ကျောင်းသားကျောင်းသူတွေ ဆီကနေ ငွေကြေးကောက်ခံလို့ ဆိုပြီး နိုင်ငံတော်သမ္မတဆီ အတိုင်ခံရတဲ့ ကျောင်းအုပ်ကြီးကို ကျောင်းပြောင်းလိုက်တယ်လို့ ကျောင်းသားမိဘ တွေဆီကနေ သိရပါတယ်။
“အချက်အလက် ခိုင်ခိုင်လုံလုံ သက်သေအထောက်အထားနဲ့ တိုင်တာကို သာမန် အပြောင်းအရွှေ့ပဲ ဆိုတာ မဖြစ်သင့်ဘူး။ ကျောင်းဆောင်ပြိုကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့တောင် ကျောင်းအုပ်ကြီးကို ရာထူး လျှော့ချသေးတာပဲ” လို့ တိုင်ကြားခဲ့တဲ့ ဦးအောင်အောင်နေဝင်းက ပြောပါတယ်။
မူလတန်းကနေ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော်ရှိတဲ့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာကြီးက ပြက္ခဒိန် တစ်စောင်ကို နှစ်ထောင်ကျပ်၊ ပညာရေး စုံညီပွဲတော်အတွက် တစ်ထောင်ကျပ်၊ စာမေးပွဲ ရေးဖြေစာအုပ်ကြေး ခြောက်ရာကျပ်ကနေ ရှစ်ရာကျပ်နဲ့ ကျောင်းသားတွေ မဝယ်မနေရဆိုပြီး ရောင်းခဲ့တာ ဖြစ်ပါတယ်။
ပြက္ခဒိန်တွေ ရောင်းချလို့ရတဲ့ ငွေကြေးဟာ စုစုပေါင်း သိန်းရှစ်ရာနီးပါး ရှိတယ်လို့လည်း ဦးအောင်အောင်နေဝင်းက ပြောပါသေးတယ်။ ဒါကြောင့် ကျောင်းသားမိဘ တစ်ဦးက သမ္မတဆီကို ဇူလိုင်လ ၂၉ ရက်နေ့က တိုင်ကြားခဲ့တာပါ။
လက်ရှိမှာ ကျောင်းပြောင်းခံရတဲ့ ကျောင်းအုပ်ကြီးနေရာမှာ တာချီလိတ်မှ ကျောင်းအုပ် ဆရာမကြီး ရောက်နေပြီဖြစ်ပါတယ်။
Credit - The Voice
No comments:
Post a Comment