မန္တလေးမြို့သို့ ဦးတည် သယ်ဆောင်လာသည့် ဖောက်ခွဲ ရေးပစ္စည်းများ
ဖမ်းဆီးရမိခဲ့ သဖြင့် အမှုနှင့်ဆက်စပ်သူ လေး ဦးကို နောင်ချိုရဲစခန်းတွင်
စစ် ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၇ ရက် ညနေက ရှမ်းပြည်နယ် နောင်ချို စစ်ဆေးရေးဂိတ်တွင်
နမ့်ခမ်း-မန္တလေး ခရီးသည်တင်ဗင်အဖြူ ရောင်ယာဉ်ပေါ်မှ ဒီဗီဒီစက်ဟောင်းအတွင်း
ထည့်သွင်းသယ်ဆောင်လာသည့် ငါးမူးလုံး၊ အရှည် ၁ ဒသမ ၅ လက်မရှိ ဝိုင်ယာစနစ်ပါ
ဒီတိုနေတာ ၂၉ လုံး၊ DIGITAL TIMER သုံးခု၊ နိုင်းဗို့
ဓာတ်ခဲခြောက်ကိုးလုံး၊ ယမ်းကြိုးသုံး ကိုက်တို့ကို ရဲတပ်ဖွဲ့က
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခဲ့သဖြင့် ယာဉ်မောင်းသူ အပါအဝင်
လူနှစ်ဦးကို နောင်ချို ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ ကြောင်း
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အောက်တိုဘာ ၈ ရက်တွင် အမှုနှင့် ကွင်းဆက်များဖြစ်သည့်
ချမ်းအေးသာစံမြို့နယ်၌ နေ ထိုင်သူ အမျိုးသားနှစ်ဦးကို
ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
‘‘အခု စစ်ဆေးနေဆဲပါ။ အားလုံးလေးဦးပေါ့။ နောင်ချို ရဲစခန်းမှာ
ခေါ်ယူစစ်ဆေးနေပါ တယ်။ ပစ္စည်းတွေကတော့ လားရှိုးဘက်ကနေ သယ်လာတာ ပါ။
ဒီဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘယ်ကသယ်လာ တာလဲ။ ဘာလုပ်ဖို့သယ်လာတာ
လဲဆိုတာ စစ်နေပါတယ်။ တခြား ကွင်းဆက်တွေကိုလည်း ရှာဖွေ စစ်ဆေးနေပါတယ်’’ဟု
ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး ကျော်နိုင်က ပြောသည်။
ဖမ်းဆီးစစ်ဆေးနေသူများ မှာ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး အသေးစိတ်ကို
ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ် ဦးက ပြောသည်။
မူဆယ်-မန္တလေးကားလမ်း ပေါ်ရှိ နောင်ချိုစစ်ဆေးရေးဂိတ် တွင် ယခင်ကလည်း
ဖောက်ခွဲ ရေးပစ္စည်းအချို့ ဖမ်းဆီးရမိမှုရှိခဲ့သော်လည်း ယခုအကြိမ်ဖမ်း
ဆီးရမိမှုသည် ပမာဏများပြား ကြောင်း၊ ထို့အတွက် အမျိုးသား သုံးဦးနှင့်
အမျိုးသမီးတစ်ဦးတို့ကို နောင်ချိုရဲစခန်း၌ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ
(၈)ဖြင့် စစ်ဆေး နေခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ် ဦးက ပြောသည်။
မန္တလေးမြို့အနီးရှိ ကျောက် ထုတ်လုပ်ရေးစခန်းများအတွက် ယခင်ကတည်းက
ဖောက်ခွဲရေး ပစ္စည်းများ တရားမဝင်သယ် ဆောင်မှုများရှိသည်ဟု မန္တလေး
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားထား ဖူးသည်။
ယင်းဖောက်ခွဲရေးပစ္စည်း များ သိမ်းဆည်းရမိပြီးနောက်မန္တလေး (၁၆)မိုင်
ဂိတ်စစ်ဆေးရေးစခန်းနှင့် မန္တလေးမြို့တွင် လုံခြုံရေးပိုမို
တင်းကျပ်ထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ညက တောင်ကြီးမြို့ နေရာသုံးခုတွင်
ဗုံးသုံးလုံးဆက် တိုက်ပေါက်ကွဲခဲ့ပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး
ဒဏ်ရာရရှိခဲ့ သည်
Credit - 7DAY DAILY
No comments:
Post a Comment