Thursday, December 4, 2014

လိုင်စင်လုပ်ဖို့ အိမ်တိုင်ယာရောက် ရဲက လိုက်ခေါ်လို့ ဂျပန်ခေတ် ချွေးတပ်ဆွဲသလို တစ်ရွာလုံး ၀ရုန်းသုန်းကားဖြစ်ခဲ့ရတဲ့ ဒီပဲယင်းနယ်က ဆိုင်ကယ်ဖမ်းပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း ဆိုင်ကယ်ပိုင်ရှင်တွေကို ရဲစခန်းလာကြဖို့ ခေါ်နေတာကြောင့်
ကျေးရွာနေလူထုတွေအနဲ့နဲ့ ဆိုင်ကယ်ရောလူတွေပါ တောထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်၊ အဲဒီသတင်းနဲ့ ပတ်သက်ပြီး herjule mediaမှ ရွှေဘိုခရိုင်၊
ဒီပဲယင်းမြို့နယ်၊သစ်ရာအိုက်ကျေးရွာခံ များကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
"" ဟုတ်တယ်၊ ကျမတို့ တစ်ရွာလုံး တကယ့်ကို ၀ရုန်းသုန်းကား ကိုဖြစ်နေပါတယ်၊ ဆိုင်ကယ်ဖမ်းတာက အိမ်ထဲဝင်ပြီး ဖမ်းတာလို့ ပြောရမှာပေါ့၊ ဒီမနက် ရွာမှာ သတင်းထွက်နေတာက

