အခုတလောမှာ လူတွေကြားထဲမှာ အ ရှက်မရှိသူတွေကိုပဲ တွေ့တွေ့နေ ရပါ တယ်။ ရုံးသွားတော့ ဆင်းမယ့် မှတ်တိုင်ပါတဲ့ အကြောင်း စပယ်ယာကို လှမ်းပြော တယ်။ ဆင်းမယ့်သူ တွေကလည်း တန်းစီနေပြီ။ အလုအယက် ဆင်း မလို့ပေါ့။ အဆင်းနှေးရင်လည်း အပြောခံရ၊၊ ငြိုငြင်ခံရ၊ အခန့်မသင့်ရင် တွန်း ချတောင် ခံရမှာမို့ ကြိုတန်းစီရတာပေါ့။ စပယ်ယာက လည်း ဒရိုင်ဘာကို လှမ်းအော်ပါရဲ့၊ မှတ်တိုင် ပါကြောင်း။ ပြီးတော့ နောက်လာမယ့်မှတ်တိုင် ဆင်း မယ့် သူများ အသင့်ပြင်ထားခိုင်းတယ်။ မှတ်တိုင်နှစ်တိုင်က မဝေးလှ သမို့ နောက် ဆင်းမယ့်သူတွေပါ ကြိုပြင်ခိုင်းထားတာပေါ့။ ဒါပေမဲ့ ကားက ပထမ မှတ်တိုင်မှာ မရပ်ဘူး။ ခရီးသည်ရော စပယ်ယာရော ပြောထား တဲ့ကြား က
ဒရိုင်ဘာကကျော် မောင်းသွား တယ်။ ကိုယ်နည်းနည်းတော့ စိတ်တို သွား တယ်။ ရုံးသွားကျောင်းသွား အချိန်လုနေရ ချိန်မှာ ဒီလိုလုပ်ဖို့ မကောင်းဘူး။ ဒီလို လုပ် ချင်ရာလုပ်တာကို စပယ်ယာရော ဒရိုင်ဘာပါ ခရီးသည်ကို အားနာ ရကောင်းမှန်းမသိ၊ ဒါ မိုက်ရိုင်းတဲ့အပြုအမူလို့လ
ဟုတ်တယ်လေ။ ဘယ်သူမှ စိတ်မဆိုး တော့ ကိုယ်လည်း လူမိုက် လုပ်မနေတော့ ပါ ဘူး။ ပြီးတော့ နောက်မှတ်တိုင်မှာ လာခေါ် မယ့်ကားက အချိန် လိုသေးတာမို့ အချိန်လုံ လုံလောက်လောက်ရပါတယ်။ ကျန်ခရီးသည် အားလုံး က ကိုယ့်လို အဆင်ပြေပုံမပေါ်ပေမယ့် ဘယ်သူကမှ စပယ်ယာကို မဆဲဆို၊ ဒရိုင်ဘာ ကိုလည်း မကျိန်ဆဲ၊ဪ၊ ပြောလည်း ဘာ ထူးမှာမို့လဲလို့ စိတ်ဖြေရင်း ခံစားမှုမဲ့အသက် မရှိတဲ့မျက်နှာတွေနဲ့ နောက်မှတ်တိုင် ဆီ ပြန် လျှောက်နေကြပုံများ။
မှတ်တိုင်နားမှာ လာခေါ်မယ့်ကားစောင့် ရင်း ကိုယ့်ဘာသာ မကျေမနပ်ဖြစ် သွားမိ တယ်။ ဘာကြောင့်များ ငုံ့ခံမိပါလိမ့်။ ငယ် ငယ်ကဆို ပက်ကနဲ ပြောပြီး သွားလောက်ပြီ။ ဒါဆို အသက်ကြီးသွားလို့လား။ ဒါတော့မဖြစ် နိုင်ပါဘူး။ ကိုယ် လည်း သိပ်အသက်ကြီးသေး တာမှ မဟုတ်ပဲ၊ ဟဲဟဲ ဆိုပြီး ကိုယ်ဘာသာ ဟာသ လုပ်ရင်း စိတ်ပြန်ကြည်သွားလေရဲ့။
ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး
ဒါပေမဲ့ မီးပွိုင့်ထိပ်မှာ သူ့ကားကိုပြန်မီပြီး ဘေးချင်းယှဉ်ရက် ဖြစ် သွားတော့ သူ့အမှားကြောင့် ကတိမ်းကပါး ဖြစ်ခဲ့တဲ့ ကိုယ်တို့ကားကို လက်ကလေးတစ် ဖက်မြှောက်ပြီးတောင် တောင်းပန်ဖော်မရခဲ့ တဲ့ အကောင်က အခုလည်း မျက်နှာပြောင် ပြောင် အရှက်မရှိ ဂရုစိုက်ပုံမပြပါဘူး။ ကိုယ် အပါအဝင် ကားပေါ်ပါ ဘယ်သူကမှလည်း သူ့ကို စိတ်ဆိုးမာန်ဆိုးအော်တာ ဟစ်တာ မရှိဘဲ အားလုံး အသက်မရှိကြသလို သူ့ကို ရောအချင်းချင်းရော ဘာမှ ပြန် မပြောဖြစ် ကြ ပါဘူး။ အရှက်မရှိသူ တွေတွေ့ရင် လက် ညှိုးထိုးတိုက်ခိုက်တတ်တဲ့ ကိုယ် ကိုယ်တိုင် အသက်မရှိတဲ့ဓာတ်ကူးပြီး ငြိမ်နေမိတာ အံ့ တောင်ဩမိပါရဲ့။
ဒီလိုနဲ့ ရုံးရောက်တဲ့အခါ ရက်လွန်ဂျာ နယ်ဟောင်းတစ်စောင်မှာ ကိုယ်ရင်းနှီး ဖူးသူ တစ်ယောက်ရဲ့ အင်တာဗျူးကို ဖတ်ရတယ်။ သူက ကိုယ်နဲ့မဝေးလှတဲ့သူ၊ ဒါကြောင့် ဘယ် ခေတ်မှာ သူဘယ်နေရာမှာရပ်ခဲ့တယ်၊ ဘယ် လိုတွေးခဲ့၊ ဘာတွေပြောခဲ့တယ်ဆိုတာ မသိ ချင်မှအဆုံး။ ဒါပေမဲ့ ကိုယ်တို့ မိုက်မိုက် ကန်းကန်းနဲ့ ဘ၀တွေ မိသားစုတွေရင်းပြီး ရပ်တည်ခဲ့တုန်းက ကျည်ကွယ် မျက်ကွယ် မှာ ဗိုင်းကောင်းကျောက်ဖိနေခဲ့သ
ဪ၊ သူ့အကြောင်းကို ဒီလို အူမချီး ခါး အသေးစိတ်သိတာ ကိုယ် တစ်ယောက် တည်းတော့ မဟုတ်။ သိသူအများ ရှိမှာပါပဲ။ ဒါပေမဲ့ ဒီလို သူမရှက်မကြောက် လိမ်ညာ ပြောဆိုနေ တာကို ဘာလို့တုံ့ပြန် မပြောကြ တာလဲ။ ယိုသူမရှက် မြင်သူရှက်ဆိုတာလို အဲဒီလိုထုတ်ပြောရမှာကိုက ရှက် စရာဖြစ်နေ လို့လား။ ဒါမှမဟုတ် သူရောက်နေတဲ့နေရာ၊ အခု သူ့ကိုလက်ခံ ဝိုင်းရံနေသူ များကို အား နာနေတာလား။ အင်း၊ တစ်ခုခုတော့ တစ်ခုခု ပေါ့လေ ။ ဒါဆို ကိုယ်ကကော ဘာကြောင့် သူ့ကို ဝေဖန်ထောက်ပြ အားပါးတရ အရှက် မခွဲရတာလဲ။ ထောက်ထားစရာတွေ ရှိနေလို့ လား။ ဒါမှ မဟုတ် အချင်းချင်း အဲဒီ လိုဖြစ်ကြ တယ်ဆို အဝေးက ဝမ်းသာမယ့်သူတွေ ရှိမှာ မို့လား။ ယင်း တစ်ခုခုပေါ့လေ။ ဘာပဲဖြစ်ဖြစ် အရှက်မရှိသူတွေနဲ့ တွေ့ရင် အသက်မရှိသူ လို ဖြစ်ဖြစ်သွားတဲ့အထဲ ကိုယ်လည်း ထိပ်ဆုံးက ပါပါနေတာတော့ သေချာနေ တာပါပဲ။
ဘာဖြစ်လို့လဲဆိုတာ စဉ်းစားစရာတော့ ဖြစ်နေပြီ။ အရင်ကဆိုရင် လာမကြော နဲ့ ပြော ပြီးသွားပြီ။ လာမစမ်းနဲ့၊ ကြမ်းပြီးသွားပြီဆိုတဲ့ အထဲမှာ (လက်မပါ၊ တုတ်မပါပေမယ့်) ပါး စပ်ချင်းယှဉ်တဲ့ပွဲတွေမှာ ကိုယ်ဘယ်တော့မှ ညံ့ခဲ့သူ မဟုတ်ပါဘူး။ အခုဒီလို ဘာကြောင့် ဖြစ်ဖြစ် နေရတာလဲလို့ ကိုယ့်ဘာသာ မေး ကြည့်တော့ အဖြေတစ်ခုကတော့ ပြောလည်း ဘာမှ သိပ်ထူးတာမဟုတ်လို့ မပြောချင်တော့ တာဆိုတာ တွေ့ရပါတယ်။ အမယ် မပြော တော့ သူတို့က ပိုတောင်ကဲကဲလာသေး။ ပြောမယ့်သူမရှိတော့ သူတို့ဘက်ကပဲ မှန်သ လိုလို၊ ဘာလိုလို ဖြစ်ကြပြန်တာလေ။ နောက် အဖြေတစ်ခုကတော့ အဲဒီလို မရှက် သူတွေက များများနေတော့ မရှက်သူများကြားမှာ ရှက် တတ်သူ အနည်းစု က ပြောချင်ဆိုချင်စိတ်မရှိ တော့လောက်အောင် အရှက်မမဲ့နိုင်တဲ့အဆုံး အသက်မဲ့ သွားကြတာပဲ ဆိုတာလည်း တွေ့ရ တယ်။ နောက် အဖြေ တစ်ခု ကတော့ အရင် က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ အခုမှန်နေရင်ပဲ မဆိုး သေးဘူး။ တချို့ဆို အရင်က လူကြမ်း၊ အခု လူလိမ်၊ နောင်ကို လူကလိန်ဖြစ်မယ့်ပုံပေါ်နေ တာတွေ ထက်စာရင် အရင်ကလူညံ့၊ အခု လူ ကောင်း ယောင်ဆောင်နေ တဲ့ လူသန့်။ အရင် က တစ်ကိုယ်ကောင်းဆန်တဲ့လူလည်လ
ဘာပဲဖြစ်ဖြစ် အရင်ကဒီမိုကရေစီဆိုတာ "အနောက်မျှော်ကျွန်ဝါဒ"လို့
ဒီလိုပဲ အခြေခံဥပဒေကြီးဟာ ပြင်ကိုပြင် ရမှာ၊ မပြင်ပဲ မနေပါဘူးလို့ ပြောဆိုပြီး ကာမှ တကယ်တန်းကျတော့ အနော်လုပ်လို့ရတာ ဟုတ်ဖူးခင်ည၊ ဟိုလူကြီး လုပ်မှရမှာခင်ည၊ သူ့တာဝန်ပဲခည၊ ဆိုတာမျိုး ပြောလာတာ ကိုလည်း "ကဲ၊ ဘယ်နေ့ကလေ၊ ဘယ်ပွဲမှာ လေ၊ ဘယ်လိုပြောခဲ့တာလေ၊ မှတ်မိသေး လား" လို့ ဘယ်လို အရှက်ခွဲလို့ကောင်းမှာ လဲလို့။ ဒီတော့လည်း ကိုယ့်ကိုကားနဲ့ ပွတ် ကျော်ပြီး ခပ်တည်တည်လုပ်နေတဲ့ ဒရိုင်ဘာ ကို မျက်နှာ လွှဲပြီး အောင့်ဧည်းနေသလို နေ ကြရတာပါပဲ။ တချို့ ပုဂ္ဂိုလ်ကြီးများဆိုရင် သမ္မတ ခန့်အပ်တဲ့ ပုဒ်မမှာ ဗိုလ်ချုပ်သမီးကို ခြွင်းချက်ပေးမယ်ဆိုရင် လက်မခံနိုင် စရာ မရှိ ပါဘူးလို့ ဘယ်သူမှမမေးဘဲနဲ့ ဖြေထားတာရှိ တယ်။ အတိုက်အခံပါတီထဲမှာ သူ့တစ်ယောက် ကိုပဲ လေးစားတယ် ဆိုတာမျိုးလည်း ပြော ဖူးရဲ့။
