Wednesday, December 3, 2014

မဟနညွန်ကြားချက်နဲ့ သန္တိသုခသံဃာတွေ ဖမ်းဆီးခံရမှု အထောက်အထား ခရိုင်တရားရုံး ပလပ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးကို ဖမ်းဆီး လူဝတ်လဲ တရားစွဲဆိုခံရ တာဟာ နိုင်ငံတော် သံဃမဟာနာယက (မဟန) ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ သက်သေခံ အထောက်အထားတွေကို အရှေ့ပိုင်း ခရိုင်တရားက ဒီဇင်ဘာလ ၃ရက်နေ့မှာ ပလပ်လိုက်တယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

အဓိက သက်သေခံ အထောက်အထားအဖြစ် တင်ပြခဲ့တဲ့ စာရွက်စာတမ်းမှာ မဟနက ဇွန်လ ၁၀ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှတ်တမ်း စာရွက်စာတမ်းဖြစ်ဖြစ်ပြီး ကန့်သတ်
ဆိုပြီးရေးသားထားတယ်လို့ တရားစွဲဆိုခံရတဲ့ ဆရာတော်တွေဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက ပြောပါတယ်။

အဲဒီ စာရွက်စာတမ်းမှာ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်က မဟာသန္တိသုခ ကျောင်းတိုက်က ဆရာတော်တွေကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ အကြုံပြုချက်၊ ပီနန်ဆရာတော် အပါအဝင် သံဃာတော် သုံးဆယ်ကျော်က ကျောင်းဝင်းအတွင်း လက်နက်တွေ စုဆောင်းထားရှိမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အစည်းအဝေးမှတ်တမ်း အပေါ် ခွင့်ပြုမှုတွေ ပါဝင်နေတယ်လို့ သူက ရှင်းပြပါတယ်။

“ဒီမှတ်တမ်းစာရွက်က အမှုရဲ့ အရေးပါတဲ့ သက်သေခံအထောက်အထားပဲ။ ဒါကို ခရိုင်တရားသူကြီးက ကန့်သတ် စာရွက်စာတမ်းဖြစ်တာကြောင့် ပလပ် ခဲ့တယ်” လို့ ဦးသိန်းဝင်းက ပြောဆိုပါတယ်။

အဲဒီမှတ်တမ်းတွေကို တာမွေမြို့နယ် တရားရုံးမှာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်လွင်ကို စစ်ဆေးချိန်က ဦးစိန်လွင်ကိုယ်တိုင် တင်ပြခဲ့တဲ့ မှတ်တမ်းတွေဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

အရှေ့ပိုင်းခရိုင်တရားရုံးက ပလပ်ခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး တိုင်းဒေသကြီး တရားလွှတ်တော်သို့ အဲဒီအထောက်အထားတွေကို ဆက်လက် တင်ပြမယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ ညည့်နက်ချိန်မှာ မဟာသန္တိသုခကျောင်းတိုက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ သံဃာတော်တွေ ပူးပေါင်းပြီး ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပါတယ်။ လန်ဒန် ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနဲ့ ဦးပညာဝရ တို့ကို လူဝတ်လဲပြီးတော့ ပုဒ်မ ၁၄ နဲ့ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။


Credit - The Voice

No comments:

Post a Comment