အိမ်တွေထဲအထိဝင်ပြီး ဆိုင်ကယ်ဖမ်းမယ်၊ ဆိုင်ကယ်ဖိုးရဲ့ တစ်ဝက် ဒါဏ်ရိုက်မယ်၊ ဒါဏ်ငွေ မဆောင်နိုင်ရင် ထောင်ချမယ် ပေါ့၊ ဒီသတင်းတွေကြောင့် ရွာထဲက ဆိုင်ကယ်ရှိတဲ့သူတွေ ပိုင်ရှင်တွေ
အကုန် တောထဲ ၀င်ပြေးကုန်ကြပါတယ်၊ အချို့ကလည်း တောထဲပြေးရုံမကဘူး တောထဲက ခြုံတွေ လျှိုတွေထဲမှာလည်း ၀ှက်ထားကြရပါတယ်၊ အဲဒီလို မနက်က ဆိုင်ကယ်ကို အိမ်တွေထဲအထိ လိုက်ဖမ်းမယ့်သတင်းထွက်လာပြီး လွန်ခဲ့တဲ့
(၂)နာရီလောက်ကတော့ ကျမတို့အိမ်ကို သစ်ရာအိုက်ရဲကင်းက ဒုတပ်ကြပ်ချိုတူး က လာခေါ်ပါတယ်၊ ရဲစခန်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မှူးရောက်နေတယ်၊ ဆိုင်ကယ်ယူပြီး ရဲစခန်းလာခဲ့ပါ လို့ အိမ်ရှေ့ကနေ အော်ပြောသွားပါတယ်၊
ရွာထဲက အခြားဆိုင်ကယ်ပိုင်ရှင်တွေကို လိုက်ခေါ်ပါတယ်၊ ဘယ်သူမှ မသွားရဲပဲ ထွက်ပြေးကုန်ကြပါပြီ၊ ကျမတို့ရွာ ကအိမ်ခြေ(၃၀၀)ကျော်ရှိပြီး ဆိုင်ကယ်အစင်းရေကတော့ (၂၀)လောက်များ ရှိမလား မသိပါဘူး၊
ဆိုင်ကယ် ဆိုပေမယ့် အသစ်တွေတော့ မဟုတ်ပါဘူး၊ အဟောင်း အစုတ်တွေချည်းပါပဲ၊ငွေချမ်းသာလို့ ၀ယ်စီးကြတာ မဟုတ်ကြဘဲနဲ့၊ ဘယ်လိုလုပ်ပြီး ဆိုင်ကယ်ဖိုးရဲ့ ထက်ဝက်ကို အခွန်ဆောင်နိုင်မှာတဲ့လဲ၊
ဆိုင်ကယ်အစုတ်တောင် သွားရေးလာရေးကြောင့် လယ်လေး နွားလေးရောင်းပြီး ၀ယ်ထားကြရတာလေ၊ အခုတော့ ကျမတို့ ရွာကအားလုံး ကိုယ့်အလုပ်တောင် ကိုယ် မလုပ်နိုင်ဘဲ ထွက်ပြေးနေကြရပါတယ် ၊ နေမကောင်းလို့ ဆိုင်ကယ်နဲ့
ဆေးခန်းသွားမယ့်သူတွေလည်း မသွားရဲကြဘူး"""
ထိုဖြစ်စဉ်အပေါ် ရွှေဘိုမြို့နေ အငြိမ်းစားကျောင်းအုပ်ကြီးတစ်ဦးမှလည်း "" ကျွန်တော်ပြောမယ်၊ ဆင်းရဲနွမ်းပါးတဲ့ လူထုတွေကတော့ လက်ရှိအစိုးရကို အတော်ကိုစိတ်နာမှာပဲ၊ဘယ်နှယ့်ဗျာ၊ဒီပဲယင်းမြို့ပေါ်ရော ရွှေဘိုလို ခရိုင်မြို့ကြီးရော နောက်ဆုံးစစ်ကိုင်းတိုင်းတစ်တိုင်းလုံး
မြန်မာနိုင်ငံတစ်ဝှမ်းလုံး လိုင်စင်မဲ့ကားတွေ စီးနေကြတာတော့ မဖမ်းဘဲ ကျေးရွာနေ ဆင်းရဲသား ကျောမွဲတွေရဲ့ ဆိုင်ကယ်ကို ဖမ်းတယ်ဆိုတော့ စိတ်နာမှာပေါ့ဗျာ၊ဆိုင်ကယ်စီးတဲ့သူတွေရဲ့ ၉၀%ဟာ လက်လုပ်လက်စားတွေလေဗျာ၊
လိုင်စင်မဲ့ဆိုင်ကယ် မစီးစေချင်ရင် အစောကတည်းက သွင်းလာကတည်းက ဖမ်းလေဗျာ၊ အခုတော့ဗျာ ဆင်းရဲသား ကျောမွဲတွေရဲ့ လက်ထဲရောက်မှ ဖမ်းတယ်ဆိုတော့ ဥပမာပြောရရင် အသုဘပါးစပ်ထဲက ကူးတို့ခ နှိုက်ယူသလို ဖြစ်နေတာပေါ့၊
မဖြစ်သင့်ဘူးဗျာ၊ ဒါတွေ လုံးဝ မဖြစ်သင့်ဘူး၊"" လို ပြောပြခဲ့ပါတယ်၊
ထို့နည်းတူစွာ ဆိုင်ကယ်လိုင်စင် လုပ်ခဲ့ရသူ ဦးစိန်မောင်(အင်ကြင်းပင်ရွာ) ဆိုသူရဲ့ တူမဖြစ်သူ ဒေါ်မြရီ(သစ်ရာအိုက်ကျေးရွာ)မှလည်းကလည်း "" ကျွန်တော် ဦးလေးက အသက်(၈၀)ကျော်ပင်စင်စားပါ၊ ဆိုင်ကယ်အိုလေးနဲ့ မြို့ပေါ် လစာ သွားထုတ်ပါတယ်၊
သူက နိုင်ငံရေး ပင်စင်ရတဲ့ပင်စင်လစာက (၄)သောင်းကျော် ဖြစ်ပြီး ဆိုင်ကယ်မိလို့ဆိုပြီး ဒီပဲယင်းဘဏ်ကိုသွားပြီး ဒါဏ်ငွေ ၇၀၀၀၀ဆောင်ခဲ့ရပါတယ်၊လိုင်စင်ကတော့ နောက်မှ လုပ်ပေးမယ် ပြောပါတယ်၊"" လို ပြောဆိုသွားခဲ့ပါတယ်၊.

Credit - ဟာဂျူလီ ကသာ (Facebook)


 

 

 

No comments:

Post a Comment