Tuesday, December 2, 2014

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ ထပ်တွေ့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁-ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်သည် အရပ် ဘက် အဖွဲ့အစည်းများနှင့် ယခု လတတိယပတ်အတွင်း တွေ့ဆုံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် အရပ်ဘက်အဖွဲ့ အစည်း များနှင့် ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးဆိုင်ရာ ကိစ္စရပ် များအတွက် ဒီဇင်ဘာ လ တတိယ ပတ်အတွင်း တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးလုပ်ငန်းများ လုပ်ဆောင်လျှက် ရှိ Myanmar Network for free and fair Elections foundation မှ အထွေထွေ အတွင်းရေးမှူး မဇင် မာဦးက ''ဒီဇင်ဘာ ၁၅ရက်နေ့ တွေ့ဖို့ ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် က ပြောတယ်။ အရင်တစ်ခေါက် တွေ့ တုန်းက ရွေးကောက်ပွဲကော်မ ရှင်ကိုတင်ပြထားတဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေ ဘက်က ရေးဆွဲထား တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ထုံး လုပ်နည်း code of conduct နဲ့ပတ်သက်ပြီး ဆွေးနွေးသွား ဖို့စီစဉ်ထားတယ်'' ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ချိုက ''တွေ့ဖို့ရက် ကို အတည်တော့မပြု နိုင်သေးဘူး။ တွေ့ဖို့တော့ရှိနိုင် တယ်။ ဘာလို့ဆိုလုပ်ပေး မယ့် အဖွဲ့ အစည်းပေါ်မှာ မူတည်တယ်'' ဟု ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးလုပ်ငန်းစဉ်များကို ဆောင် ရွက်ရာတွင် ပိုမိုချောမွေ့စေရန် ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ထုံးလုပ်နည်း များကို အရပ်ဘက် အဖွဲ့အစည်းများအား ရေးဆွဲတင်ပြ ရန် ပြည်ထောင် စု ရွေးကောက် ပွဲကော် မရှင်က အောက်တိုဘာလအတွင်း က ကမ်းလှမ်းထား သည့် အတွက် အ ရပ်ဘက်အဖွဲ့အစည်းများမှ အောက် တိုဘာလအတွင်း က တွေ့ဆုံရာတွင် တင်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မဲစာရင်းကောက်ယူရေး အတွက် အောက် တိုဘာ ၂၀၊ ၂၁ရက် များတွင် အရပ်ဘက်အဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီ များနှင့် တွေ့ ဆုံ ဆွေးနွေးခဲ့သည်။

HM
‪#‎Democracytoday‬

No comments:

Post a Comment