Tuesday, December 2, 2014

စတုတ္ထတန်းနှင့်အဋ္ဌမတန်းစာမေးပွဲ အောင်/ရှုံးများကိုပညာရေးမှူးရုံးများမှ ထုတ်ပြန်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁-

စတုတ္ထတန်း၊ အဋ္ဌမတန်း၏ အတန်းတင်စာမေးပွဲ နှင့်အစမ်းစာမေးပွဲများ ၏အောင်/ ရှုံးများကို ခရိုင်နှင့်တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ ထုတ် ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ၏စာမေးပွဲမေးခွန်းများ၊ စာမေးပွဲစစ် ဆေးခြင်း ကိစ္စများနှင့်အောင်/ရှုံးထုတ် ပြန်ခြင်းများကို တိုင်းဒေသကြီးပြည်နယ်ပညာရေးမှူး များက ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ

အုပ်ချုပ် ရေးပိုင်းနှင့်ချိတ်ဆက် ဆောင်ရွက်သည့်အပိုင်းများကိုသာ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

''ဒီကိစ္စအတွက် အလုပ်ရုံဆွေး နွေးပွဲတွေကိုပြီးခဲ့တဲ့လက လုပ်ခဲ့တယ်။
အဲ့ဒီဆွေးနွေးပွဲကရတဲ့ရလဒ်တွေကို ဆရာတို့ဌာနကဝန်ကြီးဆီကို ပို့ပေး ရတယ်။ ပြီးတော့ ဝန်ကြီးရဲ့ညွှန်ကြား ချက်တွေကို ပြန်ယူတယ်။

ပညာရှင် တွေလုပ်ပေးထားတဲ့မေးခွန်းပုံစံတွေ ကို မြန်မာနိုင်ငံစာစစ်ကနေဦးစီးပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေ၊ မြို့ နယ်ရုံး၊ တိုင်းခရိုင်ရုံး၊ ဦးစီးဌာနတွေ ရော စာမေးပွဲလမ်းညွှန်စာအုပ်တွေကို ဖြန့်ဝေပေးနေတယ်။

စစ်တာဆေး တာကတော့ခရိုင်နဲ့တိုင်းတွေကပဲလုပ် ကြမှာ''ဟုမြန်မာနိုင်ငံ စာစစ်ဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူးတစ် ဦးက ပြောသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း၏ စာမေးပွဲပုံစံများကို ပြောင်းလဲလိုက် သည့်အတွက် ဆရာ၊ ဆရာမများ၏အလုပ်တာဝန်မှာ ပေါ့လျော့၍မရတော့ ကြောင်း၊ ယင်းစာမေးပွဲစနစ်များ အထိုင်ကျလာမည့်အချိန်တွင် ဆရာ၊ ဆရာမများအားဆုပေးဒဏ်ပေးသည့် ပုံစံများအတိုင်း ဖြစ်လာနိုင်ခြေရှိသည်။

''ဒီစနစ်ကို လုပ်လိုက်တာဆ ရာတွေအတွက်တော့ တာဝန်ပိုကြီး လာတာပေါ့။ အရင်ကလိုငါအအောင် ပေးမှရမှာတို့၊ တစ်တန်းလုံးအအောင် ပေးလို့ရ တာတွေမရှိတော့ဘူး။

ကျွန် တော်တို့လဲ ဒီစနစ်နဲ့အောင်မြင်လာ တဲ့သူတွေပါ။ ဒီစနစ်ကြောင့် ဆရာ တွေရဲ့ ကြိုးစားအားထုတ်မှုတွေက အရင်လိုပေါ့လျော့နေလို့ မရတော့ ပါဘူး။ အဆင့်တိုင်းရဲ့ဆရာတွေရဲ့သင် ကြားမှုက ပိုအားထုတ်ရတော့မှာပါ။

အရည်အသွေးရှိဖို့အတွက် ပြောင်းလဲလိုက်တာပါ''ဟုမြန်မာနိုင်ငံပညာ ရေးသုတေသနအဖွဲ့ဦးစီးဌာနမှလက် ထောက်ညွှန်ကြားရေးမှူးဦးခင်မောင် ထွေးက ပြောသည်။

ယခင်ကလေးတန်းနှင့်ရှစ်တန်း အတန်းတင်စာမေးပွဲတွင် ကျရှုံးခဲ့ သူများကို ပြန်လည်ကုစားရန်အတွက် သင်ခန်းစာများကို ပြန်လည်ပို့ချမှု များလည်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းသားများ၏အစမ်းစာမေးပွဲကို ယခုလတွင် ကျင်း ပမည်ဖြစ်ပြီး အတန်းတင်စာမေးပွဲ ကို ၂၀၁၅ခုနှစ်ဖေဖော်ဝါရီ၂ဝမှ၂ရ ရက်အထိ ကျင်းပရန်လျာထားကြောင်း သိရသည်။

ATK

#Democracytoday

ကျောင်းသူလေးများအားတွေ့ရစဉ်။ ဓါတ်ပုံ - ရဲနောင် (ဖယ်ခုံ)
 




No comments:

Post a Comment