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အမျိုးသားပညာရေး စီမံခန့်ခွဲမှုသင်တန်း ဗဟိုဌာန ဖွင့်လှစ်ပြီး ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာ သင်တန်းများ ပေးရန်လည်း စီစဉ်နေကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။
“ဆက်ဆွေးနွေးရဦးမှာတွေပဲ။ အချိန်တိုအတွင်း အကျိုးအမြတ်ရှိမယ့် လုပ်ငန်းကို တင်ပြတာ။ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား ဝိုင်းဆွေးနွေးတာ။ ဒါပေမဲ့ တစ်ထိုင်တည်းတော့ မပြတ်နိုင်သေးဘူး။ မလုပ်သင့်တဲ့ လုပ်ငန်းဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဘယ်ဟာ အရင်လုပ်မလဲ ဆိုတာတော့ စဉ်းစားရမှာပေါ့” ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြသည်။
အဆိုပါစီမံချက်ကို ၂၀၁၅ ခုနှစ်ပိုင်းတွင် စတင်နိုင်ရန် ကုန်ကျစရိတ် ဘဏ္ဍာငွေများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ ဆက်လက်တင်ပြသွားရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
ယင်းကဲ့သို့ အချိန်တိုအတွင်း ပညာရေး ပြုပြင်ပြောင်းလဲမှု ထိရောက်စေရေး စီမံချက် (Quick Win) သည် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ အထောက်အကူ ဖြစ်စေရန် နိုင်ငံတော်သမ္မတ၏ ပညာရေး လမ်းညွှန်ချက် ၁၀ ချက်အတိုင်း၊ ပညာရေး သုတေသန တွေ့ရှိချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။
(နေဇာကျော်)
Credit - The Voice Weekly

No comments:
Post a Comment