--------
“သိုက်တူးကပြန် ပွဲရန်နှင့်ကျွေးပါမိရယ်။ အိုလေး ချဉ်ပေါင်ဟင်းရယ်နှင့် အပင်းလေး အပင်းလေးသျှိုလှည့်ကွယ်”
ဂျာနယ်လစ် ခြောက်ယောက်ကို တစ် ယောက်ဆယ်သိန်းစီ မုန့်ဖိုးပေးလိုက်လို့ တချို့ ကို အလုပ်ထုတ်ပစ်လိုက်တယ် ဆိုတဲ့အခါ စိတ်ထဲမှာ ဝမ်းနည်းမိပါတယ်။ ကာယကံရှင်ကတော့ ဟိုဘက်မှာ အလုပ်ရသွားပြီတဲ့။ သည်ဘက်မှာလို ခရီးစားရိတ်ကလေးတောင် နပ်မှန်အောင်မပေးတဲ့ အလုပ်နဲ့စာရင် လူလိုသူလို လစာ၊ ခံစားခွင့်ကလေး သေချာ ရေရာတဲ့ ဆီကိုသွားတာ ဘာနစ်နာစရာရှိ မလဲ။ လူဆိုတာ
သည်လိုပဲ တစ်ဆင့်ထက် တစ်ဆင့် မြင့်ရာလှမ်းကြရတာပဲ မဟုတ်လား။ သူကတော့ ဘယ်နစ်နာမလဲ။ နစ်နာတာက သတင်းသမားတစ်ယောက် ဆုံးရှုံးသွားရတဲ့ အတွက် သတင်းနဲ့စာနယ်ဇင်းလောက က နစ်နာတာပေါ့။ သူ့အနေနဲ့ ဟိုနေရာမှာ သ တင်းတွေ ဆက်ရေးနေရင်တောင် သူရေးတဲ့ သတင်းတွေဟာ အဲသည် ဆယ်သိန်း အရိပ် ကြီး ထိုးထိုးလာတိုင်း ယုံကြည်စိတ်ချနိုင်မှု အရည်အသွေးတွေ လျော့လျော့သွားမှာ အ မှန်ပဲ။ သတင်းလောကကို စိတ်ကုန်သွားလို့ ဘာသတင်းမှ မရေးတော့ဘူးဆိုရင်လည်း စာနယ်ဇင်းသမား တစ်ယောက်ကို “ရော့ ... ဆယ်သိန်းယူ။ တော်ပလား။ နောက် ဘာမှ မရေးနဲ့တော့နော်”လို့ ကလောင်ကို ရိုက်ချိုးသလိုဖြစ်မနေဘူးလာ
အမှန်မှာတော့ ဟိုကလည်း သူ့လော်ဘီ လုပ်ပေးဖို့ ပေးတာကျွေးတာ ဟုတ်ချင်မှ ဟုတ် မှာ။ အဆင်ပြေပါစေဆိုတဲ့ စေတနာအရင်းခံ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူ့အတွက် သည် လောက် ပမာဏဆိုတာ ကွမ်းစားဆေးသောက် ကျပျောက်သလောက်တောင် မရှိဘူး။ သည် ဘက်မှာတော့ ဘာပဲပြောပြော အခိုက်အတံ့မျှ ခုသာခံသာကလေး ဖြစ်နိုင်တယ်။ ခေတ်ကျပ် ကြီးထဲမှာ အခါခပ်သိမ်း ငတ်တလှည့် ပြတ် တလှည့်ချည့် ဘယ်သူမှ မနေချင်ဘူး။ သည် ပိုက်ဆံလောက်က ခြစ်ခြစ်ခြုတ်ခြုတ် သုံးရင် တောင် နှစ်လမသုံးလောက်ဘူး။
ဒါပေမယ့်လည်း နည်းများမဟူ သူ့ခံတွင်း ထဲ သွင်းမိတဲ့ဝမ်းစာဟာ တစ်ဖက်လူရဲ့ဩဇာ ကို မလွန်ဆန်နိုင်စေကြောင်း အထောက်အပံ့ ကောင်းတစ်ခုခု ဖြစ်သွားတော့ မခက်ပါလား။ အဲသလိုအစာမျိုးကို ကိုယ်တို့မြန်မာတွေ ခေါ် ကြတာရှိပါတယ်။ နားဝင်တော့ မချိုဘူးဗျ။ ]အပင်း} တဲ့။ အခုပြောတဲ့အပင်းဆိုတာ အပေါ် က မွန်သီချင်းထဲမှာပါတဲ့ အပင်းသျှိုတာနဲ့ မတူဘူး။ တစ်စုံတစ်ယောက်က ကိုယ့်လာ ကျွေးတဲ့အစာထဲမှာ သူ့ကို မငြင်းဆန်နိုင်စေ ကြောင်း၊ ကိုယ့်အတွက် ဘေးဥပါဒ်ဖြစ်စေ ကြောင်း မစင်ကြယ်တဲ့အရာ တစ်ခုခုပါနေ တယ် လို့ပြောတာ။
“သထာလို့ ကျွေးမှဖြင့် သေဆေးလည်း စားထိုက်တယ်”လို့ အားနာသမှု အရင်းခံ တတ်တဲ့ ကိုယ်တို့ မြန်မာလူမျိုးတွေဟာ လူ တစ်ဖက်သားက တိုက်တိုက်တွန်းတွန်း ပေး ကမ်းလာတဲ့အခါ ငြင်းရခက်ပါတယ်။ သူ့အ တွက် ဘာမှ မဖြစ်လောက်တာ ကိုယ်ကသိ နေသလို ကိုယ့်အတွက် အထိုက်အလျောက် တော့ တာသွားတာလည်း သူကသိနေတယ်။ ခင်မင်သမှုနဲ့ စောင်မကြည့်ရှုခြင်း အနောက် မှာ ဘာအနှောင်အဖွဲ့မှ မပါပါဘူးလို့ မျှော် လင့်ရင်း အဲသည်ကြက်သွန်တစ်တက်ကို စား လိုက်မိတယ် ဆိုပါတော့။ တစ်တက်စားမိမှ တော့ နောက်အတက်တွေလည်း သိပ်မထူး တော့ပါဘူး။ သူ့ဆန်စားတော့ ရဲရတယ်ဆိုရင် သူ့ကြက်သွန်စားတော့ရော မရဲရဘူးလား။ ရဲရဲ၊မရဲရဲ ကိုယ့်ပါးစပ်က ကြက်သွန်နံ့ရတဲ့သူ တွေက ဒင်း ဟိုကောင့်ကြက်သွန်စားထားလို
သူတို့အဖြစ်ကို သုံးသပ်တဲ့အခါမှာ ကိုယ် ကိုယ်တိုင်ရော သူတို့နေရာမှာ ရောက်နေရင် ]နိုး သိုင်းကျူး} ပြောပြီး ပြန်ပေးနိုင်ပါ့မလား။အားနာဖ
အမ်းကိုရောက်ကာစမှာ မီးကမလာ၊ အင် တာနက်က မရတာမို့ စာရေးချင်စိတ်ပေါက် လာရင် ကုန်စုံဆိုင်မှာ ပလာစာအုပ်သွားဝယ် ပြီးတော့ အဲသည်အထဲမှာ ရေးထားပါတယ်။ သုံးလေးလနေလို့ ရန်ကုန်ကို ပြန်ဖြစ်တဲ့အခါ ကျမှ ရန်ကုန်က သူငယ်ချင်း တစ်ယောက်ဆီ မှာ စာအုပ်ကလေးအပ်၊ သူအားတဲ့အချိန် စာရိုက်ပြီး တင်ထားဖို့ပေးခဲ့ပြီး အမ်းကို ပြန် တာပါ။ ဘာကွန်မန့်မှလည်း မဖတ်နိုင်၊ ကိုယ့် လက်ရေး မှားဖတ်မိလို့လည်း မပြင်နိုင်၊ ဘယ် သူ့ကိုမှလည်း စာအဆက်အသွယ် မလုပ် နိုင်ပါဘူး။ သိကြားမင်းကြီး ကျောက်ဖျာ မ တင်းပေမယ့်လည်း အမေကြီးကားက စာ ဖတ်သူတစ်ယောက်က မြန်မာပြည်ကို ပြန် လည်တဲ့အခါမှာ ချစ်ခြင်းအားဖြင့် ကွန်ပြူတာ နုတ်ဘုတ်ကလေးတစ်လုံး လက်ဆောင်ပေး သွားတော့ ထီပေါက်တာထက်တောင် ဝမ်း သာပါသေးတယ်။ ညီတော်မောင်ရဲ့ ဆေးရုံ ကို လာပို့သွားတယ်ဆိုတာပဲသိရပြီ
အဟက်။ မင်းပဲ အပြောကောင်းတယ်။ ကိုယ်ယူတော့ကျ စေတနာတွေ မေတ္တာတွေ ဘာညာသာရကာတွေ၊ သူများယူတာကျမှ အပင်းတဲ့။ တတ်လည်းတတ်နိုင်ပေ့။ ဒါဖြင့် လည်း သူတို့ကို ဆယ်သိန်းပေးတဲ့ အန်ကယ် ကြီးရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်က လေးတွေ ပြန်ပြောင်း အောက်မေ့ကြည့်မယ် လေ။ သူက စာပေဝါသနာရှင်ကြီးမို့ သတင်း ထောက် ပုဂ္ဂိုလ်ကြီးများကို လေးစားလေ့ရှိသူ တစ်ယောက် ဖြစ်ချင်ဖြစ်မှာပေါ့နော်။ သူ့ကို လော်ဘီလုပ်ခိုင်းဖို့များ ဘယ်သတင်းထောက် မှ ဖွတ်ကလိ ဒင်္ဂါးတစ်ပြားတစ်ချပ် ပေးစရာ မလိုပေါင်။ ဝါသနာမပါလို့။ ပါများပါရင် အဲ့ဒီ ဂျာနယ်တိုက်တွေ တစ်တိုက်မှ မကျန်အောင် အကုန်ဝယ်ပလိုက်လို့ ရတယ်။ သူ့လိုသူဌေး မျိုးဆိုတာ အနားပြာတဲ့သူရော အဝေးကြီး လှမ်းပြာမယ့်သူရော ရိုက်သတ်လို့ မကုန် အောင်ပေါတယ်။ မျက်မမြင်ပုဏ္ဏား ခြောက် ယောက် တစ်ယောက်ဆယ်သိန်းပေးပြီး ဆင် ဆိုသည်မှာ လုပ်ခိုင်းစရာ လိုလို့လား။ ဒါ ကြောင့် သူ့ဘက်က စေတနာအလျောက် စွန့်ကျဲတာသာ ဖြစ်လိမ့်မယ်။ တေဇောသာရ ပျို့ ရေးပေးဖို့ စာမူခကြိုထုတ်ပေးတာ မဖြစ် နိုင်ဘူး။ ဒါပေမယ့် ခက်တာက အဲ့ဒါကို ဘယ် သူမှ မယုံဘူး။ သူ့ပိုင်ဆိုင်မှုတွေဟာ ခန့်မှန်း လို့မရအောင် ပမာဏ များပြားသော်ငြားလည်း သူ့လက်ထဲက အသပြာတွေမှာ အရိပ်မည်း ကြီးပါတယ်။ အဲသည်အရိပ်မည်းကြီးဟာ သူ့ လက်ကထွက်လို့ ဂျာနယ်လစ်တွေ လက်ထဲ ရောက်လာတဲ့ အထိတောင် ပျောက်မသွား ဘူး။ အဲဒါကြောင့် ခမျာများ အပင်းနင်သလို နင်နေကြရတယ်။
ဒါဆိုလည်း ကိုယ့်ပေးတဲ့အခါ မယူဘဲနေ ရုံရှိတာပ။ ပိုက်ဆံပါဆိုမှ လိုချင်တာ ဝယ်လို့ရ ပြီးရောပေါ့။ အရိပ်မည်းသလေး ဖြူသလေး ဇီဇာကြောင်စရာ ရှိလို့လား။ တန်ရာတန်ကြေး ဟာ တန်ရာတန်ကြေးပဲ။ နိုင်ငံထိပ်သီးခေါင်း ဆောင်ကြီးများ ကိုယ်တိုင်တောင် သူ့ပိုက်ဆံနဲ့ ကင်းတာ ခပ်ရှားရှားရယ်။ အပိုတွေလာ အို ဗာတင်းသောက်နေရင် ငတ်ရုံပဲရှိမယ်။ လော ကကြီးမှာ ဘိန်းဘုရင် အထင်ကရလည်းပဲ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလိုက်ရင် ဦးတပ် ခေါ်ရတဲ့ ဘုရားတကာ ချက်ချင်းဖြစ်တယ်။ ရွှံ့နဲ့လုပ်တဲ့ ကြောင်ရုပ်ဖြစ်ပစေ ကြွက်သေဖို့ သာ အဓိကဆိုတဲ့ ခေတ်ကြီးမှာ ဘယ်သူ့ဆီ က ပိုက်ဆံယူရင် ဘာဖြစ်သလေး ညာဖြစ်သ လေး ချေးထူနေတဲ့သူဟာ ရူးလို့ပဲဖြစ်ရမယ်။ အခုရေးထားတဲ့ စာပိုဒ်တစ်ပိုဒ်လုံးဟာ ဘယ် နေရာမှာမှ ငြင်းမရအောင် လူတိုင်း လက်ခံ နေတဲ့ အမှန်တရားပဲ။ သိန်းသန်းကုဋေ မရေ နိုင်အောင် လက်ဝါးချင်းရိုက် အိပ်ထဲထည့် နေတဲ့ သူတွေကို မော်တောင် မကြည့်ရဲဘဲနဲ့ ငွေလေးမဖြစ်စလောက် လက်ခံထားမိတဲ့ မရှိ ဆင်းရဲသားတွေကို မြေနိမ့်ရာ လှံစိုက်တာတော့ ဘယ်ကောင်းမလဲ။ ကိုယ့်မရှိတော့ ဘယ်သူ ကလာ တစ်လုပ်တစ်ဇွန်း ခွံ့ဖူးတာကြလို့။ ရော် ခက်ရချည့်။ သူ့ဘက်က တွေးပေးလိုက် မိတာ ကိုယ်တောင် ခြေသလုံး ပြေးဖက်ပြီး ]ရှိသေးရင် နည်းနည်းပေးပါ} တောင်းမိတော့ မယ်။ ယူတော်မူပါ။ ယူတော်မူပါ။ တစ်ခုတော့ ရှိတယ်။ ယူလိုက်တာနဲ့ သူပေးတဲ့ ငွေကြေး ပမာဏဟာ ကိုယ့်ရဲ့တန်ကြေးလို့သာ မှတ် လိုက်ပါ။ ကိုယ်က တစ်ရာတန်တယ်လို့ သူ့ စိတ်ထဲမှာထင်ရင် တစ်ရာပေးလိမ့်မယ်။ တစ် သိန်းတန်တယ်ထင်ရင် တစ်သိန်းပေးလိမ့် မယ်။ သိန်းတစ်ရာ တန်တယ်ထင်ရင် သိန်း တစ်ရာ ပေးမှာပေါ့။ သူ့စိတ်ကြိုက် တန်ဖိုးဖြတ် လို့ရတဲ့ လူသားတွေထဲမှာ သင်လည်း အဝင် အပါ ဖြစ်သွားပြီ မဟုတ်ဘူးလား။
ဒါပေမဲ့ သူ့ဆီက ငွေနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ လူသားတွေလည်း လောကကြီးမှာ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။ ခေါင်မိုးက စလိုက်လို့ တံစက်မြိတ် ကြမ်းပြင်ထိအောင် ဘယ်နေရာမှာမှ ငွေနဲ့ထိုးလို့ မပေါက်တာမရှိ တဲ့ ကိုယ်တို့ ရွှေပြည်ကြီးမှာ ဘယ်သူ့ဆီကမှ တိုက်စားထိုးနှဲ့ ယိမ်းနွဲ့ခြင်းကင်းစွာ မတုန် မလှုပ် နေထိုင်သူ အမျိုးသမီးကြီးတစ်ယောက် ကိုယ်တို့တိုင်းပြည်မှာ ရှိနေပါသေးတယ်။ အ ရွှေ့မရှိဘူး။ လှုပ်တောင်မလှုပ်ဘူးလို့ လှောင် တဲ့သူတွေက လှောင်တယ်။ နိုဘယ်ဆုရတုန်း က ဒေါ်လာတွေ ဘယ်နေရာမှာ သုံးလိုက် တယ် မသိဘူးနော်လို့ ရိတဲ့သူကရိတယ်။ တ ကယ်တော့ အဲသည်ပိုက်ဆံတွေနဲ့ သူ့သား အရင်းတွေ ကျောင်းစားရိတ်တောင် မသုံးခဲ့ လို့ ဟိုခမျာတွေမယ် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကျောင်းတက်ကြရတာပါ။ နိုင်ငံကျော် မုဆိုးမ ကြီးတစ်ယောက်က အေဒီ၊ အင်းယား၊ မနော် ဟရီ ထိပ်ခေါင်တင် အိမ်ခြံမြေတွေမှာ သာသာ ယာယာလေး တက်နေပြီး တစ်ကိုယ်လုံးစိန် တွေ ညွှတ်နေအောင် သီးတဲ့အချိန်မှာ ကိုယ် တို့မုဆိုးမ သမီးကြီးကတော့ အမေထားခဲ့တဲ့ အိမ်အိုကြီးကို အစ်ကိုနဲ့အမှုဆိုင်နေရလို့ သွပ်မိုး တောင် ပြင်မမိုးနိုင်ပဲ ပေကပ်နေခဲ့ရတဲ့ဘ၀ပါ။ သူ့ဆီကို သူဌေးကြီးသူဌေးငယ်တွေ သဒ္ဓါ ကြေး စေတနာကြေး တပ်ချင်တဲ့ခေါင်းစဉ် တပ်၊ ဘယ်သူကမှ ကြေးဖြတ်လို့မရခဲ့တာ အစဉ်တစိုက် မျက်စိဒေါက်ထောက် စောင့် ရှောက်တော်မူသော ထောက်လှမ်းရေးမင်း များ အသိဖြစ်ပါတယ်။ အသက် ၇၀ နားနီး တဲ့ သည်အမေအိုကြီးဟာ သူသေရင် သူ့သား သူ့မြေးတွေ စည်းစိမ်မကွာ စားသုံးဖြုန်းတီး နိုင်ဖို့၊ သူ့သားတွေမှန်သမျှ လုပ်ငန်းကိုင်ငန်း အကြီးဆုံးကြီးတွေနဲ့ တိုင်ကွန်းကြီးတွေ ခရိုနီ ကြီးတွေဖြစ်ဖို့ ကြိုးစားနေတယ်လို့ ကိုယ့်စိတ် နဲ့နှိုင်းပြီး ထင်ကြည့်ချင်လို့တောင် ထင်စရာမ ရှိပါဘူး။ တိုင်းပြည်အတွက် နွယ်တစ်ငင် မြက်တစ်ပင်တောင် မစိုက်ဖူးတဲ့ လေဒီကြီးက မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ စံပြ ခေါင်းဆောင်ဆိုတာ သည်လိုမျိုးနေရတယ် လို့ ပုံရိပ်သစ်ပင်တစ်ခု စိုက်ပျိုးထိန်းသိမ်းသွားတာ
Credit - The Ladies News Journal
No comments:
Post a Comment