Tuesday, December 2, 2014

သံဃာများ ပါတီထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ တောင်းဆိုထားသည်ဟုဆိုခြင်းကို မ.ဘ.သ ငြင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁-၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီထူထောင် ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်
ရေးအဖွဲ့ကတောင်းဆိုထားသည်မှာ မဟုတ်မှန်ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။
လွှတ်တော်တွင်း သံဃာအ မတ် ၂၀ ရာခိုင်နှုန်းပေးရမည်အစရှိသည့် တောင်း ဆိုချက်များ ရေးသားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့်
ရှောက်ရေး(ဗဟို)၏ ထုတ်ပြန်ချက်ဟု ဖော်ပြထားပြီး၊ မဘသ(ဗဟို) ဥက္ကဋ္ဌဆရာ

တော်၏ လက်မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် အထက်ပါအချက်များ ကို သံဃာများ လက်မှတ်ထိုးတောင်းဆိုသွား မည်ဖြစ်ပြီး ခွင့်ပြုမပေးပါက ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ သံဃာတော်များ တစ်ပြည်လုံးအတိုင်းအတာဖြင့် သပိတ်မှောက်သွားမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာ တော်ဘဒ္ဒန္တတိလောကာဘိဝံသက ''ဒီဟာကို ဆရာတော်တို့ထုတ်တာ လုံးဝမဟုတ်ပါဘူး။ မဘသလိုဂိုကို ယူပြီး အတုထုတ် ထားတာ။ ဆရာတော်တို့ရည်ရွယ်ချက်က ဘယ်လူမျိုး ဘယ်ဘာသာကိုမှ တိုက်ခိုက်ဖို့ မဟုတ်သလို မုန်းတီးရေးလဲ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်လူမျိုးကို စော်ကားထိပါးလာတာကို ကာကွယ်ပေးတဲ့သဘောပဲ''ဟု မိန့်ကြားသည်။

SYMZ
‪#‎Democracytoday‬

No comments:

Post a Comment