Saturday, December 6, 2014

SNDP မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး SNLD ပါတီသို့ ကူးပြောင်း

 ရန်ကုန်၊ ဒီဇင်ဘာ ၅- ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SN DP) မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ထပ်မံနုတ်ထွက် ကာ ရှမ်းတိုင်း ရင်း သားများဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ (SNLD) သို့ ကူး ပြောင်းသွားကြောင်း သိရသည်။

ကူးပြောင်းသွားသူနှစ်ဦးမှာ ရှမ်းပြည်နယ်လွှတ်တော်၏ လဲချား မဲဆန္ဒနယ်မှ ကိုယ်စား လှယ်စိုင်းကျော် ဇေယျနှင့် နမ့်ဆန်မြို့နယ်ကိုယ်စား လှယ် စိုင်းသူရိန်ဦး တို့ဖြစ်ကြောင်း သိရသည်။

''နမ့်ဆန်က တစ်ယောက်က တော့ ရုံးပေါ်တောင်မတက်ဘူး။ သူများကို နုတ်ထွက် စာ လာပေးခိုင်း တယ်။ အဓိကကတော့ ရှမ်းနှစ်ပါတီ ပူးပေါင်း ဖို့မဖြစ်နိုင်သေး လို့ ကူးပြောင်း သွားတယ်ပြောတယ်''ဟု SNDP ပါတီ တောင်ကြီး မြို့နယ်ဥက္ကဋ္ဌဦးစော ယွန်းပိုင်က ပြောသည်။

ပါတီမှ တာဝန်ရှိသူ တစ်ဦးက လည်း ပါတီကိုယ်စားလှယ်လောင်း စာရင်းရွေးချယ် ရာတွင် အဆိုပါ နုတ်ထွက်သွားသူနှစ်ဦး၏ အမည် စာရင်းမပါဝင်သည့်အတွက် နုတ် ထွက်သွားခြင်းဖြစ်ကြောင်း၊ SNLD သို့ ကူးပြောင်းသွားသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး နုတ် ထွက် သွားသူနှစ်ဦးကို ဆက်သွယ်မေးမြန်း သော် လည်း စက်ပိတ်ထားသည်။

နုတ်ထွက်ရခြင်း အကြောင်း ရင်းမှာလည်း နှစ်ပါတီပူးပေါင်းမည့် အရေးကိစ္စတွင် SNLD ပါတီဘက် မှ နှောင့်နှေးကြန့်ကြာနေသည့် အ ကြောင်းပြချက်ဖြင့် နုတ်ထွက် သွား ကြခြင်းဖြစ်ကြောင်း သိရသည်။

NTDW
‪#‎Democracytoday‬

No comments:

Post a Comment