Wednesday, December 3, 2014

အခြေခံပညာအဆင့်မှစ၍ပညာသင်ကြားခဲ့သည့်ကျောင်းသား ၁ဝ ရာခိုင်နှုန်း သာ တက္ကသိုလ်သို့ တက်ရောက်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂

မြန်မာ့ ပညာရေးကဏ္ဍ၌ မြန်မာတစ်နိုင်ငံ လုံးရှိအခြေခံပညာမူလတန်းအဆင့် မှစ၍ပညာသင်ကြားခဲ့သည့် ကျောင်း သားများထဲမှ ၁ဝ ရာနှုန်းသာ တက္က သိုလ်ကျောင်းတက်ရောက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ပညာရေးကဏ္ဍ အကြံပေးခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်ထံမှ သိရှိရသည်။

''လေးတန်းမှာ အများကြီးထွက် ကုန်တယ်။ ရှစ်တန်း မထွက်ဘူး။ ၁ဝတန်းမှာလဲ အများကြီးထွက်ကုန်တော့တက္ကသိုလ်ရောက်တော့ကျောင်းစဝင်ကတည်းကထက်စာ ရင် ၁ဝ ရာခိုင်နှုန်းလောက်ပဲရှိတော့ တယ်''ဟု နိုင်ငံတော်သမ္မတ၏ပညာ ရေးကဏ္ဍ အကြံပေးခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ်က ပြော သည်။


မြန်မာနိင်ငံအတွင်းမှ ကလေး များကျောင်းထွက်နှုန်းသည် ၂ဝ၁၂ ခုနစ်(CESR) စာရင်းအရ Grade 1 တွင် ၁၄ ရာခိုင်နှုန်း Grade 2 နှင့် ၃ တွင် ၅ဒသမ ၃ရာခိုင်နှုန်း၊ Grade 4 တွင် ၆ဒသမ ၂ရာခိုင်နှုန်း၊ Grade 5 တွင် ၂၁ဒသမ ၇ ရာခိုင် နှုန်း၊ Grade 6 တွင် ၆ဒသမ ၁ရာ ခိုင်နှုန်း၊ Grade 7 တွင် ၅ဒသမ၂ရာ ခိုင်နှုန်း၊ Grade 8 တွင် ၆ ဒသမ ၈ရာခိုင်နှုန်း Grade 9 တွင် ၆ဒသမ ၆ရာခိုင်နှုန်း၊ Grade 10 တွင် ၄ ဒသမ ၉ရာခိုင်နှုန်းနှင့် Grade 11 တွင် ၁၇ဒသမ ၆ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

''ကိုယ့်ကလေးကို ကျောင်းထား ချင်တာပေါ့။ ဒါပေမဲ့ စီးပွားရေးက အငယ်လေး ကအပြင်းဖျားတော့ သမီး အကြီးက ခုနစ်တန်းမှာ ကျောင်း ထွက်လိုက်ရတယ်။ အငယ်လေးက လဲစီးပွာရေးအရ ရန်ကုန်တက်လာ တော့ ခြောက်တန်းနဲ့ ကျောင်းထွက် လိုက်ရတာ၊အခုသူ့ကိုÓဏ်မကောင်း တော့ ပြန်မတက်ခိုင်း တော့ဘူး။ သူ့ အဖေကတော့ အငယ်ကောင်ကိုပြန် တက်စေချင်ပေမယ့် ဘာထူးလဲ။ ဆော့ တာကများနေတော့ ကျောင်းတက် ခိုင်းလဲထူးချွန်မှာ မဟုတ်လို့ ပန်းရန် လိုက်ခိုင်းထားတယ်''ဟု ရွှေပြည်သာ မြို့နယ် က ဒေါ်ခိုင်ပု ကပြောသည်။

ထို့ကြောင့် လက်ရှိအခြေခံသင် ရိုးညွှန်းတမ်းသည်ကျောင်းသားများ အတွက် များပြားသောကြောင့် ၂၅ ရာခိုင်နှုန်းခန့်လျှော့ချသင့်ကြောင်း၊ အလွတ်ကျက် စနစ်မှ ဆရာနှင့် ကျောင်းသား အပြန်အလှန်ဆွေးနွေး သင်ကြားသည့် နည်းလမ်းကို ကျင့် သုံးသင့်ပြီး သင်ကြားသည့် ဆရာ၊ ဆရာမများကိုလည်း သင်ကြားပေး သည့် သင်တန်းစနစ်ကိုတဖြည်းဖြည်း ပြောင်းလဲသင့်ကြောင်း ဒေါက်တာ ဒေါ်ရင်ရင်နွယ်က မြန်မာနိုင်ငံ စီး ပွားရေးအကူးအပြောင်းဆွေးနွေးစ ရာနှင့် ရွေးချယ်ရာအကြောင်းအရာ များဟောပြောပွဲ၌ ပြောကြားခဲ့သည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်ပညာသင် နှစ်တွင် မူလတန်းကျောင်းအပ်နှုန်း သည် ၁ဝ၈ဒသမ ၅၆ရာခိုင်နှုန်း၊ အလယ်တန်းတွင် ၆၃ဒသမ ဝ၃ရာ ခိုင်နှုန်းနှင့် အထက်တန်းတွင် ၃၆ ဒသမ ဝ၃ ရာခိုင်နှုန်းရှိပြီး ၂ဝ၁၄- ၂ဝ၁၅ခုနှစ် ပညာသင်နှစ်တွင် မူလ တန်း ၁၁၂ ဒသမ ၃၄ရာခိုင်နှုန်း၊ အလယ်တန်း ၆၉ဒသမ ၈၂ရာခိုင် နှုန်း၊ အထက်တန်းတွင် ၄၁ဒသမ ၉၄ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေးဘတ် ဂျက်သည် ၂ဝ၁၄-၂ဝ၁၅ခုနှစ်တွင် ငါးဆတိုးလာသော်လည်း ကျန်အာ ဆီယံနိုင်ငံများထက် ပညာရေးဘတ် ဂျက်သုံးစွဲမှုသည် ခြောက်ရာခိုင်နှုန်း ခန့် ရှိနေသဖြင့် နောက်ဆုံးအဆင့် တွင်ရောက်ရှိနေဆဲဖြစ်ကြောင်း သိ ရသည်။

KSL (MMK)

#Democracytoday | (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================================
#YangonMediaGroup | #MZK | www.yangonmedia.com

 
 

No comments:

Post a Comment