ရန်ကုန်− ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပ ဒေကြမ်းကို
အမျိုးသားလွှတ်တော် တွင် အတည်ပြုပြီး ရက်ပိုင်းအ တွင်း လက်ရှိအစိုးရနှင့်
အကျိုးတူ လုပ်ကိုင်နေသော ရေဒီယိုနှင့် ရုပ် သံလွှင့်ကုမ္ပဏီ အားလုံးနှင့်
ပြန် ကြားရေးတို့ အကျိုးအမြတ်ခွဲဝေ ရေးစာချုပ်ကို ပြန်လည်ချုပ်ဆိုခဲ့
ကြောင်း သတင်းရရှိသည်။
အများပြည်သူဝန်ဆောင်မှု ရုပ်သံလွှင့်လုပ်ငန်းသို့ ကူးပြောင်း ရေးအတွက် အသင့်ဖြစ်စေရန်၊ ရုပ်သံလွှင့်ဥပဒေအတည်ပြုပြ ဋ္ဌာန်းချိန်တွင် ဥပဒေပါအချက် အလက်များနှင့် လိုက်လျောညီ ထွေဖြစ်စေရန်၊ အကျိုးအမြတ်ခွဲ ဝေမှုတွင် စာရင်းဇယား၊ အမှန် ၀င်ငွေနှင့် အချိုးကျပေးသွင်းမှု များဆောင်ရွက်ရန် မူလစာချုပ် များကို ပြန်လည်ပြင်ဆင်ချုပ်ဆို ခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးကပြော ကြားသည်။
နိုင်ငံပိုင် MRTV နှင့် အကျိုး တူပူးပေါင်းလုပ်ကိုင်နေသော ရုပ် မြင်သံကြားနှင့် ရေဒီယိုတို့မှာ Forever Group၊ ရွှေသံလွင်မီဒီ ယာ၊ မန္တလေးအက်ဖ်အမ်၊ ရွှေ အက်ဖ်အမ်၊ ပဉ္စ၀တီအက်ဖ်အမ်၊ ချယ်ရီအက်ဖ်အမ်၊ ပတ္တမြား အက်ဖ်အမ်၊ အက်ဖ်အမ်ပုဂံတို့ ဖြစ်ကြသည်။
‘‘ဥပဒေပြဋ္ဌာန်းပြီးတဲ့အခါ အဲဒီဥပဒေအောက်မှာ အားလုံး က အကုန်ပြန်လုပ်ကြရမှာ။ အခု ရုပ်သံနဲ့ ရုပ်မြင်သံကြားလုပ်ခွင့် ကို ကုမ္ပဏီကြီးတချို့ပဲရထား သေးတာ။ တစ်ခုတော့ရှိတယ်။ အရင်စာချုပ်အဟောင်းတွေ အခု ပြန်ချုပ်တဲ့အသစ်တွေကိုတော့ ငါ တို့ကြည့်ဖို့တော့လိုတယ်။ ဘာပဲ ဖြစ်ဖြစ် အခုဒီကုမ္ပဏီတွေကို အသစ်ပြဋ္ဌာန်းမယ့် ဥပဒေနဲ့ ညီအောင် စာချုပ်တွေ ပြန်ချုပ် တယ်ဆိုတော့ သူတို့အဆင်ပြေ သလို ကြည့်လုပ်ပေးထားတဲ့ သူ တွေကို ဘောင်ဝင်အောင်လုပ် ပေးမယ်လို့ပြောလိုက်တဲ့ သဘော ပဲ။ ဒီလိုပြောတာက Fair လည်း မဖြစ်ဘူး’’ဟု မြန်မာနိုင်ငံ သတင်း စာဆရာများအသင်းဒုတိယ ဥက္ကဋ္ဌ ဦးသီဟစောကပြောခဲ့သည်။
ရုပ်သံလွှင့်ဥပဒေအတည်ပြု ပြီးပါက လက်ရှိလုပ်ကိုင်နေသော ရေဒီယိုနှင့် ရုပ်သံလိုင်းအားလုံး မှာ ၂ နှစ်အတွင်း လိုင်စင်ပြန် လည် လျှောက်ထားရမည်ဖြစ် သည်။ ကုမ္ပဏီအသစ်များ လုပ် ကိုင်လိုပါက လိုင်စင်လျှောက် ထားရမည်ဖြစ်ပြီး အစိုးရနှင့် အကျိုးတူလုပ်ကိုင်နေသော ရှိရင်းစွဲကုမ္ပဏီများဆိုပါက ၂ နှစ်အတွင်း ဟုပါရှိရာ ဥပဒေအရလည်း အသာရနေကြောင်း ရုပ်သံဥပဒေ လေ့လာသူများကဆိုသည်။
‘‘ဒီဥပဒေမှာ ရှုပ်ထွေးနေတာ တွေ အများကြီးပဲ။ အများကြီး ပြောကြဆွေးနွေးကြရဦးမှာ ဖြစ်တယ်။ လက်ရှိလည်း လွှတ်တော် ကိုယ်စားလှယ်တွေကို ဒီလိုဥပဒေကြမ်းကိစ္စရှင်းပြဖို့ရှိတယ်’’ ဟု DVBသတင်းဌာနမှ Planning Editorဦးသန်းဝင်းထွဋ်ကပြောသည်။
အဆိုပါစာချုပ်များ ပြန်လည်ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ ပြန်လည်ချုပ်ဆိုခဲ့သည့် ရုပ်သံမီဒီယာများအနက် အနည်းဆုံး Forever Group၊ အက်ဖ်အမ်ပုဂံစသည့် မီဒီယာနှစ်ခုတို့နှင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။
ထို့အပြင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဦးဆောင်၍ ပြန် ကြားရေးမှ ရေးဆွဲထားသည့် အများပြည်သူဝန်ဆောင်မှုမီဒီ ယာဥပဒေ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပ ဒေတို့နှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
FM၊ ရုပ်သံလိုင်းများနှင့် အကျိုးအမြတ်ခွဲဝေရေးစာချုပ် များ ပြန်လည်ချုပ်ဆိုခြင်းနှင့်ပတ် သက်၍ စာချုပ်ပါ အသေးစိတ်အ ချက်အလက်များကို ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးဦးဆောင်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရှင်း လင်းမည်ဖြစ်ပြီး လတ်တလော တွင် စာချုပ်များကိစ္စ မပြောကြား နိုင်သေးကြောင်း ဦးရဲထွဋ်ကပြော သည်။
Credit - 7DAY DAILY

No comments:
Post a Comment