Tuesday, December 2, 2014

ဗိုလ်ချုပ် နှစ်တစ်ရာပြည့် ပွဲတော် နက်မောက်မှာ ၇ ရက်ကြာ ကျင်းပမယ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေဖြစ်တဲ့ နက်မောက်မြို့မှာ သူရဲ့ နှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားကို ၇ ရက်တိုင်တိုင် ကျင်းပမယ်လို့ ဗိုလ်ချုပ်နှစ်တစ်ရာပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ဦးဇော်မင်းက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ ရာပြည့်ပွဲတော်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နက်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ် ကွင်းပြင်မှာ ကျင်းပမယ်လို့ သူက ဆိုပါတယ်။

ရာပြည့်ပွဲတော် ကာလအတွင်း ဗိုလ်ချုပ်ရဲ့ အကြောင်းကို ခေတ်လူငယ်တွေ သိရှိစေဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြတ်သန်းပုံ ပြခန်းတွေကို ပြသမှာဖြစ်ပြီး နိုင်ငံကျော် သဘင်ပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်မယ်လို့ ဦးဇော်မင်းက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စိုက်ထူမယ့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကျောက်စာ ဖွင့်ပွဲ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဖွင့်လှစ်ပေးဖို့ နတ်မောက် မြို့သူမြို့သားတွေက စာပေးပို့ တောင်းဆိုထားတယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဆီကနေ သိရှိရပါတယ်။

Credit -  The Voice Weekly

No comments:

Post a Comment