– မြတ်ဆွေ
လူနာဆေးခန်းပေါ် ရောက်တယ် ဆိုရင်ပဲ တာဝန်ရှိသူတွေက ““ဘောက်ချာ ဆုတ်၊ ဘောက် ချာဆုတ်””ဆိုပြီး လူနာရှင် ကျွန်တော့်မရီးကို အော် ပြော ပါတယ်။ ဘာအတွက် ဘောက်ချာ ဆုတ်ရမလဲ ဆိုတော့ သွေးဝယ်ရမယ်တဲ့။ သွေးအိတ်တွေဝယ်ဖို့ ဘောက်ချာ ဆုတ်ခိုင်းတာ ပါ။ နောက်အခန်းခ၊ ဟိုအခ၊ ဒီ အခတွေ ဘောက်ချာအရင်ဆုတ်ရပါတယ်
~~~~~~~~~~~~~~~~~~~~~~~~
အထူးကုဆေးခန်းအချို့ရဲ့ အခြေအနေဟာ လှိုင်းကြီးလေထန်အဖြစ်ကို ရောက်နေတယ်ဗျာ။ ကျွန်တော်က တော့ သတင်း ထောက်တစ်ယောက်ပီပီ အမှန်ကို မြင်ပါတယ်။ အရှိအတိုင်းမြင်ပါတယ်။ အထူးကု ဆေးခန်း တွေ ကို ဝေဖန်ပြောဆိုကြရာမှာ ၀ါးလုံးရှည်နဲ့တော့ သိမ်းမရမ်းသင့်ဘူးပေါ့ဗျာ။
သို့သော် ကိုယ်တွေ့ကြုံရသမျှ အဆိုးအကောင်း အကျိုးအကြောင်းတော့ ပြောသင့်ဆိုသင့်ပါတယ်။ ဒါမှလည်း ဓမ္မဓိဋ္ဌာန် ကျကျ ဝေဖန်ဆွေးနွေးနိုင်မှာပါ။ ဒီနေရာ မှာ စကားမစပ်ပြောချင်တာက ကျွန်တော်ဟာ ၁၉၅၆ ခုနှစ် ကစပြီး သတင်းထောက်လောက်ကကို ၀င်ခဲ့သူပါ။ ခုအထိ သတင်း ထောက်ဘ၀ကို နှစ်လိုစွာခံယူဆဲပါ။ ၀ါရင့် သတင်းစာဆရာကြီးလို့ ဆိုင်းဘုတ်အတပ်ခံလိုသူ မဟုတ်ကြောင်းပါ။
ပြောစရာကို ပြန်ဆက်ရရင်တော့ ကျွန်တော်လည်း အများသူငါလို အထူးကု ဆေးခန်းအတွေ့အကြုံရှိခဲ့သူပါ။ ၂၀၀၆ ခုနှစ်လောက်က ဆီးကျိတ်ရောင်လို့ ခွဲစိတ်ကုသရမယ်ဆိုတော့ အထူးကုခွဲစိတ်ဆရာ ၀န်ကြီးတစ်ဦး နဲ့ပြပါတယ်။ သူက တောင်ဥက္ကလာပ အစွန်(၈)ရပ်ကွက်ထိပ်၊ ရတနာလမ်းမှာရှိတဲ့ ရဲမေတ္တာဆိုတဲ့ အထူးကု ဆေးခန်းကိုတင်ပြီး ခွဲစိတ်ကုသပေးပါတယ်။ ကောင်းပါတယ်။ ဆရာဝန်၊ သူနာပြု၊ ၀န် ထမ်းတွေကအစ တာဝန်ကျေ စွာ ပြုစုေ စာင့်ရှောက်ကြပါတယ်။…
ဒါပေမဲ့ လူတွေက ရဲမေတ္တာဆိုတဲ့ နာမည်ကြိုက်ကြပုံ မရဘူးဗျာ။ မကြာမီ Y-M-T ဆိုပြီး ဆိုင်းဘုတ်ပြင် တာ တွေ့ရတယ်ဗျာ။ ဘိုဆန်သွားတာပေါ့။
မိမိက ပင်စင်စားမို့ ကျပ်တစ်သိန်းလောက် ကုန်နိုင်တယ်ဆိုပေမယ့် ကျပ် ၃ သိန်းလောက် ကုန်သွားပါတယ်။ ထားပါတော့၊ ကျန်းမာချမ်းသာခြင်းသာ ပဓာန မဟုတ်လား။ စာနယ်ဇင်းမိတ်ဆွေတွေက လည်း ၀ိုင်းဝန်းကူညီ ကြပါတယ်။
အဲဒီအရင်က အတွေ့အကြုံကတော့ ကျွန်တော့်အစ်ကိုကြီးဟာ ရုတ်တရက် ဗိုက်ထဲမှာဝေဒနာခံစားရလို့ အထူး ကုဆေး ခန်းကြီးတစ်ခုကို သွားပြပါတယ်။ ခွဲစိတ် ကုသရမယ်ဆိုပါတယ်။ လူနာဆေးခန်းပေါ် ရောက်တယ် ဆို ရင်ပဲ တာဝန်ရှိသူတွေက ““ဘောက်ချာဆုတ်၊ ဘောက်ချာဆုတ်””ဆိုပြီး လူနာရှင် ကျွန်တော့်မရီးကို အော် ပြော ပါတယ်။ ဘာအတွက် ဘောက်ချာ ဆုတ်ရမလဲဆိုတော့ သွေးဝယ်ရမယ်တဲ့။ သွေးအိတ်တွေဝယ်ဖို့ ဘောက်ချာ ဆုတ် ခိုင်းတာပါ။ နောက်အခန်းခ၊ ဟိုအခ၊ ဒီ အခတွေ ဘောက်ချာအရင်ဆုတ်ရပါတယ်။
အဲဒီလိုနဲ့ ကျွန်တော့်မရီးပါလာတဲ့ ပိုက်ဆံအိတ်ကြီးဟာ ဖောင်းရာက ပိန် သွားပါတော့တယ်။ အဲဒီအချိန်မှာ စာရေး ဆရာ မြသန်းတင့်က နွယ်နီမဂ္ဂဇင်းမှာ “အင်္ဂလိပ်လူနာ”ဆိုတဲ့ အခန်းဆက်ဝတ္ထုကြီး ဘာသာပြန် ရေး သားနေပါ တယ်။ အင်္ဂလိပ်ပေးရှင်းပေါ့။ ကျွန်တော်ကလည်း မြန်မာလူနာ(၀ါ)မြန်မာပေးရှင်းဆိုပြီး အားကျမခံ ဆောင်းပါးတစ် ပုဒ် ရေးလိုက်ပါတယ်။
ကျွန်တော့်အစ်ကိုအတွက် ငွေများစွာ ပေးလိုက်၊ ရှင်းလိုက်ရပါတယ်။ လူနာက တော့ ကွယ်လွန်သွားရ ပါ တယ်။ သြော်- “မြန်မာပေးရှင်း”၊ မြန်မာလူနာရဲ့အဖြစ်ပါကလား။ အဲဒီတည်းက ကျွန်တော် အထူး ကုဆေးခန်း ကြီး တွေရှေ့က ဖြတ်မသွားရဲဘဲ ရှိုးတိုးရှန့်တန့် ဖြစ်မိပါတယ်။
အဲဒီနောက်မှာတော့ ကျွန်တော်တို့နဲ့ ခင်မင်ပြီး နှစ်သက်စရာကောင်းတဲ့ ပန်းချီ ဆရာလေးသန်းမြင့်အောင် အဖြစ်နဲ့ ကြုံရ ပြန်ပါတယ်။ သူဟာ ပန်းချီဆရာကြီးဦးကျော် ညွန့်တို့နဲ့အတူ နွေရာသီမှာ ဖားအံ ဘက် အောက် ဒိုးထွက်ပြီး ပန်းချီသွားရေးကြပါ တယ်။ ဖားအံမှာပန်းချီရေးပေမယ့်ဟိုတယ် တစ်ခုမှာ တည်းခိုနားနေ အိပ်စက် ကြတာပါ။ ကံမကောင်းချင်တော့ ပန်းချီသန်းမြင့် အောင်ဟာ အပြန်ခရီးမှာ ပင်ပန်းမှုနဲ့ အပူဒဏ်ခံစား ရမှုပူး ပေါင်း လို့ နေထိုင်မကောင်း ဖြစ်ပါတယ်။ တစ်ခုသော အထူးကုဆေးခန်း ကို သွားပြပါတယ်။
ဆရာဝန်က အထူးစစ်ဆေးကုသပါ တယ်။ “ဘယ်သွားခဲ့သလဲ”မေးတယ်။ သူ က ဖားအံသွားခဲ့ပါတယ်ဆိုတော့ ငှက်ဖျား မိလာတာပဲလို့ ယူဆပြီး ငှက်ဖျားဆေးတွေ နဲ့ကုသပါသတဲ့။ ကျားကျား မီးယပ်ပေါ့ဗျာ။ ဟိုတယ်ထဲ နေတာ ဘယ်က ငှက်ဖျားမိလောက်အောင် ခြင်ကိုက်ခံရမှာလဲ၊ ဒီလိုနဲ့ အချိန်ကုန်သွားတယ်။ အမှန်ကတော့ အပူရှပ်ပြီး အပူဒဏ်ခံရတာပါ။ မချိမဆံ့ဖြစ်တော့မှ ရန်ကုန်ဆေးရုံကြီးပို့တယ်။ ကွယ်လွန်သွား ရှာပါတယ်။
နောက်ဆုံး ကျွန်တော်ကြုံသမျှ ကြားသမျှထဲက အထူးကုဆေးခန်းတွေရဲ့ တွေ့ရကြုံရပုံကို တင်ပြချင်ပါတယ်။
ကျွန်တော့်မိတ်ဆွေကြီး ဦးစန်းဆိုတာ အသက် ၇၀ နီးပါးရှာပါပြီ။ သူဟာ အေးချမ်းစွာနဲ့ တောင်ဥက္ကလာပ ၁၂ရပ်ကွက်ထဲမှာ အိမ်နဲ့ခြံနဲ့ နေထိုင်သူပါ။ ငွေကြေးအတန် အသင့်နဲ့ ကိုယ်ပိုင်လုပ်ငန်းလေးရှိပါတယ်။ လူ က အေးပေမယ့် ဇရာအရွယ်ရောက်လာတော့ ဗျာဓိကမနေပါ။ တစ်နေ့မှာသတိထား နေရင်းက တိတ်တ ဆိတ် သွေးတိုးရောဂါရဲ့ တိုက်ခိုက်မှုကို ခံလိုက်ပါရတယ်။
ရုတ်တရက် ခေါင်းမူးလို့ ထိုင်ရာက ထလိုက်တာ ရှေ့က အုတ်နံရံနဲ့ ဆောင့်မိ ပါတယ်။ နဖူးမှာ နည်းနည်းကွဲ သွားပါတယ်။ မိသားစုတွေက အနီးဆုံးဆေးခန်း အကောင်းဆုံးဆေးခန်းဖြစ်တဲ့ ပုဂ္ဂလိကဆေးခန်းကြီးကို ပို့ပေးပါတယ်။ ဆေးခန်းရောက်တော့ ဦးစန်းကိုဆေးကုသပေးဖို့ ငြင်းဆန်ကြပါတယ်။
“ဘာကြောင့်လဲဆိုတော့ နဖူးကိုတစ်စုံ တစ်ယောက်က ရိုက်လို့ ကွဲသွားတယ်လို့ ယူဆသတဲ့” ဗျာ။ ရွှေဉာ ဏ် တော်စူးရောက် ပါပေ့၊ ဒါကြောင့် ရာဇ၀တ်မှုဖြစ်နိုင်တယ်။ အစိုးရဆေးရုံကို သွားပါဆိုပြီး ငြင်းလွှတ်ပါသတဲ့၊ အဲဒီတော့မှ စံပြဆေးရုံကြီးကိုရောက် ရပါတယ်။ သွေးတိုးများပြီး လမ်းမှာ ကိစ္စမချောတာ တော်သေးတာပေါ့။
တကယ်ဆိုရင် လူနာရဲ့အခြေအနေ၊ အသက်အရွယ်၊ ပတ်ဝန်းကျင်အနေအထား ကိုနားလည်ဖို့လိုတာပေါ့။ ဦးစန်းဟာ လမ်းပေါ်က လူမဟုတ်ပါ။ လူငယ်တစ်ဦးလည်း မဟုတ်ပါ။ ဆရာကြီး ရွှေဥဒေါင်းပြောသလို ပြောရ လျှင် “ဂျန်တလ်မင်း”ပါ။ ဆေးခန်းက တာဝန်ရှိသူတွေ သဘောပေါက်သင့်ပါတယ်။ မေးမြန်းစုံစမ်းသင့်ပါတယ်။
ဒါဟာ ကျွန်တော် တွေ့ဖူးကြုံဖူးကြားဖူးတဲ့ အထူးကုဆေးခန်းအချို့ရဲ့ ပကတိ အနေအထားပါ။ သက်ဆိုင်ရာ ပုဂိ္ဂုလ်များ ဆက်လက်လေ့လာ၊ သုံးသပ်သင့်ပါတယ်။ ကျွန်တော်တင်ပြလိုတာကတော့ အစိုးရ ဆေးရုံများကို သာ အားကိုးပါ၊ တကယ်ဖြစ်ရင် ဆေးရုံကြီးများကသာ တာဝန်ယူနိုင်ပါမယ် အခြားကိစ္စမပြေလည် တာရှိရင် လည်း တိုင်ပြောလို့ရပါတယ်ဗျာ။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment