Tuesday, December 2, 2014

အကျများခဲ့သည့် နည်းပညာတက္ကသိုလ်အမှတ်စာရင်းများကို စတင်ထုတ်ပေးပြီ

 ရန်ကုန်၊ ဒီဇင်ဘာ ၁-ယခုနှစ် နည်း ပညာတက္ကသိုလ်စာမေးပွဲ အောင်စာရင်းတွင် ကျရှုံးခဲ့သူများနှင့် အဆင့် မငြှ့်သင်တန်းများကို တက်ရောက်ခွင့်မရရှိသူများသည် မိမိတို့၏ဘာသာရပ်အလိုက် ရမှတ်များကို သိရှိနိုင်ရေးအတွက် အမှတ်စာရင်း များကို ၂၀၁၄ခု နှစ် ဒီဇင်ဘာ ၁ရက်မှစတင်ပြီး သက်ဆိုင်ရာတက္ကသိုလ်များတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားထုတ်ယူနိုင်ကြောင်း စက်မှုနှင့် သက်မွေးပညာဦးစီးဌာန မှ ထုတ်ပန်ြလိုက်သည်။

ယခုပညာသင်နှစ်တွင် နည်းပ ညာတက္ကသိုလ်၏ အောင်စာရင်းများ တွင် ကျောင်းသားများနစ်နာမှုမရှိ စရေေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်ဆောင် ရွက်ခဲ့ပြီး အဆင့်မြင့်သင်တန်းများ တက်ရောက်ခွင့် သတ်မှတ်ရာတွင်လည်း ဝန်ကြီးဌာနအသီးသီးလက်အောက်ရှိ ထားရှိဆောင် ရွက်လျက်ရှိသော သတ်မှတ်ချက်အများစုနှင့် အလားတူဆောင်ရွက်ခဲ့ကြောင်း စက် မှုနှင့်သက်မွေးပညာဦးစီးဌာနမှ သိရသည်။

နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအောင်စာ ရင်းများကို ပြန်လည်ပြင်ဆင်ထုတ်ပြန်နိုင်ရေးကိစ္စကို သမ္မတရုံးညွှန်ကြား ချက်အရသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကျောင်းသားတွကေ ဒီလို အောင်စာရင်းတွေကို ပြန်ထုတ်ပေးဖို့ စာတင် တယ်ဆိုတာ ကျွန်တော်တို့ ဌာနဆီကို တင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဝန်ကြီးဆီနဲ့ သမ္မတရုံး ကိုတင်တာပါ။ ကျွန်တော်တို့အနေနဲ့လဲ ဒီကိစ္စကို ဆုံးဖတ်ြပေးလို့မရပါ ဘူး။ သမ္မတရုံးက ညွှန်ကြားလာမှသာ ဆောင်ရွက်ပေး လို့ရမှာပါ။ လက် ရှိတော့ အထက်ကညွှန်ကြားချက်ကို စောင့်နေရတဲ့ အနေ အထားပါ''ဟု စက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ယခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများ
၏ အောင်စာရင်းနှင့် ပတ်သက်ပြီး ကျင့်သုံးခဲ့သော မူဝါဒများသည် ပွင့်လင်းမြင် သာမှု မရှိခဲ့ကြောင်း၊ အောင်စာရင်းပြုစုရေးအဖွဲ့များက ပြုစုထုတ်ပြန်ရန် ပြင်ဆင် ထားသည့် အောင်စာရင်းများအား နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြန်လည်တောင်း၍ အောင်ချက်ရာခိုင်နှုန်း အလျှော့အတင်း
ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာတက္ကသိုလ်၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကို ချိုးဖောက်ပြီး ဗဟိုချုပ်ကိုင်မှုဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြု ရန်နှင့် နိုဝင်ဘာ ၉ရက်မှ ၁၃ရက်အထိ ကျင်းပပြုလုပ်သော အောင်စာရင်းထုတ်ပြန်ရေးဆိုင်ရာ အစည်းအဝေးမှတ်တမ်းကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်မြန်ပေးရန်တို့ကို
ကျောင်းသားများက တောင်းဆိုထားသည်။

''သူတို့ စနစ်တကျလုပ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့မှာ ဘာမှပြောပိုင်ခွင့် မရှိတော့ပါဘူး။ အဲ့ဒီစနစ်က ဘယ်လိုစနစ်လဲဆိုတာတော့ ပြန်မေးရမှာပဲ။ သူတို့ပြောတဲ့ အရည်အသွေးရှိတဲ့ ပညာရေးကိုဖြစ်ဖို့ ဘာနဲ့တိုင်းတာလဲ။ သူတို့တိုင်းတာတဲ့ စံနှုန်းတွေက ဘာတွေလဲဆိုတာတော့ ကျောင်းသား
တွေသိအောင် ပြောပပြေးဖို့တော့လိုမယ်''ဟု မှော်ဘီနည်းပညာတက္ကသိုလ်မှ ယခုနှစ်တွင် စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးက ပြောသည်။

နည်းပညာကျောင်းသားများ၏ တောင်းဆိုချက်များထဲတွင် အောင်စာရင်း ကိစ္စနှင့်ပတ်သက်၍ တရားမျှတစွာ ဖြေရှင်းပေးနိုင်သော အထူးစုံစမ်းရေး အဖွဲ့ကို နိုင်ငံတော်သမ္မတကြီးမှ ဖွဲ့စည်းပေးပြီး နစ်နာသူများအား နစ်နာမှု မရှိစေရန် အမြန်ဆုံးဆောင်ရွက်ပေးရန်တို့ကို တောင်းဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။

ATK , CCT
#‎Democracytoday‬

No comments:

Post a Comment