Sunday, November 30, 2014

ဗိုလ်ချုပ် ရုပ်ရှင်နောက် တစ်ကား ထပ်မံ ရိုက်ကူး

ရန်ကုန် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူး နေသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ် ကားနည်းတူ ဗိုလ်ချုပ် ရုပ်ရှင် နောက်ထပ် တစ်ကား ရိုက်ကူး လျက်ရှိပြီး ဗိုလ်ချုပ် မွေးနေ့မတိုင်မီ ရုံတင်ပြ သမည်ဟု ဗိုလ်ချုပ် ရုပ်ရှင်အဖွဲ့ကို ဦးဆောင် နေသည့် ဒါရိုက်တာ မြေနီသစ္စာက မဇ္ဈိမကို ပြောသည်။

 ဗိုလ်ချုပ် ရုပ်ရှင် အဖွဲ့မှ ရိုက်ကူးသည့် ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကား၏ ဆရာဝန်များ ဇာတ်ဝင်ခန်းတွင် ပြင်ပမှ စာရေးဆရာ ဆရာဝန် အစစ်များက မေတ္တာဖြင့် ကူညီကာ ပါဝင်သရုပ် ဆောင်ပေး သွားမည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့ ဗိုလ်ချုပ် ရုပ်ရှင်ကို ရိုက်ကူး နေတာ တစ်ဝက် ကျော်ကျော်တော့ ပြီးနေပြီ။ အခုအတွင်း ဝန်ရုံးထဲမှာ ဗိုလ်ချုပ် ကျဆုံးတော့ ဆေးရုံကိုပို့ တဲ့အခန်း မှာ ဆေးရုံက ဆရာဝန်တွေ နေရာမှာ ဆရာဝန်ကြီး အဖြစ် စာရေး ဆရာ ဆရာဝန်တွေက သရုပ်ဆောင် မှာပါ"ဟု ၎င်းက ပြောသည်။

ယင်းဇာတ် ကားတွင် စာရေးဆရာ ဒေါက်တာ ဇော်သန်းသည် ဆရာဝန်ကြီး နေရာမှ ပါဝင်သရုပ် ဆောင်မည်ဖြစ်ပြီးလက်ထောက်ဆရာဝန်နှစ်ဦး အဖြစ်စာရေး ဆရာ မြနှောင်းညို (ခ) ဒေါက်တာ ခင်လေးညို နှင့် စာရေးဆရာ ခင်ပန်နှင်း (ခ)ဒေါက်တာ ခင်မြင့်ဦးတို့က မေတ္တာနှင့် ပါဝင်ကူညီ သရုပ်ဆောင် ပေးကြ မည် ဟု ဒါရိုက်တာ မြေနီသစ္စာက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ၁၉၄၇ ခုနှစ်  ဇူလိုင်လ ၁၉ ရက်က အတွင်းဝန် များရုံး အတွင်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံ ရစဉ်က ကွယ်လွန် သွားသည့် ဗိုလ်ချုပ်   အောင်ဆန်း၏ ရုပ်အလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ယူဆောင် လာစဉ် တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ဘသန်း (ဦးနေ၀င်း ၏ဖခင်) (အေးနေဝင်း ၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့၏ အဘိုး)နှင့် ၎င်း၏ လက်ထောက် ဆရာဝန်နှစ် ဦးတို့သည် စစ်ဆေး ကြသည့် အခန်း၌ ပါဝင်သရုပ် ဆောင်ကြမည် ဟု ၎င်းက ဆို သည်။

"ဒီရုပ်ရှင် ထဲမှာ ဗိုလ်ချုပ်ကို ဘယ်လိုလုပ် ကြံခံရ တာတွေ၊ နောက်ဗိုလ်ချုပ်ဟာ နိုင်ငံရေးကိုပဲ အာရုံစိုက် နေရတဲ့သူ ဖြစ်တာကြောင့် လူမှုရေး ဘက်ပိုင်းမှာ အားနည်း ခဲ့မှုတွေနဲ့ တခြား အကြောင်း အရာတွေကို ရုပ်ရှင်ကြည့် သူတွေ မညည်း ငွေ့ရအောင် လွယ်လင့် တကူ အတွေးထဲ ရောက်အောင် ရိုက်ထားတာ ပါ"ဟု ဒါရိုက်တာ မြေနီသစ္စာ ကပြောသည်။

အဆိုပါ ရုပ်ရှင်ကို နိုဝင်ဘာ၂၃ ရက်တွင် စတင်ရိုက် ကူးခဲ့ပြီး ဒီဇင်ဘာလ အတွင်း၌ အပြီးသတ်  ရိုက်ကူးကာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက် မည့် ဗိုလ်ချုပ် မွေးနေ့ မတိုင်မီ ရုံတင်ပြသ မည်ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment