မြန်မာစစ်တပ်
တပ်မ ၂၂လက်အောက်ခံ တပ်ရင်းတစ်ခုရဲ့
သတ်ဖြတ်တာကို ခံခဲ့ရတဲ့
ကိုပါကြီး (ခ)
ကိုအောင်ကျော်နိုင်ဟာ
မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး
ဥပဒေရဲ့အကာအကွယ်ကို
ရရှိသင့်တဲ့အတွက် အရပ်ဖက်တရားရုံးမှာ အများပြည်သူရှေ့
ပွင့်လင်းမြင်သာအောင်
စစ်ဆေးသင့်တယ်လို့ ဒီဇင်ဘာ
၂ရက်နေ့မှာ မြန်မာနိုင်ငံ
လူ့အခွင့်အရေးကော်မရှင်က
အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ကိုပါကြီးဟာ
သတင်းထောက်တစ်ယောက်ဖြစ်တယ်ဆိုတာကို
ဖမ်းဆီးခဲ့တဲ့ နယ်မြေခံ
ရဲတပ်ဖွဲ့နဲ့ တပ်မ ၂၂တို့ဟာ
တိုက်ဆိုင်စစ်ဆေးမှုတွေ
သေသေချာချာ မလုပ်ခဲ့တဲ့အပြင်
ဖမ်းဆီးသတ်ဖြတ်မှု၊ သေမှုသေခင်း
စတဲ့ကိစ္စတွေမှာလည်း
ပွင့်လင်းမြင်သာတဲ့
သတင်းထုတ်ပြန်ခြင်း
မရှိခဲ့တဲ့အကြောင်း
အစီရင်ခံစာ
တွေ့ရှိချက်မှာ ဖော်ပြထားပြီး
ကိုပါကြီးဟာ သေနတ်ဒဏ်ရာနဲ့
သေဆုံးခဲ့တာဖြစ်သလို
ညှဉ်းပန်းနှိပ်စက်မှု
မခံခဲ့ရဘူးလို့ မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်က
ပြောဆိုပါတယ်။
ကိုပါကြီး
သေဆုံးမှုနဲ့ပတ်သက်ပြီး
စုံစမ်းစစ်ဆေးဖို့ သမ္မတရဲ့
တရားဝင်ညွှန်ကြားချက်နဲ့
ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့
တွေ့ရှိချက်တွေမှာ ကိုပါကြီး
သတင်းထောက်တစ်ယောက်ဖြစ်ကြောင်း
အတိအကျ ထောက်ခံပြောဆိုဖို့
ရှောင်လွှဲထားပြီး မြန်မာစစ်တပ်က
စွပ်စွဲသလို KKO
အဖွဲ့ဝင်လို့
ကောက်ချက်ဆွဲနိုင်တဲ့
စွပ်စွဲချက်တွေကို ရှည်ရှည်လျားလျား
ဖော်ပြထားတာကြောင့် ကိုပါကြီးဟာ
KKO
အဖွဲ့ဝင်လို့
စွပ်စွဲရတဲ့ လွဲချော်မှုတွေကို
ဖော်ပြထားပါတယ်။
တပ်မ
၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း
၂၁ဝဟာ ကိုပါကြီးကို
ဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာ
ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ
ညှဉ်းပန်းနှိပ်စက်မှုရှိတယ်ဆိုတဲ့
သက်သေထွက်ဆိုချက်တွေ မရှိပေမယ့်
အချုပ်သားထွက်ပြေးတဲ့အခါ
အဆင့်ဆင့်လုပ်ကိုင်ရတဲ့
လုပ်ဆောင်ချက်တွေ
အားနည်းချက်ရှိတယ်ဆိုတာကို
ထောက်ပြထားပါတယ်။
ကိုပါကြီးရဲ့ရုပ်အလောင်းကို
မြှုပ်နှံမှုမှာလည်း
ကြီးကြပ်မှုအားနည်းတာ၊
မှတ်တမ်းစနစ်တကျ ပြလုပ်တာတွေ
အားနည်းတယ်လို့ ပြောဆိုထားပြီး
ကိုပါကြီးဟာ နိုင်ငံသားတွေရဲ့
မူလအခွင့်အရေးတွေကို ပုဒ်မ
၃၄၇အရ ရရှိစေဖို့အတွက်
တရားဥပဒေနဲ့အညီ ရဲလုပ်ငန်းတွေ
ကုန်စင်အောင် ဆောင်ရွက်ပြီးတဲ့အခါ
စစ်ဖက်ဆိုင်ရာ မဟုတ်ဘဲ
နယ်ဖက်ဆိုင်ရာ တရားရုံးမှာ
လူသတ်မှုကို စစ်ဆေးသင့်တယ်လို့
အကြံပြုထားပါတယ်။
Credit - Kamayut MEDIA

No comments:
Post a Comment