တိုင်းမ်မဂ္ဂဇင်းတွင်
ဘုန်းတော်ကြီးအရှင်ဝီရသူအကြောင်း ရေးသားခဲ့သဖြင့် အစိုးရသစ် လက်ထက်တွင်
ပြည်ဝင်ခွင့်ပထမ ဆုံးပိတ်ပင်ခံခဲ့ရသည့် တိုင်းမ် မဂ္ဂ ဇင်းသတင်းထောက်
မစ္စဟာနာ ဘိခ်ျကို ပြည်ဝင်ခွင့်ပြန်ပေးခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပ သော တတိယအကြိမ်နိုင်ငံတကာ မီဒီယာညီလာခံသို့ တက်ရောက် ရန် ဟာနာဘိခ်ျက ပြည်လည်ဝင်ခွင့်ဗီဇာလျှောက်ထားလာခြင်းကို ဦးရဲထွဋ်ကထောက်ခံပေးခဲ့ခြင်း ဖြစ် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာထုတ်ပေးခဲ့ခြင်းဖြစ်သည်။
မစ္စဟာနာဘိခ်ျသည် ရန်ကုန်တွင် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်တာ ကျင်းပခဲ့သည့် တတိယအကြိမ် နိုင်ငံတကာမီဒီယာညီလာခံသို့ တက်ရောက်နိုင်ခဲ့သည်။
ဟာနာဘိခ်ျသည် ပြီးခဲ့ သည့် မတ်လက ရန်ကုန်တွင် သုံးရက်ကြာကျင်းပခဲ့သော East West စင်တာ၏ မီဒီယာညီလာခံ သို့ တက်ရောက်ရန် ဗီဇာလျှောက် ထားခဲ့သော်လည်း ယင်းအချိန်က ၎င်းရေးသားသော ဆောင်းပါး ကြောင့် ပြည်တွင်း၌ဝေဖန်မှုများ ရိုက်ခတ်နေချိန်ဖြစ်ပြီး မလိုလား အပ်သော ပြဿနာများမဖြစ်ပေါ် စေရန် ဗီဇာကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်ကဆိုသည်။
ထို့အပြင် နောက်တစ်ကြိမ် အခမ်းအနားများ၊ ပွဲများသို့ သတင်းလာရောက်ယူလိုပါက ဗီဇာပြန်လည်လျှောက်ထားနိုင်ပြီး အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြည်ဝင်ခွင့်ထောက်ခံပေးရန် စဉ်းစားပေးမည်ဖြစ်ကြောင်းပြောကြားထားသည့်အပေါ် ယခုတစ်ခေါက်တွင် ပြည်တွင်းအခြေအနေပေါ် မူတည်၍ လာရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဦးရဲထွဋ် ကဆိုသည်။
တိုင်းမ်မဂ္ဂဇင်းတွင်မန္တလေး မြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို ‘‘The Face of Buddhist terror’’ဟု ခေါင်းစဉ် တပ်၍ မြန်မာနိုင်ငံတွင်း ပဋိပက္ခ များကို ဘာသာရေးပဋိပက္ခအဖြစ် လှုံ့ဆော်နေသူအဖြစ် ဖော်ပြခဲ့ခြင်းကြောင့် တိုင်းမ်မဂ္ဂဇင်းဖြန့်ဝေမှု ပိတ်ပင်လိုက်ပြီး ဆောင်းပါးရေး သားသူ ဟာနာဘိခ်ျကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။
Credit - 7DAY DAILY

No comments:
Post a Comment