![]() |
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး) |
နိုင်ငံရေးပဋိပက္ခများကို မိမိဘက်၊ အခြားဘက်ဆိုသော ဘက်နှစ်ဖက်ချဉ်းကပ်မှုဖြင့် ဖြေ ရှင်းရန် ကြိုးပမ်းခြင်းမျိုးကို ကျော်လွန်၍ အမျိုးသားရေးအင်အားစုများ အချင်းချင်း နားလည်မှုရှိစွာ ဖြေရှင်းရန် ကြိုးပမ်းစေလို ကြောင်း သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြား သော ရေဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
‘‘နိုင်ငံရေး အင်အားစုများ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးရည် မှန်းချက်များကို အကောင်အ ထည်ဖော်ရာမှာလည်း ဒီရှု ထောင့်၊ ဒီရှုမြင်မှု(ဘက်နှစ်ဖက် ဖြေရှင်းနည်း မဟုတ်ဘဲ အမျိုး သားရေးအင်အားစုများ အချင်း ချင်းနားလည်မှုရှိစွာ လက်တွဲ ဖြေ ရှင်းသော နည်းလမ်း) ကို ထည့် သွင်း စဉ်းစားဆောင်ရွက်ကြဖို့ လည်း တိုက်တွန်းပြောကြားလိုပါ တယ်’’ဟု သမ္မတကပြောသည်။ အခြေခံဥပဒေ အကျပ်အတည်း ဖြေရှင်းရန်နှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် နိုင်ငံ ရေးခေါင်းဆောင်များကြား တွေ့ ဆုံဆွေးနွေးအဖြေရှာရန် ၀ိုင်းဝန်း တိုက်တွန်းနေချိန်တွင် လေးပွင့် ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်စသဖြင့် ချဉ်းကပ်မှုအမျိုးမျိုးကွဲလွဲ နေစဉ်တွင် သမ္မတက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ထို့အပြင် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှောင့်နှေးနေ ကြောင်း ဝေဖန်ခံရခြင်းသည် အဆိုပါလုပ်ငန်းစဉ်များအသက် ၀င် ရှင်သန်လာစေရေးအတွက် အခြေခံအချက်များကို တည် ဆောက်နေရခြင်းကြောင့် ဖြစ် ကြောင်းလည်း သမ္မတက ပြော ကြားသည်။
သမ္မတအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအသက်ဝင် ရှင်သန်နေရေးအလွယ်လိုအပ် သည့် ဖြေလျှော့မှုများ၊ အသွင် ကူးပြောင်းရေး လုပ်ငန်းများနှင့် ဒီမိုကရေစီကျင့်စဉ်များ အမြစ် တွယ်ရှင်သန်လာရန် တစ်ပြိုင်နက်အကောင်အထည်ဖော်နေရခြင်း ဖြစ်သည့်အတွက် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း သမ္မတက ယခုလ မိန့်ခွန်းတွင် ပြောကြားသည်။
စိန်ခေါ်မှုများဖြေရှင်းရာတွင် လတ်တလောဖြေရှင်းရမည့် ကိစ္စ ရပ်များ၌လျစ်လျူရှုခြင်းမရှိရန်နှင့် ရေရှည်လုပ်ငန်းစဉ်များ အသက် ၀င်ရှင်သန်စေရန် ဆောင်ရွက်နေ ရကြောင်း ၎င်းကပြောသည်။
ထို့ကြောင့်ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ တုံ့နှေးနေ သည်ဟု အားမလိုအားမရ ပြော ဆိုနေမှုများရှိနေခြင်းဖြစ်သည်ဟု သမ္မတကပြောသည်။
‘‘အခြေခံအချက်ဆိုတာ ဘာ ကိုရည်ညွှန်းတာလဲ။ ဒါကို သေ ချာမသိရဘူး။ တကယ်ဖြစ်သင့် တဲ့ အခြေခံ အချက်ဆိုတာက တော့ တရားရေးမဏ္ဍိုင်လွတ်လပ် စွာ ရပ်တည်နိုင်ဖို့ အုပ်ချုပ်ရေးက နေ ၀င်ရောက်စွက်ဖက်နေတာကို ထိထိရောက်ရောက်ဖယ်ရှားပေး ရမယ်။ အဲဒါမှ မဏ္ဍိုင် သုံးရပ်က လွတ်လပ်စွာ ရပ်တည်နိုင်မယ်။ တခြားအချက်တွေလည်းရှိသေး တာပေါ့။ ဒါပေမဲ့ ခုချိန်ထိ ဒါ တွေကို မှန်မှန်ကန်ကန် တည် ဆောက်နေတာ မတွေ့ရသေး ဘူး’’ ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးရဲထွန်းကပြောသည်။
မကြာမီက ကျင်းပပြီးစီးခဲ့ သော ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ထိပ်သီး ခေါင်းဆောင်အချို့က မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များရပ်တန့်နေကြောင်း ဝေဖန် ပြောကြားမှုများရှိခဲ့သည်။
နိုင်ငံတော်သမ္မတအနေဖြင့် ထိုကဲ့သို့ အကြောင်းပြပြောဆိုခဲ့ သော်လည်း အခြေခံအချက်များ တည်ဆောက်သည်ဟု ပြောဆို ခြင်းသည် မည်သည့်အချက်ကို ဆိုလိုကြောင်း ရှင်းရှင်းလင်းလင်း မရှိသည့်အတွက် ခိုင်လုံသော အကြောင်းပြချက် မဟုတ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့က ဝေဖန်ပြောကြား သည်။
ထိုကဲ့သို့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ကျော်လွှားနေရသော ကာလဖြစ်သည့်အတွက် ယင်းစိန်ခေါ်မှုများကို အမျိုးသားရေး အင်အားစုအားလုံးနှင့် လက်တွဲဖြေရှင်းသွားမည်ဖြစ်ကြောင်း သမ္မတက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားသည်။
သမ္မတက ထိုကဲ့သို့ ပြော ကြားသော်လည်း အမှန်တကယ် စိန်ခေါ်မှုများကို ဖြေရှင်းလိုပါက တိုင်းပြည်တွင် အဓိကရင်ဆိုင်နေ ရသော အကျပ်အတည်း နှစ်ခု ဖြစ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကိုပြေလည်အောင် ဖြေရှင်းနိုင်ရေး သည် အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
သမ္မတ၏ ရေဒီယိုမိန့်ခွန်း တွင် ကျင်းပပြီးစီးခဲ့သော ထိပ်သီး အစည်းအဝေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ အမျိုးသားပညာရေး ဥပဒေနှင့် သက်ဆိုင်သည့်ကိစ္စ ရပ်များ၊ အမေရိကန်ဒေါ်လာဈေး ပြောင်းလဲမှုအတွက် ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍မိမိတို့အနေဖြင့် အခြေခံအချက် အလက်ဖြစ်သော ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး ဆို သည့် နိုင်ငံရေးသဘောတူညီချက် ကို ခိုင်မာစွာ ရရှိထားပြီဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ဆက် လက်လုပ်ဆောင်နေကြောင်း မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Credit - 7DAY DAILY
No comments:
Post a Comment