ဒက္ကာမြို့ Lalbagh ဘက်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့က သူတို့သုံးယောက်ကို စနက်တံ ၅ ခု ၊ ပေါက်ကွဲစေတဲ့ ဂျယ် ၂ခုနဲ့ ဗုံးလုပ်တဲ့ကိရိယာ အမြောက်အမြားနဲ့ အတူ ဖမ်းဆီးလိုက်တာဆိုပြီး ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ကာကွယ်ရေးဌာန ဒုတိယကော်မရှင်နာ Saidur Rahman က ပြောတယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။
ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ် Burdwan မြို့ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်နေပြီး ဘင်္ဂလားဒေ့ရှ် မူဂျာဟစ်(JMB) နဲ့ အချိတ်အဆက်ရှိလို့ ဖမ်းဆီးခဲ့တာလို့ ဒါကာမြို့ ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာ Krishnapada Roy ကလည်း ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သုံးယောက်က အသက် ၂၂ နှစ်အရွယ် Yasir Arafat ၊ အသက် ၂၆ နှစ်အရွယ် Nur Hossain aka Rafikul Islam နဲ့ အသက် ၂၅ နှစ်အရွယ် Omar Karim ဆိုသူတွေဖြစ်တယ်လို့ bdnews24.com ရဲ့ သတင်းမှာ ဖော်ပြပါတယ်။
“သူတို့က ရိုဟင်ဂျာစစ်သွေးကြွတွေ ဖြစ်ပါတယ်။ RSO ၊ ARU နဲ့ နယ်သာလန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရိုဟင်ဂျာဌာန တို့နဲ့ အဆက်အသွယ်လည်း ရှိကြတယ်” လို့ Saidur က ဆက်ပြောပါတယ်။
စစ်သွေးကြွထဲက ၂ ယောက်က Burwan မြို့မှာ အောက်တိုဘာလ ၂ ရက်နေ့က ပေါက်ကွဲမှု ပြုလုပ်ခဲ့တယ်ဆိုပြီး သံသယရှိ ခံနေရပါတယ်။ Burwan မှာ ပေါက်ကွဲသွားတဲ့ အိမ်က စစ်သွေးကြွတွေ သုံးစွဲတဲ့ အိမ်ဖြစ်ပြီးတော့ သူတို့က JMB နဲ့လည်း ဆက်စပ်နေတယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီကတော့ သုံးသပ်ထားပါတယ်။
Credit - The Voice
![]() |
No comments:
Post a Comment