- ရဲလင်းထက် တွေ့မေးသည်။
- Flower News Journal၊ အတွဲ (၁၀)၊ အမှတ် (၄၀)။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချု
ဗကသအဖွဲ့ဝင်ဖြစ်တဲ့ မဖြူနှင်းထွေး ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဗကသရဲ့ သဘောထားကို ဦးစွာသိလိုပါတယ်။
ဗကသအနေနဲ့ မဖြူနှင်းထွေး ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ သ ဘောထားကြေညာချက် ကို စဖမ်းပြီး သိပ်မကြာခင်ကတည်းက ကြေညာ ထားခဲ့တယ်။ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အဲဒီကြေညာချက်ထဲမှာ နည်း လမ်းမျိုးစုံနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ် ဆိုတဲ့အချက်က အခရာကျဆုံးအချက်အနေနဲ့ ပါဝင်ပါတယ်။ ကျန်တာ တော့ မဖြူနှင်းထွေးအပေါ် စွဲဆိုတဲ့တရားစွဲဆိုမှုက တရားသဖြင့် ဥပဒေနည်း လမ်းနဲ့ မညီညွတ်ဘူးဆိုတာတွေပါတယ်။ ဒါဟာ ဗကသများအဖွဲ့ချုပ်အ ပေါ်မှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ဖို့ ကြိုးစားပြင်ဆင်နေတယ် ဆိုတဲ့ သဘောထားလို့လည်း ကျွန်တော်တို့သုံးသပ်မိတယ်။
မဖြူနှင်းထွေးလို ဖမ်းဆီးခံအဖွဲ့ဝင်တွေရဲ့ လွတ်မြောက်ရေးအတွက် ဗကသ က ဆောင်ရွက်နေတဲ့လှုပ်ရှားမှုတေ
အဓိက,ကတော့ ကြိုးစားအားထုတ်မှုနဲ့ တရားရုံးထွက်တဲ့ နေ့ တိုင်းမှာ သွားပြီးတော့ တရားရုံးရှေ့မှာ ကြွေးကြော်သံတိုင်တယ်။ သူ့ကို အားပေးတယ်။ နောက်ပြီးတော့ ပိုစတာ Campaign လုပ်တယ်။ မဖြူနှင်း ထွေး ချက်ချင်းလွှတ်ဆိုတဲ့ စာသားတွေ၊ မတရားစွဲဆိုထားတဲ့ ပုဒ်မများ ရုပ် သိမ်းရေး၊ တရားစွဲဆိုခံ ကျောင်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေး ရေးတို့ တရားစွဲဆိုခံကျောင်းသားဆိုတ
ကျွန်တော်တို့လုပ်နေတာက နောက်ထပ် ထပ်ပြီးတော့လည်း ပြည်သူတွေ ပါဝင်လာနိုင်တဲ့ လှုပ်ရှားမှုမျိုး လက်မှတ်ရေးထိုးတဲ့ Campaign တွေ၊ တခြားဆုတောင်းပွဲလုပ်တာမျို
မဖြူနှင်းထွေးက ဗကသမှာ ဘယ်လိုတာဝန် ထမ်းဆောင်တယ်ဆိုတာနဲ့ သူ့ရဲ့လွတ်မြောက်မှုအတွက် သူမရဲ့သဘောထားကရော ဘယ်လိုရှိတယ်ဆို တာသိလိုပါတယ်။
သူက ခရိုင်ကျောင်းသားသမဂ္ဂ ကျောင်းသား ရဲဘော်တစ်ယောက် ပါ။ တာဝန်ကြီးကြီးမားမားတော့ မယူထားပါဘူး။ အရင်ကတော့ သတင်း နဲ့ပြန်ကြားရေးကော်မတီမှာ တာဝန်ယူဖူးပါတယ်။ သူ့လွတ်မြောက်ခွင့်နဲ့ ပတ်သက်လို့ မဖြူနှင်းထွေးရဲ့ သဘောထားက ဗကသအနေနဲ့ လုပ်စရာရှိ တဲ့အလုပ်ကို ဆက်လုပ်၊ သူလွတ်ခြင်း၊ မလွတ်ခြင်းဆိုတာက အရေးမ ကြီးဘူး။ ဗကသဘက်က လက်ရှိသွားနေတဲ့နိုင်ငံရေး မကျသွားဖို့ဘဲ အရေး ကြီးတယ်လို့ သူပြောဖူးတယ်။ ဘယ်အစိုးရအဖွဲ့ကိုမှ အောက်ကျို့ခံပြီး လွတ်မြောက်ဖို့ တောင်းဆိုစရာမလိုဘူး၊ တောင်းပန်စရာမလိုဘူး။ ကိုယ် လုပ်စရာရှိတဲ့ အလုပ်ကိုပဲ ပြတ်ပြတ်သားသား လုပ်ပါဆိုပြီး ပြောတယ်။ ကျွန်တော်တို့ကလည်း မဖြူနှင်းထွေး လွတ်မြောက်ဖို့အတွက် အားကိုးမှာ က အစိုးရမဟုတ်ဘူး။ ပြည်သူပဲ။ ပြည်သူနဲ့ နိုင်ငံတကာကအားနဲ့ မဖြူနှင်း ထွေးလွတ်မြောက်ဖို့ ဖိအားပေးသွားမယ်။
မဖြူနှင်းထွေးရဲ့အမှုက လက်ပံတောင်းတောင်စီမံကိန်းန
မဖြူနှင်းထွေးက လက်ပံတောင်းမှာရှိတဲ့ ဆည်တည်းရွာမှာ သူ က ကျောင်းသားလေးတွေကို စာသွားသင်တဲ့ သဘောမျိုး။ သူတို့က စနေ၊ တနင်္ဂနွေဆို သွားပြီးတော့ ကူညီကြတယ်။ ကူညီကြတဲ့ အနေအထားမှာ စီမံကိန်းကိစ္စက လျော်ကြေးမယူထားတဲ့ ခြံမြေတွေကို သိမ်းပိုက်တာ၊ ခြံ စည်းရိုးခတ်တာတို့နဲ့ပတ်သက်
ဒီအပေါ်မှာ ပြည်သူလူထုနဲ့ ကျောင်းသားတွေကို လမ်းပေါ်တက်လာအောင် အစိုးရကဖန်တီးနေတယ်ဆိုပြီး ပြောနေတာလည်းရှိတော့ အဲဒီအပေါ် ဗကသ ရဲ့သဘောထားရပ်တည်ချက်ကရော ဘယ်လိုရှိပါသလဲ။
ကျွန်တော်တို့ကို ခြိမ်းခြောက်လို့လည်း မရဘူး။ မြှောက်ပင့်ပေးလို့လည်း မရဘူး။ ကျွန်တော်တို့က နိုင်ငံရေးကို စနစ်တကျ သုံးသပ်ပြီးတော့ကို လုပ် မှာ။ ဆင်ကန်းတောတိုးတော့ လုပ်မယ့်အနေအထားမျိုးမရှိဘူ
လုပ်သင့်လုပ်ထိုက်တဲ့ အချိန်ကျရင် ဗကသက အနှေး အမြန်ပေါ့။ ထွက်သင့်ရင်ထွက်မှာပဲ။ အလကားနေအ လကား လမ်းပေါ်ထွက်နေမှာတော့ မဟုတ်ဘူး။ လိုအပ် လာရင်တော့ ပြည်သူနဲ့လက်တွဲပြီး တိုက်ပွဲဝင်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ကို ဆွလို့ ဖွလို့ရမလားဆိုတဲ့ အကွက်မျိုးနဲ့လုပ်တာဆိုရင်ေ
ရုံးထုတ်မှုတိုင်းမှာ မဖြူနှင်းထွေးအတွက် အာမခံလျှောက် ထားမှုတိုင်းကလည်း နှစ်ကြိမ်စလုံး ငြင်းပယ်ခံရတာ ရှိတော့ ဘာကြောင့် အာမခံ မရတာလို့ ထင်ပါသလဲ။
အာမခံကိစ္စကို ကျွန်တော်မြင်တာကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆိုလို့ရှိရင် အာမခံပေးရမှာ မပေးဘူးဆိုတာက ခြွင်းချက်အရသာလျှင် ဖြစ်တယ်။အခုက ခြွင်းချက်မရှိဘူး။ အကြောင်းအရာမရှိဘဲနဲ့ မဖြူ နှင်းထွေးအတွက် အာမခံကို နှစ်ကြိမ်တိတိငြင်းပယ်ခံရ တာဆိုရင် တရားဥပဒေမဏ္ဍိုင် တိမ်းစောင်းမှုလို့ မြင် တယ်။ တရားရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အောက်
မဖြူနှင်းထွေးအမှုမှာ အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးမှုရှိနေ တယ်လို့ပြောတော့ ဗကသရဲ့ဆောင်ရွက်နေမှုတွေအပေါ်
ကွာခြားချက်တွေတော့ ရှိတယ်။ အရင်ဆိုရင် ဗကသဆိုတာ အသံတောင် ထွက်လို့ရတာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဗကသဖွဲ့ပြီဆိုကတည်းက ကြီးထွားမလာ ခင်မှာ ဖြိုခွဲလိုက်တယ်။ ဆိုလိုတာက သန္ဓေသားဘဝ ကတည်းက ဖျက်ဆီးခံခဲ့ရတာ။ အဲဒီလို အခြေအနေဖြစ် ခဲ့တယ်။ ဗကသက အခုအခြေအနေမှာ မွေးဖွားခွင့်တော့ ရပြီ။ မွေးဖွားခွင့်ရတယ်။ ဒါပေမဲ့ ပုခက်ထဲမှာပဲ လည်မျို ညှစ်သတ်တယ်ဆိုတဲ့ပုံစံမျိုး
