Saturday, December 6, 2014

ကလေးတွေကို ကာကွယ်ဖို့ အစီအစဉ် ရုပ်သံကနေ ပြမယ်

 ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးဆိုင်ရာ ရုပ်သံတွေကို ကျန်းမာရေးဝန်ကြီးဌာန ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ UNICEF တို့ပူးပေါင်းပြီး မြန်မာ့အသံ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

“ကလေးတွေကို မတရား အလွဲသုံးစားလုပ်တာတွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ပေးနိုင်ဖို့ လုပ်တာပါ” လို့ ယူနီဆက် (မြန်မာ) ဌာနကိုယ်စားလှယ်၊ မစ္စတာ ဘက်စထိန် ဘိန်းဘဲ(လ်) က ပြောပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ စပြီး လုပ်နိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းပြီး ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမှာဖြစ်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အာဟာရ ရရှိရေး၊ မွေးစာရင်း ရရှိရေးနဲ့ မိသားစုထဲကနေ တကွဲတပြား နေထိုင်တာကနေ ကာကွယ်နိုင်ဖို့ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ခုလို လုပ်တာဟာ ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လာမှာ ဖြစ်တယ်လို့ ပြန်ကြားရေး၊ ဒုဝန်ကြီး ဦးပိုက်ထွေးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၂ သန်းရှိပြီး အိမ်ထောင်စုတွေမှာ ရုပ်မြင်သံကြားစက် ပိုင်တဲ့ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဆီကနေ သိရပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment