Saturday, December 6, 2014

ရှက်တတ်ကြမယ်ဆိုရင်ဖြင့် ရှက်အပ်ရာပေသော ဂန္ထ၀င်ကဗျာကောင်းတစ်ပုဒ် (ဆောင်းပါး)

– ဆောင်းဝင်းလတ်

ဒီကဗျာထဲမှာပါတဲ့စကားလုံးတိုင်း စကားလုံးတိုင်းဟာ စစ်အစိုးရတွေရဲ့ ခေတ်အဆက်ဆက်မှာ ကိုယ်ကျိုးရှာ မသမာလောဘစိတ်တွေ အဆိပ်တက်ပြီး အာဏာကို လက်ဝါးကြီး ဆက်အုပ် ထားချင်ကြတဲ့ မိုးကျရွှေကိုယ် ခေါင်း ဆောင် အတုအယောင်သမားတွေ အတွက်တော့ဖြင့် ရှက်တတ်ကြမယ်ဆိုရင် . . .
~~~~~~~~~~~~~~~~~~~~~~~~~~
နံဘေးထိုင်ခုံမှာ ထိုင်ပြီးအေးဆေး တည်ငြိမ်စွာလိုက်ပါလာတဲ့ လူငယ်တစ် ယောက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ကြမ်း တမ်းလှတဲ့ ဘ၀ဖြတ်သန်းခဲ့ရမှုတွေအပေါ်မှာ ကျွန်တော့်စိတ်ထဲက တလေးတစား ရှိနေမိပါတယ်။ သူဟာ စာရေး ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။
ဆရာ့ရဲ့နာမည်ရင်းက စောသက်ထွန်း ဖြစ်ပါတယ်။ စာရေးတော့ ဆရာက “နေခြူး” နာမည်နဲ့ရေးပါတယ်။ သူနဲ့ ရင်းနှီးပြီး သူ့ကိုချစ်ခင်ကြတဲ့အသိုင်း အ၀ိုင်းကတော့ ““ကိုစော”” လို့ခေါ်ကြတာ များပါတယ်။ သူ့ရဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကတော့ ဦးသိန်းထွန်းနဲ့ ဒေါ်ရွှေပွင့်တို့ဖြစ်ပါတယ်။ မတ်လ “၃” ရက်၊ ၁၉၇၂ ခုနှစ်မှာ သူ့ကိုမွေးဖွားခဲ့တာဆိုတော့ ခုချိန်မှာ သူ့ရဲ့ အသက်အပိုင်းအခြားဟာ ၄၂ နှစ်ပဲ ရှိပါသေးတယ်။…
၁၉၈၈ ခုနှစ် လူထုဒီမိုက ရေစီ အရေးတော်ပုံကြီးဖြစ်တော့ ဆရာ ဟာ “၉”တန်း ကျောင်း သား အရွယ်ပဲရှိခဲ့ပါသေး တယ်။ ၁၉၈၈ စက်တင်ဘာလမှာ ကျွန်တော်တို့ မြန်မာတစ်ပြည်လုံးကို စစ်တပ်က အာဏာသိမ်းပိုက် လိုက်ပြန်ပါ တယ်။ ၉တန်း ကျောင်းသားလေး ဖြစ်ပေမယ့်ဆရာဟာ ရဟန်းရှင်လူ အပေါင်း ကျောင်း သူ ကျောင်းသားေ တွ သွေးမြေကျ အရင်းခံ ခဲ့ရတဲ့ ဒီတိုက်ပွဲကြီး၊ ဒီအရေးတော် ပုံကြီး ရဲ့ကြီးမားပြင်း ထန်လှတဲ့လေပြင်း မုန်တိုင်းနဲ့အတူ ကျောင်းသားတပ်မတော်ကြီးလို့ ခေါ်ရမယ့် ABSDF (NB) ကို ရောက်ရှိသွား ခဲ့ရပါတယ်။ ဆရာဟာ ၁၉၉၁ ခုနှစ် ဧပြီ လအထိ ၂ နှစ်ခွဲကျော်ကျော် တော်လှန် ရေးနယ်မြေထဲမှာ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်၊ ၁၉၉၁ ခုနှစ်မှာတော့ ဆရာဟာ စစ်အစိုးရရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
စစ်ခုံရုံးနဲ့ အပြစ်ဒဏ်ချ မှတ်တဲ့ခေတ်ဖြစ်တဲ့အတွက် ထောင်ဒဏ် (၇)နှစ် ချမှတ်ထားခံခဲ့ရပါတယ်။ ဆရာဟာ အကျဉ်းသားဘ၀နဲ့ အောက်တိုဘာလ ၈ ရက် ၁၉၉၇ ခုနှစ်အထိ နေခဲ့ရပါတယ်။ ဆရာနေခဲ့ရတဲ့ အကျဉ်း ထောင်ေ တွက တော့ အင်းစိန်ထောင်၊ မန်္တလေးထောင်၊ မြင်းခြံထောင်တွေပဲဖြစ်ပါတယ်။ ဆရာ့ကို ပြန် လွှတ် တော့ မြင်းခြံထောင်ကနေပြီး လွှတ်ပေးခဲ့တာပါ။ ထောင်ကလွတ်လာပြီး တဲ့အခါမှာ ဆရာဟာ ထောင်ကျနေ တုန်းက တမ်းတခဲ့ရတဲ့ပညာရေးကို ပြန်ပြီး အကောင်အထည် ဖော်ပါတယ်။ ကျောင်း ပြန်တက်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ န၀မ တန်းစာမေးပွဲအောင်ပါတယ်။ တက်္ကသိုလ် ၀င် စာမေးပွဲကိုတော့ ၁၉၉၉ မှာ အောင် မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လ ၃၀ ရက်နေ့ ၁၉၉၉ ခုနှစ်မှာပဲ၊ စစ်ထောက်လှမ်း ရေးတွေက ဆရာ့ကို ဖမ်းဆီးကြပြန်ပါ တယ်။ အထူးတရားရုံး ဆိုတာမှာ ဆရာ့ကို ပြစ်ဒဏ် ချမှတ်လိုက်ကြပြန်ပါတယ်။ ဒီ တစ်ကြိမ်မှာတော့ ထောင် ဒဏ် (၂၂)နှစ်တဲ့။ အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တွေထဲမှာ ဆရာနေခဲ့ရပြန်ပါတယ်။
အောက်တိုဘာလ ၂၀၁၁ ခုနှစ်ကျတော့ ဆရာ့ကို ပြန်လွှတ်ပေးကြပါတယ်။ အကျဉ်းထောင် တွေထဲမှာ ဆရာနေခဲ့ရတဲ့ကာလဟာ (၁၂) နှစ်ကျော်ကြာခဲ့ပါတယ်။ ထောင်က လွတ်လာပြန်တော့ ဆရာဟာပညာရေး ဘက်ကို ပြန်ပြီးခြေဦးလှည့် ရရှာပြန်ပါတယ်။ လူငယ်တစ်ယောက်အတွက် ပေးဆပ်ခဲ့ရသမျှ အချိန်တွေကတော့ အများကြီး ကုန်ဆုံး သွားခဲ့ ပြီလေ။ ဒါပေမဲ့ဆရာဟာ စိတ်ဓာတ် မကျခဲ့ပါဘူး။ ပညာကြိုးစားခဲ့ပါတယ်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ နိုင်ငံရေး သိပ္ပံဘာသာရပ်တွေကို ဆည်းပူးလေ့လာခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁၂ ခုနှစ်မှာတော့ AAPP နဲ့ Johns Hopkins University (အမေရိကန် ပြည်ထောင်စု)တို့ ပူးတွဲလုပ်ဆောင်တဲ့ (MHAP) ပရိုဂရမ်မှာ ကောင် ဆယ် လာအနေနဲ့စပြီး တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
