ရန်ကုန်၊ ဒီဇင်ဘာ ၂
နည်းပညာ နှင့် သက်မွေးပညာရေးဥပဒေ (မူ ကြမ်း)ကို လာမည့် ၂ဝ၁၅ ခုနှစ် ပထမလေးလပတ်အတွင်း လွှတ် တော်သို့တင်သွင်းကာ အဆုံးအဖြတ် ခံယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများထံသို့ပေးပို့ပြီး သဘော ထား မှတ်ချက်များ တောင်းခံထား ကြောင်း၊ ပေးပို့လာသော သဘော ထားမှတ်ချ နှင့် ပြင်ဆင်၊ ဖြည့် စွက်သင့်သည့်အချက်များကို ပြန် လည်ဆွေးနွေးပြီး ဒုတိယ မူကြမ်း ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။
''တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအားလုံးတော့မစုံသေးပါဘူး။ တချို့တစ်ဝက် တော့ ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ပုဒ်မဘယ်လောက် မှာတော့ ဘယ် အချက်ကို ထပ်ဖြည့် စွက်ချင်တယ်။ ပုဒ်မဘယ်လောက် ကိုတော့ ပြင်ချင်တယ် စသဖြင့်အ ကြောင်းပြချက်နဲ့တကွ သဘော ထားမှတ်ချက်တွေ ပေးပို့တာတွေရှိ ပါတယ်။ ပေးပို့တဲ့အချက်တွေနဲ့ပတ် သက်ပြီး ပြင်ဆင်ဖြည့်စွက်တာမျိုး လုပ်ထားတဲ့ မူကြမ်းတစ်ခု ထပ်ဆွဲရ မယ်။ အားလုံးပြီးရင်တော့ လွှတ် တော် တင်ပြီး အဆုံးအဖြတ်ခံယူရ မယ်။ လာမယ့် ၂ဝ၁၅ခုနှစ် လေးလ ပတ်အတွင်း ဒါမှမဟုတ် အဲဒီထက် စောချင်လဲ စောမယ်''ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ အဆင့် မြင့်အရာရှိတစ်ဦးက ပြောကြား သည်။
လွှတ်တော်တင်သွင်းပြီး အ ဆုံးအဖြတ်ခံယူမည့် နောက်ဆုံးမူ ကြမ်းကို ပွင့်လင်းမြင်သာမှု ရှိစွာ ပြည် သူလူထုကို ချပြမည်ဖြစ်ကြောင်း၊ နယ်ပယ်ကဏ္ဍ ပေါင်းစုံမှ ပညာရှင် များပူးပေါင်းဆွေးနွေးနိုင်ရန် ဥပဒေ မူကြမ်းဆွေးနွေးခြင်း ဆိုင်ရာဖိုရမ် တစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း လည်း သိရသည်။
နည်းပညာနှင့် သက်မွေးပညာ ရေးဥပဒေမူကြမ်း ရေးဆွဲရေးအ တွက် ဥပဒေ ရေး ဆွဲရေးဆိုင်ရာလုပ် ငန်းအဖွဲ့ ခုနစ်ဖွဲ့ကို ယခုနှစ်ဧပြီလ ခန့်က စတင်ဖွဲ့စည်း၍ သက်ဆိုင် ရာလုပ်ငန်းအဖွဲ့များအလိုက် ဆွေး နွေးရေးဆွဲ ခဲ့ကြကြောင်း၊ ဥပဒေ ကြမ်း(ပဏာမမူကြမ်း)ကို Stake-holder အသီးသီးသို့ ဖြန့်ဝေပြီး အကြံပြုချက်များ လက်ခံရယူခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှလည်း ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး သီးခြားအကြံပြုချက် များရယူခဲ့ကြောင်း သိရ သည်။
အဆိုပါနည်းပညာနှင့်သက် မွေးပညာရေး ဥပဒေမူကြမ်းတွင် နည်းပညာနှင့် သက်မွေးပညာရေး ကောင်စီဖွဲ့စည်းခြင်း၊ နည်းပညာ နှင့် သက်မွေးပညာ ရေးစနစ်၊ ဝင် ခွင့်အောင်လက်မှတ်ထုတ်ပေးခြင်း၊ အရည်အသွေးအကဲဖြတ်မှုနှင့် အာ မခံမှု၊ သင်ရိုးညွှန်းတမ်း၊ သင်တန်း နှင့် ကျောင်းများ၊ နည်းပညာနှင့် သက်မွေးပညာရေးစီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှု စသည့်အခန်းကဏ္ဍများ ပါဝင်ကြောင်း သိရသည်။
CCT
#Democracytoday | (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================================
#YangonMediaGroup | #MZK | www.yangonmedia.com
No comments:
Post a Comment