ရန်ကုန်−မြန်မာနိုင်ငံက နိုင်ငံခြား ဘဏ်များအား လိုင်စင်ချပေးလိုက်
ခြင်းဖြင့် ၂၀၃၀ပြည့်နှစ်အထိ စွမ်း အင်၊ သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာ
စီမံကိန်းများအတွက် လိုအပ်မည့် ကန်ဒေါ်လာ ၈၀ ဘီ လီယံ ကူညီရှာဖွေရေး
အစိုးရငွေ တိုက်စာချုပ်များ ထုတ်ရောင်းနိုင် ရန် ပိုမိုနီးစပ်လာသည်ဟု အာရှ
ဖွံ့ဖြိုးရေးဘဏ် (ADB) က ပြော ကြားသည်။
၂၀၃၀ ပြည့်နှစ်တွင် ၉ ဒသ မ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိ သွားမည့် နှစ်စဉ်စီးပွားရေးတိုး တက်မှုအတွက် မြန်မာနိုင်ငံမှာ ထိုမျှ ငွေကြေးပမာဏ လိုအပ် လိမ့်မည်ဟု ADB လက်ထောက် စီးပွားရေး ပညာရှင်ချုပ် ပတ်ဆင် ယန်းက ပြောသည်။
အစိုးရဘွန်းများ စတင် ရောင်းချမှုမှာ လာမည့်ငါးနှစ်အ တွင်း ဖြစ်လာနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။
လာမည့် ငါးနှစ်အတွက် မြန် မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုမှာ ၈ ဒသမ ၂၅ ရာခိုင်နှုန်း ရှိမည်ဟု နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ထားသည်။
မြန်မာနိုင်ငံသည် ယခုလ အတွင်း နိုင်ငံခြားဘဏ် ကိုးခုအား လိုင်စင်များ ချပေးခဲ့သည်။ ယင်းတို့တွင် Oversea-Chinese Banking Corp၊ Australia & New Zealand Banking Group Ltd. နှင့် Malayan Banking Ltd. တို့လည်း ပါဝင်သည်။ ယင်းအ တွက် အဆင့်သတ်မှတ်ချက်မရှိ သေးသော ငွေကြေးယုံကြည်စိတ် ချရမှုကို အထောက်အပံ့ဖြစ်စေ သည်ဟု Muody's ရင်းနှီးမြှုပ်နှံသူ များအဖွဲ့က ပြောကြားသည်။
မြန်မာနိုင်ငံသည် လာအိုနိုင်ငံ၏ နမူနာအတိုင်း လုပ်ဆောင်နိုင် သည်။ လာအိုနိုင်ငံက ငွေကြေး စိတ်ချရမှု အဆင့်သတ်မှတ်ချက် များ မလိုသော ထိုင်းနိုင်ငံတွင် ယမန်နှစ်များအတွင်း အစိုးရငွေ တိုက်စာချုပ်ဘွန်းများ ထုတ်ရောင်းခဲ့သည်။
‘‘မြန်မာနိုင်ငံက ငွေကြေး ဈေးကွက်တွေအတွက် ဥပဒေမူ ဘောင်တွေ ထူထောင်ဖို့ ကြိုးစား နေပါတယ်။ ဒါပေမဲ့ ပထမဆုံး လုပ်ဖို့ အရေးကြီးတာက ဘဏ် လုပ်ငန်းကို ခိုင်မာအောင် လုပ်ဖို့ ပါ’’ ဟု ပတ်ဆင်ယန်းက ပြော သည်။
—Ref: Bloomberg
Credit - 7DAY DAILY

No comments:
Post a Comment