ဒီလိုဆို ဘယ်လိုအကြောင်းအချက်တွေကြော
အချက်တွေကတော့ အများကြီးပဲ။ အဓိက ပြဿနာကတော့ ဗကသဆိုလို့ရှိရင် လက်ရှိအစိုးရ ကြံ့ ခိုင်ရေးပါတီအစိုးရက သူတို့က တပ်ကလာတဲ့သူတွေ များတဲ့အတွက်ကြောင့် သူတို့စိတ်ထဲမှာ ဗကသဆိုရင် သူပုန်အဖွဲ့အစည်း တစ်ခုလို့ အမြင့်ဆုံးအဆင့်စွပ်စွဲချင်
နောက်တစ်ချက်က ဗကသကတော့ ဘယ်သူ့မျက်နှာမှ ထောက်မှာမဟုတ်ဘူး။ ပြည်သူ့မျက်နှာကလွဲလို့ မှန် တာရှိ မှန်တယ်ပြောမယ်၊ မှားတာရှိလည်း မှားတယ်လို့ ပြောမယ်။ အဲဒီလိုအချက်တွေအပေါ်မှာ သူတို့က ငြိုငြင် နေတယ်။ နောက်ပြီး ကျောင်းသားသမဂ္ဂတစ်ခုဖွဲ့စည်
အခုနောက်ပိုင်း ကျောင်းသားထုအတွင်းမှာ ကျောင်းသား သမဂ္ဂတွေ ဖွဲ့လာတာတွေရှိတော့ လှုပ်ရှားခွင့်တွေကရော လွတ်လပ်ပါသလား။ ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ရှိနေလဲ။
လက်ရှိ သမဂ္ဂတွေ အများကြီး ပေါ်လာပေ မယ့်လည်း တချို့နေရာတွေမှာ လွတ်လပ်စွာ လှုပ်ရှား ခွင့်မရှိဘူး။ ရေဆင်းဘက်က တိမွေးကုတက္ကသိုလ်၊ စိုက် ပျိုးရေးတက္ကသိုလ်ဆိုရင် သိပ်မကြာခင်က ဖျက်သိမ်းခံ ခဲ့ရတယ်။ ဝန်ကြီးဌာနတွေအောက်မှာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ထားရှိတဲ့အတွက်ကြောင့် ဝန်ကြီးဌာန တွေက တက္ကသိုလ်တွေကို လွှမ်းမိုးချုပ်ကိုင်လာတာတွေ
အခုအစိုးရသစ်လက်ထက် ဗကသလှုပ်ရှားမှုကရော အ ရင်နဲ့ ဘယ်လို မတူတာတွေရှိပါသလဲ။
၂ဝဝ၇ ရွှေဝါရောင်မတိုင်ခင်မှာ ဗကသကို စပြီးတော့ဖွဲ့စည်းတယ်။ အဲဒီတုန်းကတော့ လူနည်းနည်း ပဲဆယ်ဂဏန်းမပြည့်ပါဘူး။ ဒီလူတွေက စလုပ်ရာကနေ စည်းရုံးရတာလည်း တော်တော်ခက်ခဲတယ်။ အပြင်ထွက် ပြီဆိုတာနဲ့ အဖမ်းခံရမှာ။ အဲဒီတော့ မြေအောက်ဆန် ဆန်ပဲ ရုပ်ပြောင်းရုပ်လွှဲနဲ့ပဲ ကျွန်တော်တို့လုပ်ခဲ့ရတဲ့ အခြေအနေကနေ အခုကတော့ ပေါ်ပေါ်ထင်ထင်လုပ် ခွင့်ရပြီ။ စင်မြင့်တွေပေါ်မှာလည်း တရားဟောခွင့်တွေ ရှိခဲ့တယ်။ စာစောင်စာတမ်းတွေ ထုတ်တာတွေမှာလည်း အခု တရားဝင်ထုတ်လို့ရတယ်။ အရင်ကဆို ပုဒ်မ(၁၇)၊ (၂ဝ)တို့နဲ့ငြိနေတော့ ဖမ်းဆီးခံရဖို့နီးတယ်။ အဆင်ပြေ မှုတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ လွတ်လပ်ခွင့်အပြည့် အဝမရသေးတာတော့ အမှန်ပဲ။ တစ်ပြည်လုံးမလွတ်လပ် ရင် ကျောင်းသားလည်း ကွက်ပြီးတော့မလွတ်လပ်ပါဘူး။
သီးခြားပြောကြားလိုတာရော ရှိပါသေးလားခင်ဗျ။
ကျွန်တော်တို့ လိုလားတောင်းတတဲ့ ဒီမိုက ရေစီပညာရေး မဖြစ်မချင်းရယ်၊ တိုင်းပြည်တစ်ပြည်လုံး ရဲ့ ဒီမိုကရေစီရေး မအောင်မြင်သေးသရွေ့၊ ပြည်တွင်း စစ်ကြီးရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးမရမ
#TheFlowerNews
No comments:
Post a Comment