ဟော၊ အခုတော့ မဟုတ်ပြန်ဘူးတဲ့။ တစ်မျိုးဖြစ်သွားပြန်ပြီ။ ဒီလို အခု တစ်မျိုး တော်ကြာတစ်မျိုး ပြောနေတဲ့လူမျိုးကိုလည်း "ခင်ဗျားတို့ အရှက်မှ မရှိတာ" လို့ အမှန်အ တိုင်း သွားပြောလို့ ဘယ်သင့်တော်ပါ့ မလဲ။ ဒီတော့ မပြော ပဲနဲ့အောင့်ခံကြရတဲ့အခါ သူက လည်း သူကိုယ်သူဟုတ်သလိုလို ထင်ကောင်း ထင်မှာပေါ့။
ဒီလိုပဲ လာမယ့် ရွေးကောက်ပွဲကျတော့ ပီအာစနစ် ကျင့်သုံးတော့မယ်ဆိုတော့ ပညာ တတ်အလွှာထဲမှာကိုက ပီအာဆိုတာ ဘာမှန်း မသိတော့ ဘယ်လို မဲပေး ရမယ်ဆိုတာလည်း နားမလည်၊ အကျိုးဆက်ကိုလည်း မရှင်းလင်းဆိုတော့ ကျန် အများပြည်သူကြီးအတွက် ဘယ် လောက် ရှုတ်ထွေးနေမလဲ စဉ်းစား သာကြည့် ပေါ့။ ဒီအထဲမှာ အဓိကအချက်ကတော့ သူ တို့ကိုယ်တိုင် အချိန် ကုန်ငွေကုန်ခံပြီး နှစ်ပေါင်း များစွာ ရေးဆွဲထားတဲ့ အခြေခံဥပဒေကြီးနဲ့ ဘယ်လို မှ မကိုက် ညီပါဘူး၊ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲစနစ်နဲ့ တခြားစီ ဖြစ်နေပါတယ်လို့ လွှတ်တော်ပြင်ပဆွေးနွေး ပွဲတွေမှာရော၊ မီဒီယာတွေမှာပါ ပြောကြရေး ကြတဲ့ကြားက လွှတ်တော်မှာ ဇွတ်တင်၊ ဇွတ် ကြီးဆွေးနွေး၊ အတည်ပြု ဖို့ဟန်တွေပြင်။ ဆွေးနွေးမယ် ဆိုမှတော့ နေရာ အများစု ကို ကြို တင်မဲနဲ့ လွှတ်တော်ထဲနေရာဦးပြီး ဝင်ထိုင်ကြ သူများက အများစု မို့ အနိုင်ရမှာသေချာနေ တော့ တချို့တိုင်းရင်းသားပါတီမျာ
ဒီလိုနဲ့ အားလုံးက သူတို့ ပီအာဆိုတာကြီး ကို ဇွတ်လုပ်တော့မယ်လို့ နားလည်ကြ တဲ့အ ချိန်ကျတော့မှ စိတ်ကူးတစ်မျိုး ပြောင်းသွားပြီး ပီအာ မလုပ်တော့ ပါဘူးတဲ့။ အခြေခံဥပဒေခုံရုံး က ဒါဟာ အခြေခံဥပဒေနဲ့ မညီပါဘူး လို့ အ ကြောင်းပြန်လိုက်လို့ပါလို့
ဟော၊ အောင့်ခံလို့မှ အအောင့်မပြေ လောက်ခင်မှာ အမျိုးသားလွှတ်တော်က သူ့ ရွေးကောက်ပွဲမှာတော့ ပီအာပဲ လုပ်ဦးမယ်ဆို ပြီး အများစုအသာမဲနဲ့ ဆုံးဖြတ်ပြန်သတဲ့။ ကဲ၊ ကိုယ်ကတော့ ဥပဒေကျွမ်းကျင်သူမှ မဟုတ် တာ။ ဒါပေမဲ့ ဥပဒေအားလုံးရဲ့အခြေခံပါလို့
(စာဖတ်သူများခင်ဗျား။ Ladies ဂျာနယ် ကို စာမူပေးဖို့အချိန်ရောက်ပေမယ
Credit - The Ladies News Journal

No comments:
Post a Comment