ပညာရေး ဝန်ကြီးဌာနမှ ကျောင်းများသို့ ငွေ ကြေးထောက်ပံ့ပေးသည့်အစီအစဉ် ဒုတိယအရစ်အဖြစ် နိုင်ငံတစ်ဝန်းရှိ မူလတန်းကျောင်းသား ၁ဝဝမှ ၄ဝဝ အထက်ရှိသော ကျောင်းများကို ငွေကျပ် လေးသိန်းမှရှစ်သိန်းအထိ ထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်း များသို့ ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းကို၂ဝ၁၄-၂ဝ၁၅ မှ၂ဝ၁၇-၂ဝ၁၈အထိ အကောင်အထည်ဖော် နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှအတိုး မဲ့ ချေးငွေဒေါ်လာသန်း ၈ဝနှင့် သြ စတြေးလျမှ လှူဒါန်းသော ဒေါ် လာသန်း ၂ဝတို့ကို စီမံကိန်းကာလ လေးနှစ်အတွင်းနှစ်စဉ်နိုင်ငံတော်
ဘတ်ဂျက်တွင် ထပ်ဆောင်းကာ အ ကောင်အထည် ဖော်သွားမည်ဖြစ် ကြောင်း သိရသည်။
''ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အထက်က လူကြီးတွေကလုံးဝအမှား ခံမှာ မဟုတ်ပါဘူး။ ဒီလိုလုပ်ငန်းတွေ ကို အကောင်အထည်ဖော်နေတယ် ဆိုတာကလဲ ကျောင်းသားကျောင်း သူတွေ၊ ကျောင်းတွေရဲ့အဆင့်အတန်း မြင့်မားလာရေး၊ ပညာသင်ကြားခွင့် ပိုမိုရရှိနိုင်ရေးတို့အတွက် နိုင်ငံတော် ကအကောင်အထည်ဖော်ပေးနေတဲ့ ကိစ္စတစ်ခုပါ။ ဒီလုပ်ငန်းတွေနဲ့ပတ် သက်ပြီး တာဝန်ယူလုပ်ကိုင်ကြသူ တွေအနေနဲ့လဲ တိတိကျကျဆောင် ရွက်ပေးနိုင်ဖို့လိုပါမယ်'' ဟုပညာရေး စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။
၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ် အတွက် ကျောင်းထောက်ပံ့ကြေး များကို နိုင်ငံတော်ဘတ်ဂျက်မှ ကျပ် သန်းနှစ်သောင်းကျော်(၆၁ရာခိုင် နှုန်း)နှင့်ကမ္ဘာ့ဘဏ်နှင့်သြစတြေး လျတို့မှ ထောက်ပံ့ပေးငွေတို့မှကျပ် သန်း တစ်သောင်းငါးထောင်ကျော် (၃၉ရာခိုင်နှုန်း)တို့ဖြင့်ဆောင်ရွက် ရန် လျာထားခဲ့ပြီး အခြေခံပညာ ကျောင်းများသို့ ထောက်ပံ့ပေးငွေ ၅ဝရာခိုင်နှုန်းကို ပထမအရစ်အဖြစ် ကျောင်းများသို့ စမ်းသပ် ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရ သည်။
''ဒီကိစ္စနဲ့ပတ်သက်ပြီး အစွန်း အထင်းမရှိရင်တော့အကောင်းဆုံး ပေါ့။ ပိုက်ဆံသုံးထားတာနဲ့ပြေစာရှိ နေရင် ပြဿနာမရှိဘူး။ ဒါပေမဲ့ ပြည်သူက လက်မခံရင်တော့ စစ် ဆေးတာမျိုးတွေလုပ်ရမှာပဲ။အစွန်း အထင်းရှိလာရင်တော့ အပြစ်ပေး အရေးယူတာတွေ ရှိလာမှာပေါ့။ထောင်ဂဏန်းသောင်းဂဏန်းလောက် ကွာတာလောက်ကတော့ ခွင့်လွှတ် လို့ရတယ်။ ၁၄သိန်းလုံးပေးပြီး ဘောက် ချာမပြနိုင်၊ ဘာစာရင်းမှမရှိဆိုရင် တော့ အလုပ်ဖြုတ်ရုံကလွဲလို့ ဘာမှ ရှိမှာမဟုတ်ဘူး''ဟုအမှတ်(၃) အခြေခံ ပညာဦးစီးဌာနမှအရာရှိတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနမှပထမ အရစ်ထောက်ပံ့ကြေး အဖြစ်မူလတန်းကျောင်းသား ၁ဝဝရှိ ကျောင်းကို ခြောက်သိန်း၊ ၁ဝဝမှ၂ဝဝအထိကို ရှစ်သိန်း၊ ၂ဝဝမှ၃ဝဝ အထိကို ၁ဝသိန်း၊ ၃ဝဝမှ၎ဝဝ အထိကို ၁၂သိန်း၊ ၄ဝဝအထက်ကို ၁၄သိန်း၊ မူလတန်းကျောင်းခွဲများကို လေးသိန်း စီထောက်ပံ့ပေးသွားခဲ့ကြောင်း သိရ သည်။
ကျောင်းထောက်ပံ့ကြေးပေး အပ်ခဲ့သော အစီအစဉ်များသည် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြစ်သော ကြောင့် ပထမအရစ် စမ်းသပ်ဖြန့် ဝေပေးခဲ့သော ထောက်ပံ့ကြေးများ မှန်မှန်ကန်ရောက်ရှိရေး၊ သတ်မှတ် စဉ်းမျဉ်းများနှင့် အညီသုံးစွဲရေးနှင့် အလွဲသုံးမှုများမဖြစ်စေရေးအတွက် ခရိုင်ပညာရေးမှူးများမှ ကြီးကြပ် ဆောင်ရွက်ရန်တာဝန်ပေးအပ်ခဲ့ ကြောင်း၊ ထောက်ပံ့ကြေးများကို ဖြန့် ဝေမပေးခြင်း၊ ဖြန့်ဝေထားသောငွေ များကို အလွဲသုံးမှုများရှိပါက ခရိုင် ပညာရေးမှူးများသို့ တိုင်ကြားနိုင် ကြောင်း ပညာရေးဝန်ကြီးဌာနမှသတင်း ထုတ်ပြန်ထားသည်။
ATK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yang
www.facebook.com/
www.myanmarnewsnetwork.com
|─────----------------Yang

No comments:
Post a Comment