Wednesday, December 3, 2014

မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့သည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက် ရာတွင် နိုင်ငံသားများ၏ဆုံးဖြတ်ချက်နှင့် ပါဝင်လုပ်ဆောင်မှု လိုအပ်ဟု နော်ဝေ ဘုရင်ဟာ ရယ်ပြော ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂-မြန်မာနိုင်ငံ တွင် ရေရှည် တည်တံ့ သည့် ဒီမိုကရေ စီနိုင်ငံကို တည်ဆောက် ရာတွင် နိုင်ငံ သားများ၏ ဆုံးဖြတ်ချက်နှင့် ပါဝင် လုပ်ဆောင် မှု လိုအပ်ကြောင်း နော်ဝေ ဘုရင်ဟာရယ်က ပြောကြား လိုက် သည်။

မြန်မာနိုင်ငံသို့ အလည် အပတ် ရောက်ရှိနေသော နော်ဝေဘုရင် ဟာရယ်သည် ဒီဇင်ဘာ ၂ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်းပြောကြား ရာ၌ ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

''ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဒီမို ကရေစီနိုင်ငံ တည်ဆောက်နိုင်မယ့် မျှော်မှန်းချက်ကို အကောင်အထည် ဖော်ရာမှာ သင်တို့တိုင်းပြည် ၏ ပြည် သူပြည်သားတိုင်းရဲ့ ဆုံးဖြတ်ချက်နှင့် ပါဝင်လုပ်ဆောင် မှုလိုအပ်ပါတယ်'' ဟု နော်ဝေဘုရင်ဟာရယ်က ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတက် လာပြီးနောက် အချို့ သော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ဆောင်ရွက်ရာ တွင် ပြည်သူ အချို့၏ ကန့်ကွက်မှုများ တွေ့ကြုံနေရသည် ဖြစ်ရာ ယင်းဖြစ်ရပ်များကို ကျော်လွှား နိုင်ရန်အတွက် ပြည်သူများအကြား ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက် ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာ သူအချို့က သုံးသပ်ကြသည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ တစ်ဦးက''အခု ကျောက်မီးသွေးစက် ရုံတည်ဆောက်မယ့် လုပ်ငန်းတွေ မှာ ဒေသခံပြည်သူအချို့ရဲ့ ကန့်ကွက် မှုတွေ ၊ အထူးစီးပွားရေးဇုန်တွေမှာ ပြည်သူအချို့ရဲ့ ကန့်ကွက်မှုတွေနဲ့ အခြား ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်း တွေမှာ ဒေသ ခံတွေရဲ့ ကန့်ကွက် မှု တွေ ကြုံရတာတွေရှိတယ်။ တကယ် တမ်းပြောရင် လက်ရှိစီမံကိန်းတော် တော်များများ ကောင်းမွန်ပါတယ်။ သို့သော် ပြည်သူတွေနဲ့ ပွင့်လင်းမြင် သာမှုရှိရှိ မဆောင်ရွက်နိုင်ခဲ့တဲ့အ ခါကြတော့ ကန့်ကွက်တာတွေကြုံရ တာဖြစ်ပါတယ်။ နောက် တချို့ ပြည် သူတွေကလည်း စီမံကိန်းတွေရဲ့ သ ဘောသဘာဝကို နားမလည်တာမျိုး တွေရှိတော့ သူတို့တွေကို နားလည် အောင် သေချာ ရှင်းပြနိုင်ဖို့ လိုပါ တယ်''ဟု သုံးသပ်ပြောသည်။

ထို့အပြင် နော်ဝေဘုရင်ဟာရယ် က အကူးအပြောင်းဖြစ်စဉ်တွင် ရင် ဆိုင်ရမည့် အခက်အခဲများကို နား လည်သဘောပေါက်ပါကြောင်း၊ ပွင့် လင်းမြင်သာသည့် စီးပွားရေးစနစ် ကို ကူးပြောင်းရာတွင် မြန်မာနိုင်ငံ အနေဖြင့် ကျော်လွှားရမည့် အခက်အ ခဲများ ရှိမည်ဖြစ်ကြောင်း ၊ ဆက်လက် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း စိန်ခေါ်မှုများစွာ ကို ရင်ဆိုင်ရဦးမည်ဖြစ်ရာ ရေရှည် တည်တံ့ခိုင်မြဲ မည့် ငြိမ်းချမ်းရေး ရ ယူတည်ဆောက်သည့် ဖြစ်စဉ်တွင် အချိန်ယူရမည်ဟု ပြောကြားခဲ့သည်။

''နော်ဝေနိုင်ငံရဲ့ ဖွဲ့စည်း ပုံအ ခြေခံဥပဒေ နှစ် ၂ဝဝပြည့် အထိမ်း အမှတ်ကို ဒီနှစ်နော်ဝေနိုင်ငံမှာ ဂုဏ် ပြုကျင်းပလျက်ရှိပါတယ်။ ကျွန်တော် တို့ရဲ့ အခြေခံဥပဒေဟာ ပြောင်းလဲ နေတဲ့ သဘောသဘာဝရှိတဲ့ ကျွန် တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို အခြေ ခံပြီး၊ ကျွန်တော်တို့ရဲ့ လူမှုအခွင့်အ ရေးများကို ထိန်းသိမ်းစောင့်ရှောက် ထားသော၊ အသက်ရှင်သော ပဋိညာဉ် တစ်ခုဖြစ်ပါတယ်။ ၎င်းကိုလက်ခံသ ဘောတူ လိုက်နာကျင့်သုံးခဲ့သည့် ၁၈၁၄ခုနှစ်မှစ၍ ယခုတိုင် အကြိမ် ပေါင်း ၂ဝဝထက် မနည်း ပြောင်း လဲ ပြင်ဆင်ပြီး ခဲ့ပါပြီ။ ဥပဒေအရ ပြဋ္ဌာန်း ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိမယ့် အချက်အလက်များဟာ ပြည်သူများအတွက် အကောင်းဆုံး အကျိုးသက်ရောက်မှု မရှိခဲ့လျှင် ၎င်း တို့ကိုပြင်သင့်သည်၊ ပြင်လည်းပြင်ရ မည်ဟု ကျွန်တော်တို့ရဲ့ အခြေခံဥပ ဒေတွင် ဆိုထားပါတယ်'' ဟု ပြော ကြားခဲ့သည်။

နော်ဝေဘုရင်က ဆက်လက် ၍ ''၁၉၀၅ခုနှစ်မှာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံ မှာ ပြည်ဝတဲ့လွတ်လပ်ရေးကို ငြိမ်း ချမ်းစွာရရှိခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ လူ့ ဘောင်အဖွဲ့အစည်းကို ပြန်လည်တည် ဆောက်ရေးမှာ ကြီးမားစွာ အားထုတ် မှုပြုခဲ့ရပါတယ်။ နော်ဝေနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ များပြားလှတဲ့ သဘာဝသယံဇာတ များကို သတိကြီး စွာနှင့် စီမံခန့်ခွဲနိုင် ခဲ့မှုကြောင့် ကျွန်တော်တို့နော်ဝေ ပြည်သူများဟာ အဆင့်အတန်းမြင့် မားပြီး အရည်အသွေးရှိတဲ့ လူမှုဘဝ ကို ခံစားနေရပါပြီ''ဟု ပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးရဲမင်းဦးက ''နော်ဝေနိုင်ငံက ကျွန် တော်တို့နိုင်ငံနဲ့ဆင်တူတဲ့ အနေအ ထားကို ဖြတ်သန်းခဲ့ တာတွေ့ရ တယ်။ ဒီအခြေအနေမှာ ကောင်းမွန်တဲ့စီမံ ခန့်ခွဲမှုတွေနဲ့ ဖြတ်သန်းနိုင်ခဲ့တဲ့အ တွက် ဒီလိုချမ်းသာတဲ့နိုင်ငံတစ်ခု ဖြစ်လာတာ။ ကျွန်တော် တို့ နိုင်ငံက ဒီလိုအခြေအနေမျိုးကြုံခဲ့ရပေမယ့် အတွေ့အကြုံမရှိခဲ့တဲ့အတွက် အခု လိုအခြေအနေတွေ ဖြတ်သန်းခဲ့ရ တာဖြစ်ပါတယ်။ အခုဆိုသယံဇာတ တွေလည်း ကုန်သလောက်ဖြစ်သွား တာတွေ့ရပါတယ်''ဟု သုံးသပ်ပြော သည်။

Photo Caption :: နော်ဝေ ဘုရင်ဟာရယ် ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားစဉ်။ Photo - AFP

TKZ
#Democracytoday


 
 

No comments:

Post a Comment