ရန်ကုန်၊ နိုဝင်ဘာ ၃၀- တိုင်းရင်း သားပါတီများနှင့် တိုင်းရင်းသားအဖွဲ့
အစည်း များအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြားသွား မည် ကို
စိုးရိမ်လျက် ရှိကြောင်း 141 + Political Action Committee ကိုယ် စားလှယ်
ဦးရွှေစင်ထွန်း က ပြောသည်။
ဒီဇင်ဘာလ တွင်ပြုလုပ်မ ည့် မြန်
မာလူထုဖိုရမ်တွင်''တိုင်းရင်းသားနှင့်
ငြိမ်းချမ်းရေး''ခေါင်းစဉ်ဖြင့်တင်ပြရန် အတွက် ပြည်တွင်း တိုင်းရင်းသားပါ
တီများ၊ တိုင်းရင်းသားအဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများ၊
နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ဦးရွှေစင်ထွန်းကတွေ့ ဆုံဆွေးနွေးရာတွင်
ယင်းကဲ့သို့စိုး ရိမ်လျက်ရှိကြောင်း သိရှိခဲ့ရသည်။
''သိပ်တော့မပြောချင်ပေမယ့် ဆွေးနွေးပြီးသလောက် တိုင်းရင်းသား တွေရဲ့ သဘော
ထားကို ပြောရမယ် ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြန့် ကြာတာကို
စိုးရိမ်နေကြသလို၊ ပျက် သွားမှာကိုလဲ စိုးရိမ်နေကြတဲ့ သဘော ထားတွေ
တွေ့ရတယ်''ဟုဦးရွှေစင် ထွန်းက ပြော သည်။
တိုင်းရင်းသားအဖွဲ့အစည်းများ နှင့်တွေ့ဆုံဆွေးနွေးရာတွင် နိုဝင်ဘာ ၂၉ ရက်က
ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း အဖွဲ့ဝင် ရှမ်း၊ ချင်း၊ မွန်၊
ရခိုင်ပါတီ တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက်တိုင်းရင်းသား များ၏
သဘောထားကို ဦးရွှေစင် ထွန်း က ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင်
တစ်နိုင်ငံလုံး အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆို နိုင်ရန်
ဆွေးနွေးပွဲကို ဒီဇင်ဘာပထမ ပတ်တွင် ပြုလုပ်မည် ဟုနှစ်ဖက်တာ ဝန်ရှိသူများက
ပြောကြားထားပြီး တစ် ချိန်တည်းမှာပင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့
အချို့နှင့် တပ်မတော် ကြားတွင်ပြဿနာ အချို့ဖြစ်ပေါ်လျက် ရှိသည်။
သို့ဖြစ်ရာ တိုင်းရင်းသားနိုင် ငံရေးပါတီ များ၊ တိုင်းရင်းသားအဖွဲ့
အစည်းများ ကသာမ က နိုင်ငံရေးအ သိုင်းအဝိုင်းနှင့်ပြည်သူလူထု ကလည်း
ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲရေး စာချုပ်မချုပ်ဆိုနိုင်မည်ကို စိုးရိမ်ပူ
ပန်မှုများဖြစ်ပေါ်လျက် ရှိသည်။
141+Political Action Committee
အနေဖြင့် အခြားတိုင်း ရင်းသားပါတီ အဖွဲ့အစည်းများနှင့်
ထပ်မံတွေ့ဆုံမည်ဖြစ်ပြီးတွေ့ ဆုံဆွေးနွေး ရာတွင် တိုင်းရင်း သားများအခန်း
ကဏ္ဍ၊ လိုအပ်ချက်၊ သဘောထား အမြင်များ၊ တိုင်းရင်းသားများ၏ အစိုးရအပေါ်အမြင်၊
တိုင်းရင်းသား များ၏ ရပ်တည်ချက်၊ ဖက်ဒရယ်ပြည် ထောင်စုနှင့်ပတ်သက်ပြီး
တိုင်းရင်း သားများ၏ သဘောထားတို့ ကို ဆွေး နွေးမေးမြန်းရန် စီစဉ် ထားသည်။
NTDW
#Democracytoday
No comments:
Post a Comment