Saturday, December 6, 2014

ပညာရေးအဆောက်အအုံများဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်မပြည့်မီပါက ဆောက်လုပ်သည့်ကုမ္ပဏီကို အမည်မည်းစာရင်းသွင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၅- ရန်ကုန် တိုင်းဒေသကြီးအတွင်း ပညာရေးအ ဆောက်အအုံ များဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီများအနေဖြင့် အ ဆောက် အအုံများ ဆောက် လုပ် ရာတွင် သတ်မှတ်စံချိန်စံညွှန်းများမပြည့်မီ ပါက အဆိုပါကုမ္ပဏီ ကိုအမည်မည်း စာရင်း သွင်းပြီး နောင် တွင် ဌာနဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန် ကြီးဒေါက် တာ ဦးမြင့်သိန်းက ပြောသည်။

ဒီဇင်ဘာ၎ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်း အဝေးတွင် တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စား လှယ် ဦးသောင်း ကျော်၏ တိုင်းဒေသကြီးအတွင်း ပညာရေးအဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ခွင့်ရ ရှိသည့် ကုမ္ပဏီများ၏ပြုပြင်ဆောက် လုပ်ခြင်းများနှင့် ပတ်သက်၍ ဘဏ္ဍာ ရေးနှစ်အလိုက် ခွင့်ပြုကျောင်းအရေ အတွက်ခွင့်ပြုငွေပမာဏမည်မျှရှိ သည်ကိုလည်းကောင်း၊ ခွင့်ပြုချက် နှင့်မကိုက်ညီ ဘဲ အရည်အသွေးညံ့ ဖျင်းမှုအပေါ် ဆောက်လုပ်ခွင့်ရကုမ္ပဏီ များအား မည်သို့ အရေး ယူဆောင် ရွက်ထားသည်ကို သိရှိလိုကြောင်း မေး မြန်းမှုအပေါ် လူမှုရေး ဝန်ကြီးဒေါက် တာဦးမြင့်သိန်းက ပြောကြားသည်။

''ကုမ္ပဏီများအနေနဲ့ဆောက် လုပ်ရန် လိုအပ်မှုမှားယွင်းမှုများဖြစ် ခဲ့ပါက ကုမ္ပဏီ က ပြန်လည်ပြုလုပ်ပေး ရန်နှင့် နောက်နောင်တွင် ယင်းကဲ့သို့ ဆောက် လုပ် မှုမပြုရန်သတိပေးပါ တယ်။ သတ်မှတ်ပုံစံကနေလုံးဝသွေ ဖည်သွားပြီး ပြန်လည်ပြုပြင်ရန်မရ နိုင်သောအခြေ အနေဖြစ်ရင် စံချိန်စံ နှုန်းမပြည့်မီရင် ကုမ္ပဏီနဲ့ချုပ်ဆိုထား တဲ့ စာချုပ်ပါစည်းကမ်းအတိုင်းကုမ္ပဏီ ကိုအရေးယူခြင်း အပြင် နောင်ဆောင် ရွက်ရမည့်ဌာနလုပ်ငန်းများအတွက် ကုမ္ပဏီကို Black List (အမည်မည်း စာရင်း)သွင်း ပြီး ဆောက်လုပ်ခွင့်မပေး တော့ပါဘူး''ဟု ယင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရသစ် သက်တမ်းအတွင်း ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်ပညာရေး အဆောက်အအုံပေါင်း ၁၁ရဆောင် ဆောက် လုပ်ခဲ့ပြီး ကုန်ကျတန်းဖိုငွေ ကျပ် ၃၆၆၅ဒသမ၇၁သန်း ၊၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ၂၂၈ ဆောင် ဆောက် လုပ်ခဲ့ပြီး ကုန်ကျငွေ၉၅၇၈ ဒသမ ၁သန်း၊၂ ဝ၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်တွင် ၆၁၆ ဆောင် ကုန်ကျငွေ ၁၉၇၅၅ဒသမ ၉၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၄၂၂ ဆောင်ကုန် ကျငွေ ၂၇၂၀၆ ဒသမ ၉၁သန်းဖြင့် ပညာရေးအဆောက်အအုံများဆောက် လုပ်ကုန်ကျ သုံးစွဲခဲ့ကြောင်း လူမှုရေး ဝန်ကြီး၏ ပြောကြားချက်အရ သိရ သည်။

YM
‪#‎Democracytoday‬

No comments:

Post a Comment