Tuesday, October 14, 2014

ပုံပြောသူများအဖွဲ့ သက်ဝင်းအောင်ဆု ရရှိ

ထောင်ဒဏ် အနှစ် ၆ဝ ဝန်းကျင်ကို ရင်ဆိုင်နေတုန်း  ကွယ်လွန်သွားသူ ကိုသက်ဝင်းအောင် အမှတ်တရ အစီအစဉ်ကို ရန်ကုန်မြို့မှာ လာမယ့် ကြာသပတေးနေ့ ပြုလုပ်ပါမယ်။  

 


အသက် ၃၅ နှစ် အရွယ် မန္တလေးထောင်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

သူ ကျဆုံးခြင်း  ၈ နှစ်ပြည့် အမှတ်တရ အစီအစဉ်မှာ  "မြန်မာပုံပြောသူများအဖွဲ့" ကို သက်ဝင်းအောင်အထိမ်းအမှတ်ဆု ပေးအပ်မယ်လို့ သိရပါတယ်။

၁။ လူငယ်အများစု ပါဝင်ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ခြင်း

၂။ မြန်မာနိုင်ငံအတွက် ဘာသာရေးလူမျိုးရေးပေါ်အခြေမခံဘဲမြန်မာနိုင်ငံသားအားလုံးအတွက် ကျန်းမာရေး ပညာရေး လူမှုရေး နိုင်ငံရေးအတွက် လုပ်ဆောင်နေသောအဖွဲ့ဖြစ်ခြင်း

၃။ လူတစ်ဦးတစ်ယောက် အဖွဲ့တစ်ဖွဲ့၏ထောက်ပံမှု စေခိုင်းမှုအရမဟုတ်ဘဲ မိမိတို့သဘောဆန္ဒအရလုပ်ကိုင်သူများဖြစ်ခြင်း

စတဲ့ အချက်တွေကြောင့် ဒီလို ဆုပေးဖို့ ရွေးချယ်ထားခြင်းဖြစ်ပါတယ် တဲ့။
 

မြန်မာပုံပြောသူများအဖွဲ့အကြောင်း

ရိုးရာပုံပြင်များအား ထိန်းသိမ်းလိုသော ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းရှိ လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ရိုးရာပုံပြင်ချစ်သူများ ဖွဲ့စည်းထားသော ပရဟိတ အဖွဲ့ဖြစ်ပါသည်။

  • - ပုံပြောခြင်းအနုပညာကို အခြေခံကာ လူငယ်ကွန်ရက်များ ပေါ်ပေါက်လာစေရန်
  • - ပျောက်ကွယ်တော့မည့် ရိုးရာပုံပြင်များကို ထိန်းသိမ်း စောင့်ရှောက်ရန်
  • - ပုံပြောခြင်းဖြင့် ကလေးများ၏ စာရိတ္တကို ပိုမိုမြှင့်တင်ပေးနိုင်ရန်

စသောရည်ရွယ်ချက်များဖြင့် ယခုအချိန်ထိ အဖွဲ့ဝင်အသစ်များ ပိုမို ပါဝင်ကာ ကလေးများရှိသော နေရာအနှံ့ သွားရောက်လှုပ်ရှား ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။  


Credit - ဧရာဝတီ ဘလော့ဂ်

No comments:

Post a Comment