Wednesday, December 3, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ၂ဦးအား စွဲချက်တင်မည်

ထိုင်းနိုင်ငံခိုတောင်ကျွန်း(လိပ်ကျွန်း)၌ ဗြိတိသျှခရီးသွား ၂ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံမြန်မာလူငယ် ၂ဦးဖြစ်သော ဇော်လင်းနှင့် ဝေဖြိုးတို့အား စွဲချက်တင်တော့မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ ကနဦးအမှုတွဲသည် သက်သေမခိုင်လုံသဖြင့် ထိုင်ရှေ့နေများကောင်စီကပယ်ချခဲ့ပြီး၁လနီးပါအကြာ ထပ်မံတွေ့ရှိသောသက်သေအထောက်အထားများဖြင့် တင်ပြခဲ့ခြင်းကို ရှေ့နေများကဒီဇင်ဘာ ၃ရက်က စွဲချက်တင်ရန်လက်ခံလိုက်ကြောင်းသိရသည်။

သက်သေအထောက်အထပ်မံတွေ့ရှိခဲ့သည်ဟုဆိုသော်လည်းမည်သို့သောအထောက်အထားများဖြစ်ကြောင်းကိုမူထိုင်းရှေ့နေချုပ် သာဝပ်ချိုင်းထုတ်ဖော်ပြောကြားခြင်းမရှိချေ။

စွပ်စွဲခံမြန်မာလူငယ် ၂ဦးကိုခြောက်ကြိမ်မြောက် ရမန်အဖြစ် နောက်ထပ်၁၂ ရက်ထပ်မံထိန်းသိမ်းထားရန်ကော့စမွီခရိုင်တရားရုံးကခွင့်ပြုလိုက်ခဲ့ပြီးနောက်တရက်တွင် ထိုင်းရှေ့နေများကယခုကဲ့သို့စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစိုးရရှေ့နေများအဖွဲ့ကထိုင်းရဲတပ်ဖွဲ့၏ စာမျက်နှာ ၁၀၀၀ ကျော်ရှိ သက်သေအထောက်အထားများပါဝင်သော အမှုတွဲအား ၃နာရီနီးပါး ကြည့်ရှုစစ်ဆေးပြီးနောက်တွင် စွဲချက်တင်ရန် ခက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စွပ်စွဲခံမြန်မာလူငယ် ၂ဦးအား ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်မှု၊ တရာမ၀င် နေထိုင်မှု၊ ဒေးဗစ်မီလာအားသတ်ဖြတ်မှု၊ ဟန်နာဝုသာရစ်ခ်ျအားသတ်ဖြတ်မှုနှင့် မုဒိန်းမှု စုစုပေါင် ၅ မှုဖြင့် စွဲချက်တင်မည်ဖြစ်သည့်အပြင် ဇော်လင်းမှာဒေးဗစ်မီလာထံမှ ဓါးပြတိုက်မှုအတွက်ပါ စွဲချက်တင်ခံရမည်ဖြစ်သည်။

အဆိုပါအမှုအားနိုင်ငံတကာမှ အထူးဂရုပြုစောင့်ကြည့်နေကြသည့်အတွက် အမြန်ဆုံးစစ်ဆေးဆုံဖြတ်ပေးရန် တရားရုံသို့လျှေက်ထားမည်ဖြစ်ကြောင်းလည်းထိုင်းရှေ့နေချုပ် သာဝပ်ချိုင်းကပြောသည်။

ဗြိတိနိုင်ငံသားဒေးဗစ်မီလာနှင့် ဟန်နာဝုသာရစ်ခ်ျတို့ ၂ဦးသည် ခိုတောင်ကျွန်းဆိုင်ရီးကမ်းခြေပေါ်၌ စက်တင်ဘာ ၁၅ ရက်ကအသတ်ခံခဲ့ရခြင်း ဖြစ်ပြီးထိုင်းရဲတပ်ဖွဲ့ကအောက်တိုဘာ ၄ရက်နေ့တွင် အဆိုပါမြန်မာလူငယ် ၂ဦးအား စွပ်စွဲဖမ်းဆီးခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့ကအမှုတည်ဆောက်ရာတွင် ချို့ယွင်းချက် များစွားရှိနေကြောင်းနိုင်ငံတကာက ကျွမ်းကျင်သူများကထောက်ပြဝေဖန်ခဲ့ကြသည်။ ထိုင်နိုင်ငံတွင် ရာဇ၀တ်မှုများအတွက် မြန်မာ၊ ကမ္ဘောဒီးယားတို့မှ ရွေ့ပြောင်းလုပ်သားများအားဓါးစာခံအဖြစ် ဖမ်းဆီးအပြစ်ပေးလေ့ရှိကြောင်း သတင်းများအရ သိရသည်။

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 
 

No comments:

Post a Comment