ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အခြားမြို့နယ်တွေမှာ သီးသန့်ဧရိယာတွေသတ်မှတ်ပြီး
ထပ်မံစိစစ်တော့မှာမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာနက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့
ဆောင်ရွက်နေတဲ့ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ
တစ်ပါတည်းထည့်သွင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆိုလိုက်ပါတယ်။
စစ်တွေမြို့ ပြည်နယ်အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ
ECC ရုံးခန်းမှာ မနေ့ကပြုလုပ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့
ပတ်သက်ပြီး ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့
ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခုလို
ပြောဆိုခဲ့တာဖြစ်ပါတယ်။
"လာမယ့်အနာဂါတ်မှာ စိစစ်တဲ့အခါ
ကျနော်သိရသလောက်က Pilot Project တွေ ကျနော်တို့ မလုပ်တော့ဘူး၊
တစ်နိုင်ငံလုံးမှာရှိတဲ့ တရုတ်တွေ ကုလားတွေ အကုန်လုံးပေါ့၊
နိုင်ငံခြားသားတွေကို တစ်ဖက်နိုင်ငံကနေ ကျနော်တို့နိုင်ငံမှာ
ရောက်နေတဲ့လူတွေကို လဝက က တစ်နှစ်ကို ပုံမှန်နှစ်ကြိမ် စိစစ်ရေးလုပ်ပါတယ်၊
တစ်နိုင်ငံလုံးကို နိုင်ငံသားစိစစ်ရေးလုပ်ငန်း
မှာပဲ ပါဝင်ဆက်စပ်ဆောင်ရွက်သွားဖိ
ု့ဆိုတဲ့ အနေအထားလေးတွေနဲ့ ဖြစ်လာပါမယ်"
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစတင်ကာ
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မွတ်စလင်တွေကို
နိုင်ငံသားစိစစ်မှုတွေဆောင်ရ
ွက်ခဲ့ပြီး
မွတ်စလင် ၂၀၉ ဦးကို နိုင်ငံသားနဲ့ ပြု နိုင်ငံသား လက်မှတ်တွေ
အသီးသီးထုတ်ပေးခဲ့ရာမှာ အဲဒီအထဲမှာ အထောက်အထား မပြည့်စုံတဲ့သူတွေ
ပါဝင်နေတယ်ဆိုပြီး မြေပုံမြို့ခံတွေအကြား ကန့်ကွက်မှုတွေ
ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ
လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေအပေါ်မူတည်ပြီး ဒေသခံပြည်သူလူထုရဲ့
သဘောထားတွေအပြင် နိုင်ငံတကာရဲ့အမြင်မှာ ဘောင်ဝင်အောင် နောက်ပိုင်းကာလတွေမှာ
နိုင်ငံသားစိစစ်ရေးလုပ်ငန်း
တွေကို အချိန်ယူပြီး တိတိကျကျဆောင်ရွက်သွားတော့မ
ှာဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုချက်အရ မြေပုံမြို့နယ်အတွင်းက ကမန်လူမျိုးအမည်နဲ့
နိုင်ငံသားစိစစ်ရေး ကဒ်ပြားတွေ ရရှိထားသူ ၉ ဦးကိုလည်း
ကမန်လူမျိုးအစစ်အမှန် ဟုတ်မဟုတ် စီစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လ
ည်း ဝန်ကြီးချုပ်က ပြောဆိုပါတယ်။
Credit - RFA Burmese
No comments:
Post a Comment