ကန့်ဘလူ-ထန်းကုန်းလမ်းပိုင်
**************************
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကန့်ဘလူ-နတ်ပေး-ဝက်တိုးမြော
ယခုလမ်းပိုင်းမှာ ကန့်ဘလူမြို့နယ်၏ တောင်ပိုင်းမှာ တည်ရှိပြီး ကန့်ဘလူမြို့နယ်၏ ကျေးရွာပေါင်း ၂၇၅ရွာအနက် ၁၉၉ရွာအနီး တည်ရှိပါတယ်။
ကန့်ဘလူမြို့နယ်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင
ယင်းလမ်းပိုင်းမှာ ယခုအခါ မိုးတွင်းကာလဖြစ်၍ လမ်းမှာ ပျက်စီးနေပြီး ပြုပြင်ခြင်းမရှိသည့်အတွက် ဒေသခံများနှင့် ခရီးသွားပြည်သူများ သွားလာရေးခက်ခဲနေသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ပြုပြင်ပေးပါရန် ဒီမိုကရေစီတူဒေးမှတစ်ဆင့် တင်ပြအပ်ပါတယ်။
(ရွှေတိုးသားလေး)
--------------------------
လူငယ်ရေးရာညကျောင်းများ ပြန်လည်ဖွင့်ပေးပါ
**************************
လူ့ဘုံဘဝရောက်ကတည်းက ချို့တဲ့စွာပညာသင်ကြားခဲ့ကြ
လူငယ်ရေးရာညကျောင်းမှ ဆရာ၊ ဆရာမများသည် ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာရှိသည့်ဝန်ထမ်းများ ဖြစ်ကြပါတယ်။
လူငယ်ရေးရာညကျောင်းများ မရှိသည်မှာ အနှစ်(၂ဝ)ကျော်ကြာပြီဟု ထင်ပါတယ်။ ယနေ့လူငယ်အတော် များများ ပညာဆက်မသင်ရတော့ပါ။
လူငယ်များဘဝမြှင့်တင်ပေးနို
သို့မှသာ လေလွင့်နေသောလူငယ် များ၊ ပညာသင်လိုစိတ်ရှိသော လူငယ်များ၊ ပညာတတ်များဖြစ်လာမှ တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ပါတယ်။
ထို့ကြောင့် လူငယ်ရေးရာညကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးပါရန် စေတနာကောင်းဖြင့် ဒီမို ကရေစီတူဒေးမှတစ်ဆင့် တင်ပြအပ်ပါတယ်။
ဦးကျော်မြင့်(ဥပဒေ)
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment