ရန်ကုန်၊ ဒီဇင်ဘာ ၁
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ
စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးကို ခြောက်ကြိမ်မြောက်အဖြစ်
ရမန်ယူဖို့ မနက်ဖြန် ရုံးထုတ်မယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး
ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောပါတယ်။
မြန်မာနှစ်ဦးကို ကော့စမွေတရားရုံးမှာ ဒီဇင်ဘာလ ၂ရက်နေ့ နံနက်ပိုင်းမှာ
ရုံးထုတ်မှာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ကို စောင့်ကြည့်ပြီးတော့ အာမခံ
လျှောက်ထားရေး ကိစ္စတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။
“မနက်ဖြန်တော့ အာမခံ မတင်ဖြစ်ဘူး။ မနက်ဖြန် ရုံးထုတ်တဲ့ အခြေအနေကို
ကြည့်မယ်။ ဘယ်လို ထူးခြားချက်ရှိလဲ။ လိုအပ်တာကို ထိုင်းရှေ့နေတွေနဲ့
ဆောင်ရွက်မယ်”လို့ ဦးထူးချစ်က ပြောဆိုပါတယ်။
မြန်မာနှစ်ဦးကို
ငါးကြိမ်မြောက်အဖြစ် နောက်ထပ် ၁၂ ရက် ထပ်မံထိန်းသိမ်းထားဖို့
ကော့စမွေတရားရုံးက နိုဝင်ဘာလ ၂၀ ရက်နေ့က ခွင့်ပြုခဲ့ပြီး မြန်မာတစ်ဦးအတွက်
အနည်းဆုံး ဘတ်ငါးသိန်းနဲ့ အာမခံ လျှောက်ထားနိုင်တယ်လို့လည်း
ခွင့်ပြုခဲ့ပါတယ်။
မြန်မာနှစ်ဦးအတွက် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အာမခံ
လျှောက်ထားခဲ့ပေမယ့် နိုင်ငံခြားသားဖြစ်မှု၊ ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့
စွဲဆိုခံရမှု၊ ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်နေတယ်ဆိုပြီး အာမခံကို တရားရုံးက
ပယ်ချခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဥပဒေအရဆိုရင် ဖမ်းဆီးခံ
မြန်မာနှစ်ဦးကို ၈၄ ရက်ကြာ ထိန်းသိမ်းထားနိုင်ပါတယ်။ လိပ်ကျွန်း
လူသတ်မှုကြောင့် မြန်မာနှစ်ဦး ဖမ်းဆီးခံရမှုဟာ နှစ်လလကျော် ကြာမြင့်လာပြီ
ဖြစ်ပေမယ့် ထိုင်းအစိုးရက မြန်မာနှစ်ဦးကို တရားစွဲဆိုနိုင်ခြင်း
မရှိသေးပါဘူး။
Credit - The Voice Weekly
No comments:
Post a Comment