ရန်ကုန်၊ ဒီဇင်ဘာ ၂
တရားခံပြေးအဖြစ် ထိန်းသိမ်းခံထားရတဲ့ Father
Land ကုမ္ပဏီပိုင်ရှင်ဖြစ်သူကို ကျန်းမာရေး အခြေအနေကြောင့် ကျောက်တံတား
မြို့နယ် တရားရုံးက ကျပ်သိန်းတစ်ထောင်နဲ့ အာမခံပေးလိုက်တယ်လို့
အဲဒီတရားရုံးကနေ သိရပါတယ်။
အင်းစိန် အကျဉ်းထောင်မှာ
ထိန်းသိမ်းခံထားရတဲ့ Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို
လိမ်လည်မှုနဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်
တရားရုံးထုတ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ်၊
ပန်းဆိုးတန်း အလယ်ဘလောက်မှာရှိတဲ့ မြေအကျယ် ပေ ၁၀၀×၆၀ ကို မြေပိုင်ရှင်ရဲ့
ခွင့်ပြုချက် မရရှိဘဲ လက်မှတ်အတုတွေ ပြုလုပ်ပြီး စည်ပင်ခွင့်ပြုချက်
ရယူပြီးတော့ ၁၂ ထပ်တိုက် ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးစီးအောင်
ဆောက်လုပ်ခြင်း မရှိခဲ့ဘူး ဆိုပြီးတော့ မြေပိုင်ရှင်ဖြစ်သူက
တရားစွဲဆိုခဲ့လို့ Father Land ကုမ္ပဏီ ပိုင်ရှင်ကို ဖမ်းဆီး
အရေးယူခဲ့တာလို့ ကျောက်တံတားမြို့မ ရဲတပ်ဖွဲ့စခန်းကနေ သိရှိရပါတယ်။
မြေပိုင်ရှင်က စက်တင်ဘာလ ၉ ရက်နေ့မှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဦးကျော်မြင့်က
ရဲစခန်းသို့ လာရောက် စစ်ဆေးမခံလို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ
ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး
ဝင်းတင်က ပြောပါတယ်။
ဖမ်းဝရမ်းထုတ်ပြီး ၁၄ ရက်အကြာမှာတော့ Father Land ကုမ္ပဏီ ပိုင်ရှင် ကိုယ်တိုင် လာအဖမ်းခံခဲ့တာ လို့လည်း သူကရှင်းပြပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment