ရန်ကုန်၊ ဒီဇင်ဘာ ၃- တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက် အအုံ ပြန် လည်ဆောက်လုပ်ခွင့်ပေး ရန် နိုင်ငံတော်သမ္မတထံ ဆန္ဒပြ တောင်းခံ သွား မည်ဖြစ်ကြောင်း သိ ရသည်။
အဆိုပါဆန္ဒပြ ပွဲကို လာမည့် ဒီဇင်ဘာ ၆ရက် နံနက် ၉နာရီတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ပြု လုပ်မည်ဖြစ်ပြီး ဒေါက်တာအောင် ခင်ဆင့် (ယခင်မြန် မာ နိုင်ငံ ကျန်းမာ ရေးဝန်ထမ်းများ သမဂ္ဂဥက္ကဋ္ဌ)က ဦးဆောင်သော လူငါးဆယ် ခန့်ဖြင့် ဆန္ဒပြခြင်းကို ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာ အောင်ခင်ဆင့်က ''ကျွန်တော်ဦး ဆောင်ပြီး လုပ်တာဆိုပေမယ့် တစ် ကိုယ်တော်ဆန္ဒပြတယ်လို့တော့ မ ပြောပါဘူး။ ဒါနဲ့ပတ် သက်ပြီး ကျောက် တံတားမြို့နယ်ရဲစခန်းကို ခွင့်ပြု ချက်တောင်းတော့ လူဦးရေဘယ် လောက်ပါမလဲမေးပါတယ်။ လူငါး ဆယ်ထက် မနည်းပါမယ် လို့ ဖြေခဲ့ ပါတယ်။ နေရာကို ရန်ကုန်မြို့တော် ခန်းမကြီးရှေ့ ဆန္ဒပြခွင့်တောင်း တယ်။ သူတို့ဘက် က မြင်းပြိုင်ကွင်း က ပြည်သူ့ဟစ်တိုင် မှာပြဖို့ ပြောတာ ရှိတဲ့အတွက် ကျွန်တော်ကတော့ မြို့တော်ခန်းမရှေ့မှာ မဟုတ်ရင် ဘယ်မှာမှ မလုပ်ဘူး ဆုံးဖြတ်ထား တယ်။ နေရာအတိအကျကတော့ ၄ရက်နေ့မှ အဖြေ ထွက်မယ်။ ပြည် သူ့ဟစ်တိုင်မှာဆန္ဒပြဖို့ အမိန့်ကျခဲ့ ရင်လည်း ဆုံးဖြတ်ချက် မပြင်ဘူး။ ကျွန်တော်ကတော့ မြို့တော်ခန်းမ ရှေ့မှာ ပဲ ဟော လည်းဟော မယ်၊ ပြောလဲပြောမယ်။ ခွင့်မပြုလို့ ဖမ်းမယ် ဆိုရင်လဲ အဖမ်းခံ ဖို့အသင့်ပဲ''ဟု ပြော သည်။
ဆန္ဒပြရာ၌ 'ဗိုလ်ချုပ်အသက် နှစ်(၁၀၀)မှာ သမဂ္ဂအသစ်ဆောက် ကြပါ'၊ 'တက္ကသိုလ်ကျောင်းသားအ ရေး သမဂ္ဂအဆောက်အအုံမှာ လုပ် လို့ပေး'၊ 'သမဂ္ဂအဆောက် အအုံပေါ် လာရေး ကော်မတီဖွဲ့၍ ဆောင်ရွက် ပေး'၊ 'တက္ကသိုလ်သမဂ္ဂအဆောက် အအုံဟာ ကျောင်း သားတွေအတွက် လိုအပ်တာ' အစရှိသည်တို့အား ကြွေးကြော်ခြင်း၊ 'တက္ကသိုလ်ကျောင်း သားများသမဂ္ဂ အဆောက် အအုံ ဆောက် လုပ်ရန် သမ္မတကြီးထံ ဆောက်ခွင့်မိန့်တောင်းခံ'၊ 'တက္ကသိုလ် ကျောင်းသားများ လုပ်ကိုင်ဆောင် ရွက်ရန် သမဂ္ဂအဆောက်အအုံ ရှိကို ရှိရပါမည်'၊ 'ဆောက်ခွင့်မိန့် ချပေး ပါ' စသည့် စာတန်းများပါရှိသည့် ပိုစတာများကိုလည်း ကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းခံသွား မည်ဖြစ်ကြောင်း သိရသည်။
''တက္ကသိုလ် သမဂ္ဂ အဆောက် အအုံကို ဆုံးဖြတ်ချက်ချပြီး မိုင်းခွဲ ခဲ့တဲ့နေ့၊ အဲဒီအချိန်မှာ ကျွန်တော် က ဆေးတက္ကသိုလ်နောက် ဆုံးနှစ် ကျောင်း သားပါ။ သမဂ္ဂအဆောက် အအုံကြီးကို မိုင်းခွဲလိုက်တဲ့အခါ ကျွန်တော်တို့ ဟောက် ဆာဂျင်ဆရာ ဝန်တွေကနေ ဒဏ်ရာရကျောင်းသား တွေကို ရန်ကုန်ပြည် သူ့ဆေးရုံ ကြီးကို ပို့ပေးဖို့ ကူညီခဲ့ကြရပါတယ်။တက္က သိုလ်ကျောင်းသားသမဂ္ဂ အဆောက် အအုံကြီးကို မိုင်းခွဲခဲ့တာနဲ့ ပတ် သက်ပြီး အင်မတန်စိတ်နာနေတဲ့ သူတစ်ယောက်ဖြစ်တယ် ဆိုတာကို ပြောချင်တာပါ ပဲ''ဟု ဒေါက်တာ အောင် ခင်ဆင့်က ဒီဇင်ဘာ ၃ရက်က MJN ရုံးခန်း၌ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းသို့ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ အဆောက်အအုံ ပြန် လည် တည်ဆောက်ရေး အတွက် ဆန္ဒ ပြဟောပြောခြင်း၊ စီတန်းလှည့်လည် ဆန္ဒပြခြင်း တို့၌ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများအဖွဲ့ချုပ်၊ တက္က သိုလ်ကျောင်း သားများသမဂ္ဂ တို့အ နေဖြင့်လည်း ပူးပေါင်းပါဝင် သွား မည် ဖြစ်ကြောင်း သိရသည်။
CCT
#Democracytoday
No comments:
Post a Comment