ပညာတတ် လူငယ်တစ်စုနဲ့အတူ နယ်လှည့်ပြီး ပညာဒါနပြုခဲ့ပါ တယ်။ သင်ကြား ပို့ချပေးခဲ့ပါ တယ်။ ကောင်းက င်ခေတ် (SKYAGE) လို့ခေါ်တဲ့ ပညာဒါနကျောင်းကို တည် ထောင်ခဲ့ပါတယ်။ ဆရာဟာ ပညာဒါနကျောင်းကို ဦးစီး လုပ်ဆောင် ပေးနေသလိုပဲ MHAP ပရိုဂရမ်ရဲ့ Deputy Chief Clinical Supervisor အဖြစ် တာဝန်ထမ်း ဆောင်နေပါတယ်။ ဆရာနဲ့အတူ ကျွန်တော် စီးလာတဲ့“အဲ-ပုဂံ”လေယာဉ်ဟာ နာရီဝက် နောက် ကျပြီးမှ ရန်ကုန်လေဆိပ်က စတင်ပျံသန်းနိုင်မှာမို့ ခရီးသည်များကို တောင်း ပန် စကားဆိုခဲ့ပါသေးတယ်။ ညနေ ၃ နာရီခွဲမှာ မပျံသန်းနိုင်ခဲ့ဘဲ နောက်နာရီဝက် ကြာတော့မှ ခုလို ကျွန်တော် တို့နှစ်ယောက် လေယာဉ်ပေါ်မှာ လိုက်ပါလာနိုင်ကြတာပဲဖြစ်ပါတယ်။
လေယာဉ်ဟာ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ဟဲဟိုးလေဆိပ်ကို ခဏဆင်းသက်ပါတယ်။ ခရီးသည် အတက်အဆင်း ရှိပါတယ်။ ပြီးတော့မှ ဆက်ပြီးပျံသန်းပါ တယ်။ ညောင်ဦးလေဆိပ်ကို လေယာဉ်ဆင်းတော့ မှောင်ပါပြီ။ ကျွန်တော် တို့နှစ် ယောက်ကိုကားနဲ့ လာကြိုနေ ကြတဲ့ စာပေ မိတ်ဆွေတွေက ညောင်ဦးမြို့ထဲမှာပဲ ညစာထမင်း တည်ခင်း ဧည့်ခံပါတယ်။ ပြီးတော့ ကားနဲ့ ဆက် ထွက်လာခဲ့ကြတာတောင်သာ မြို့နယ်ထဲမှာရှိတဲ့ ဇဂျမ်းရွာကို ရောက်ပါ တော့ တယ်။ အလင်းသစ် စာကြည့်တိုက်ရှေ့မှာ ကားရပ်တော့ စိတ်ထဲကကွယ်လွန် သွားရှာပြီဖြစ်တဲ့ ကဗျာဆရာကြီး ဦးတင်မိုးကို သတိရ လွမ်းဆွတ်မိပါတယ်။ ဒါဟာ ဆရာ့ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေပဲလေ။
ကျွန်တော်ချစ်ခင်လေးစားရတဲ့ ဆရာကြီးရဲ့ ဇာတိရွာကိုကျွန်တော် ရောက်ခွင့်ကြုံပါပြီ။ ဆရာ့ရွာက “အလင်း သစ် စာကြည့်တိုက်”ရှေ့ကို ဆရာနေခြူးနဲ့ကျွန်တော်တို့ ရောက်ကြတော့ ညအမှောင်ထဲမှာ အလင်း ရောင်လေး ဖြာနေ သလိုပဲ၊ ရင်ထဲမှာ ခံစားလိုက်ရတာက စာပေဟောပြောပွဲက ကြားနေရတဲ့ စာရေးဆရာ၊ ကဗျာ ဆရာ ညီမင်းညိုရဲ့ ဟောပြောနေသံကိုကြားလိုက်ရလို့ပါ။ ကျွန်တော်တို့ဟောပြော ကြရတာက ““အလင်းသစ်”” စာကြည့်တိုက်ရဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ တဲ့။ ကျွန်တော် ဟောပြောရမယ့်အလှည့် ရောက် တော့ ဆရာကြီးဦးတင်မိုးရေးသွားခဲ့တဲ့ ““အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”” ကဗျာကို အမှတ် တရ၊ တလေးတစား ရွတ်ဆိုခဲ့ပါတယ်။ အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ မျိုးချစ်သူရဲ ကောင်းေ တွ အားလုံးကို တမ်းတမှန်းဆပြီး ဆရာကြီး ဦးတင်မိုး ရေးသွားခဲ့တဲ့ကဗျာပါ။
သူသာရှိလျှင်
သူ၏နိုင်ငံ၊ ကံကြမ္မာကို
စီမံလိမ့်မည်၊ ဖန်တီးမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။
သူသာရှိလျှင်
သူ၏ပြည်ဖွား၊ ဆင်းရဲသားတို့
ဝတ်စားနေမှု၊ ကျန်းမာမှုနှင့်
သိမှုတတ်မှု၊ ယဉ်ကျေးမှုကို
ဂရုစိုက်မည်၊ စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက (ယုံကြည်)ကြ၏။
သူသာရှိလျှင်
သူ၏ ဉာဏ်စွမ်း၊ ကိုယ်အစွမ်းသည်
သူ့ဝမ်းသူ့ခါး၊ သူ့မယားနှင့်
သူ့သားတွက်ပေ၊ မဟုတ်လေဘဲ
သူနေထိုင်သည့်၊ သူ့တိုင်းပြည်တွက်
သူ့ပြည်နေရာ၊ သူ့ကမ္ဘာတွက်
မေတ္တာဓာတ်ခံ၊ အပင်သန်လျက်
အားမာန်ထုတ်မည်၊ဦးဆောင်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။
သူသာရှိလျှင်
သူ၏ပြည်အား၊ ကျူးစော်ကားက
အသားအသွေး၊ သက်စတေးလျက်
ပြည်ရေးဆောင်မည်၊ကာကွယ်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။
သူသာရှိလျှင်
သူ၏ပြည်တွင်း၊ တစ်သွေးချင်းတို့
စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲဖို့
လက်တွဲလက်ချိတ်၊ညီနောင်စိတ်ဖြင့်
ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။
အရုဏ်တက်တွင်၊ တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး၊ တစ်ပြည်လုံးက
ယူကျုံးမရ၊ ဖြစ်ခဲ့ရလည်း
သူကရှေ့ဆောင်၊မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ၊ လင်းတုန်းရှိ၍
သူ၏ကိုယ်စား၊ သူ့စိတ်ထားက
ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။
ဆိုတဲ့ကဗျာဟာ ဂန္ထ၀င်ကဗျာတစ်ပုဒ် မို့လို့လည်း ရှိခိုးဦးတင် ကျွန်တော်ပြောပြ လိုက်ချင်ပါရဲ့။ ဒီကဗျာထဲမှာ ပါတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာ စစ်အစိုးရတွေရဲ့ ခေတ်အဆက်ဆက်မှာ ကိုယ်ကျိုးရှာ မသမာလော ဘ စိတ်တွေ အဆိပ်တက်ပြီး အာဏာကို လက်ဝါးကြီးဆက်အုပ် ထားချင်ကြတဲ့ [ပြည်သူ့ခေါင်းဆောင်အစစ် အမှန်မဟုတ်ကြတဲ့] မိုးကျရွှေကိုယ်ခေါင်းဆောင် အတုအယောင်သမားတွေအတွက် တော့ဖြင့်ရှက်တတ်ကြ မယ်ဆိုရင်ဖြင့် ရှက်အပ်ရာပေသော ဂန္ထ၀င်ကဗျာတစ်ပုဒ်၊ ကဗျာကောင်း တစ်ပုဒ်ရယ်လို့ပဲ ဆိုလိုက်ချင် ကြောင်း ပါခင်ဗျား။ ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment