– မောင်မြား
ဆန်အိတ်ထဲမှ နာရီအချို့ ကာလကတ္တားမှ မှောင်ခိုနာရီ
ဆိုင်တန်း ဆီသို့ ချောချောမွေ့မွေ့ ရောက်သွားကြသည်။ နာရီအားလုံးက ရွှေရောင်
““မောင်ကိုနှင့် ညီများ””၊ သဘောသဘာဝအရ မှောင်ခိုကုန်သွယ်ရေးဆိုသည်မှာ အဲဒီ
မတိုင်ခင် ကတည်း က နိုင်ငံတိုင်း၏ နယ်စပ်တိုင်းမှာ ရှိကြမည်ဖြစ်သည်။
မြန်မာလုပ် Made in Burma နာရီများ ယနေ့ စီးပွားရေးအင်အားကြီး
နိုင်ငံကြီးတစ်နိုင်ငံသို့ လက်မွန်မဆွကတည်းက မှောင်ခိုတင်သွင်း ခံရသည် က
တော့ အဘက်ဘက်ကတွက်ဆပြီး ကြံဖန်ဂုဏ်ယူမည်ဆိုလျှင် ဂုဏ်ယူစရာပင် . . .
~~~~~~~~~~~~~~~~~~~~~~~~~
ယခင်အပတ်မှ အဆက်
မိမိတို့ မင်းမနိုင်ကွက်သစ် ရောက်စဉ်အခါက အဖေ့အလွတ် ပညာသင်ကျောင်းကို
မိမိတို့မိသားစုနေထိုင်ရာ ၃ လမ်းနေအိမ်တွင် ကနဦးကာလက ဖွင့်သည်ဆိုပေ မယ့်
မည်သည့်အကြောင်းရယ်မသိ။ (မိမိ မမှတ်မိတော့ခြင်း ဖြစ် သည်)။ အဖေ့အလွတ်
ပညာသင်ကျောင်းကို မင်းမနိုင် ၁လမ်းထိပ် (ယခုဦးဝိစာရ အိမ်ရာဖြစ်သွားသည့်)
ဆရာ ကြီးဦးနေမြအိမ်တွင် ပြောင်းရွှေ့ဖွင့်လှစ်တော့သည်။ အဖေ့ အလွတ်ပညာသင်
ကျောင်းတွင် အဖေနှင့် အတူ စာပြ သည့် ဆရာတွေကတော့ ဆရာကြီး ဦးနေမြ၊ ဆရာ
ဦးဖေမြင့်၊ ဆရာဦးကျော်စိန်တို့ကို မိမိမှတ်မိ သည်။ ဆရာကြီး ဦးနေမြအိမ်က
အောက်ထပ်အစွန်ခန်း ဖြစ်တာကြောင့် စာသင်ဆောင်ချဲ့လို့ရသည်။ သည့် အတွက် ဆရာေ
တွရော ကျောင်းသူကျောင်းသား တွေအတွက်ပါ အဆင်ပြေကြသည်။ အင်္ဂလိပ်စာက Silas
Merner ဖြစ်မည် ထင်သည်။ မြန်မာစာကတော့ ရေသည်ပြဇာတ်လား မိမိခပ်ဝါးဝါး
ဖြစ်နေသည်။…
၁ လမ်းထိပ်၊ မင်းမနိုင် အစိုးရတိုက် ခန်းတွင်
အဖေ့ညီအစ်ကိုသားချင်း ဦးတင်မြင့်တို့ မိသားစုရှိကြသည်။ တစ် လျှောက်လုံး
ညီအစ်ကို မောင်နှမရင်းချာကဲ့သို့ နေထိုင်ခဲ့ကြရာ ဘကြီးဦးတင်မြင့်၏ သမီးလတ်
မမခင်မေသည် မမခင်မေ မကွယ်လွန်ခင်အထိ မိမိတို့နှင့် အလွန်သံယောဇဉ်ရှိစွာ
ဆက်ဆံပေါင်းသင်းခဲ့ကြသူများ ဖြစ်သည်။ မမခင်မေ အဖေ့ကျောင်းကို
ဆယ်တန်းလာတတ်သည့်အခါ အင်္ဂလိပ် စာဖတ်ရပါသည်။ မမခင်မေ အင်္ဂလိပ်စာ
ဖတ်ပြီဆိုသည်နှင့် မမခင်မေစားပွဲခုံအနား မိမိရောက်လာတတ်သည်။ အင်္ဂလိပ်စာ
ဖတ်လျှင် အသံထွက်ကောင်း လို့ မိမိအတု ခိုးနားထောင်ရသူများထဲတွင်
ဟိုအချိန်ဟိုအခါနှင့် နှိုင်းစာလျှင် မမခင်မေသည် မိမိအတွက် ပထမ
ဦးဆုံးဖြစ်မည် ထင်ပါသည်။ မမခင်မေသည် ဟိုအချိန်က SLC အောင်သော်လည်း ဆက်ပြီး
ပညာမသင် ခဲ့တော့ ချေ။ စာနယ်ဇင်းလောကတွင် သောင်းဘလောက်တိုက်၊
ခင်စန္ဒာပုံနှိပ်တိုက်ပိုင်ရှင် ဘ၀နှင့် ဘ၀တစ်ေ လျှာက် လုံး
တင့်တောင်းတင့်တယ် ချမ်းချမ်းသာသာနေထိုင်ခဲ့ရသည်။
ယခုလိုပဲ
အလွတ်ပညာကျောင်း စာသင်လိုက် R.A တက်လိုက်ရင်းနှင့်
၁၉၅၆-၅၇ခုနှစ်(မိမိမမှားဘူး ဆိုလျှင် ပေါ့) လောက်မှာ ဘကြီးဦးတင်မြင့်
အကူအညီအချို့နှင့်အတူ ဗမာနိုင်ငံကုန်သည်များ အသင်းကြီး ရဲ့အစီ အစဉ်နှင့်
အဖေအိနိ္ဒယနိုင်ငံသို့ အလုပ်သဘော အလည်သွားခွင့်ရသည်။ အဖေနှင့်အတူ
အမေပါလိုက်ခွင့်ရ သည်။
မိမိတို့ မိသားစုတွင်လည်း နောက်ထပ်
ညီနှစ်ယောက်တိုးလာသည် မောင်ဇော်ဝင်းနှင့် မောင်ဇော်မင်း။ ၈ နှစ် အရွယ်တွင်
သံစူးပြီး သံဆိပ်တက်လို့ သေသွားရှာသည့် မိမိတို့၏ အစ်ကိုကြီး
ကိုခင်မောင်မြင့်အပါ ၀င် ညီအစ် ကို ငါးယောက်နှင့် ညီမတစ်ယောက်ရှိသည်။
အစ်ကိုကြီးက ဆုံးပါးသွားတော့ အစ်မကြီး မမခင်ဝင်းနှင့် မိမိ တို့ညီအစ်ကို ၎
ယောက် စုစုပေါင်း ငါး ယောက်ရှိသည်။
မိမိ တတိယတန်းအထိ မင်းမနိုင်
၃လမ်းထိပ်က မြူနီစပါယ်ကျောင်းတွင် ပညာသင်ကြားခဲ့ရသည်။ တတိယ တန်းနှစ်မှာ
မိမိအခု အမျိုးသားရေကူးကန်နှင့် မျက်နှာချင်းဆိုင်က ဂျူဗလီဟော(လ်) (ယခု
တပ်မတော် မော် ကွန်းတိုက်နေရာ)တွင် မိမိမူလတန်းအဆင့်တွင်
သီချင်းဆိုခွင့်ရသည်။ ““အရှေ့ကိုလျှောက်ပါလို့ အနောက် ကိုတဲ့
မျှော်လိုက်ရင်း … တံခွန်တိုင်ရွှေ ကုက္ကားနဲ့ (ဘုရားလေးတွေ)၂ ဘုရားကို မြင်
…စာပလွေရင်မှာပိုက်လို့ … မေ လေးကိုသံချိုနှော … ပြောပြော ပြောခဲ့ပါဦး””
သီချင်းဆိုရသည်။ ဘာအထိမ်းအမှတ်လဲ ဆိုသည်ကို မိမိအမှတ်မရသော်လည်း
မိမိသီချင်းဆိုခွင့်ရသည့်နေ့က ဂျူဗလီဟော(လ်)တွင် ပရိသတ်အတော်များ များရှိ
သည်။ အခြားပွဲတစ်ခုနှင့်အတူ မိမိ သီချင်းဆိုခွင့်ရသည်လည်း ဖြစ်နိုင်ပါသည်။
မိမိအမှတ်ရသည်က သီချင်းတက်ဆိုချိန် မိမိကျောင်းမှ ဆရာမတစ်ဦး မိမိကို
စောင့်ရှောက်ဖို့အတူပါလာသည်။ အတန်း ပိုင်ဆရာမတော့ မဟုတ်။ တတိယတန်းက
မိမိအတန်းပိုင်သည့် ဆရာမ မဟုတ်။ ဆရာ ကြီး ဦးထွန်းဖေ ဖြစ်သည်။
မိမိမှတ်မိနေသည်က အဲဒီနေ့တွင် မိမိအား အမေက မှတ်မှတ်ရရအဖြစ်
ဆိတ်ခွံလုံချည်အ၀ါနှင့် အနက်ကွက်နှင့်အတူ လည်ကတုံးနှင့် အပေါ်က
ပင်နီတိုက်ပုံလေး ဆင်ပေးလိုက်သည်။ ဂျူဗလီဟောနှင့် ဘေး ချင်းကပ်တွင်
ခြံနံပါတ် ၄၀ ကွက်သစ်ရှိသည်။ အဲဒီ ကွက်သစ်ထိပ်ကနေ ဆရာမနှင့်အတူ
ဆိုက်ကားစီးလာရာ ကျောင်းရောက်ခါနီး ဆိုက်ကားချင်း တိုက်မိသည့်အတွက် မိမိ
နှာခေါင်းရင်းတွင် ငရုတ်ကောင်းလုံးခန့် ပေါက်ပြဲ သွားပြီး သွေးထွက်သံယို
ဖြစ်ခဲ့ရသည်ကို အမှတ်ရနေသည့် ဆရာမကလည်း စိတ်မကောင်းစွာနှင့် မိမိကိုချီပြီး
အိမ်လိုက်ပို့ခဲ့သည်။ အိမ်ရောက်တော့ သီချင်းဆိုရာတွင် မိမိဆုရခဲ့သည့်
ဘောက် ဆူးငွေတွေကို အဖေနှင့် အမေဆီအပ်ရင်း အဖေနှင့်အမေအား
ဆိုက်ကားတိုက်မိသည့် အဖြစ်အပျက် ကို တောင်းပန်နေသည့် မြင်ကွင်းကို တော့
မိမိအမှတ်ရနေသည်။
ဆရာမသည် သားသမီးတွေကိုထိလျှင် ဆတ်ဆတ်ထိမခံတတ်သည့်
ကျောင်းဆရာ ဦးဖေအောင်နှင့် ဇနီးဈေး သည် ဒေါ်ကြင်လှအကြောင်း တစ်ဆင့်စကားတစ်
ဆင့်နား ကြားထားပြီးသား ရှိဟန်တူသည်။ အဖေနှင့် အမေ က မိမိဆရာမကို ချိုသာ
ပျူငှာစွာပဲ တုံ့ပြန်လိုက်ကြပါသည်။
မိမိတို့ မင်းမနိုင်ရပ်ကွက်တွင်
နေ ထိုင်ကြသည်ဖြစ်ရကား ရပ်ကွက်နေမိမိတို့ အားလုံးလိုလိုသည် အခြေခံ
လူတန်းစား ချည်းဖြစ်တော့သည်။ လက်လုပ်လက်စား သားသမီးတွေဖြစ်ကြသည့်နည်းတူ
ကစား ကြသည့် အခါတွင်လည်း ထုပ်ဆီးတိုး၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀၊
ကုလားမစည်း၊ ဖန်ခုန်၊ ဂျင်ပေါက်ကြသည့် ကစားနည်း များနှင့်အတူ ဂျင်ဂလိခေါက်၊
မျောက်ပန်း လှန်စသည်တို့လည်း ပါဝင်ကြသည်။ အဲဒီက ကစားနည်းတွေထဲက
ဂျင်ဂလိခေါက် တာနဲ့ မျောက်ပန်းလှန်သည့် ကစားနည်း ကို
မုန့်ဖိုးမြိုးမြိုးမြက်မြက် အနိုင်ရတတ် သည့်အတွက် မိမိကစားလေ့ရှိသည်။
ညာဘက် လက်ဖ၀ါးစွန်းတွင် ငါးပြားစေ့များ အစီအရီတင်ပြီး သမံတလင်းပေါ်ခုတ်ချ
လိုက်သည့်အခါ သမံတလင်းပေါ်တွင် ခေါင်းသော်လည်းကောင်း၊ ပန်းသော်လည်း ကောင်း
အကြွေစေ့များ အစီအရီရှိနေသည့် ပသာဒကို ငယ်ဘ၀က မိမိမက်မောခဲ့သည်။
ကျောင်းပိတ်ရက် အရပ်ထဲ မှာကစားကြသည့် အခါတွင်လည်း ၀ါးပြား
ပါးပါးတစ်မိုက်ခန့်ကို ခါးကြားထိုးပြီး ရောက်ရာနေရာတွင် မျောက်ပန်းလှန်
ကစားခဲ့ သည်။ ဖဲရိုက်သည်မှလွဲပြီး ကျန်သည့် ဒေသတွင်း ကစားနည်းအစုံ
မိမိကစားလေ့ ရှိသည်။ သို့ရာတွင် ကျောင်း ပိတ်ရက်တွေမှာ အဖေ့အလွတ်
ပညာသင်ကျောင်းတွင် အင်္ဂလိပ်စာ စပြီးသင်ရမည်ဟု အဖေ့အမိန့် အောက် တွင်
မိမိတို့ရဲ့ဒေသတွင်း ကစားနည်းမျိုးနှင့် မိမိရှင်ခန်းပြတ်သွားခဲ့တော့သည်။
မိမိမှတ်မိသလောက် ပြောရလျှင် နှစ်လခန့်အကြာတွင်မတော့ အဖေတို့၊ အမေတို့
အိနိ္ဒယမှပြန်ရောက် လာကြ သည်။ အဖေနှင့် အမေအပြန်ခရီးတွင် အဖေတို့
အမေတို့နှင့်အတူ သတင်းကောင်းတစ်ခု ပါလာ သည်။ မြန်မာ နိုင်ငံကုန်သည်များ
အသင်းက ဦးဖေအောင်နှင့် မိသားစုကို အိနိ္ဒယအလည်အပတ်ခရီး ချီးမြှင့်ရာတွင်
မိမိတို့ ညီအစ်ကိုတွေသည်လည် ချန်ထားခဲ့ ခြင်းမရှိပေ။ အဖေနှင့်
အမေတို့ပြန်ရောက် လာကြပြီး သုံးလခန့်အကြာ တွင် မိမိတို့ အိနိ္ဒယနိုင်ငံသို့
သွားခွင့်ရကြသည်။ မိမိတို့ အဖွဲ့တွင် ညီအစ်ကိုသုံးယောက် (မောင် မောင်၊
အလင်း၊ ဇော်ဝင်း)နှင့်အတူ အမေ ကြီး (အဖေ့မိထွေး)၊ ကိုတင်ညွန့် (အဖေ့
တူတော်မောင်)၊ မအေးငွေ (နာနတ်တော)၊ (အမေ့ညီမ၀မ်းကွဲ) တို့ဖြစ်ကြလိမ့်မည်
ထင်ပါသည်။
အိနိ္ဒယကို ပြည်တော်ညွန့်သင်္ဘောနှင့် ရေကြောင်းမှ
သွားကြသည်။ ၄ရက်နှင့် ၅ညခရီးဖြစ်သည်။ သင်္ဘောပေါ် တွင် ဘာမှ မစားနိုင်။
အန်ချည်းနေသည်။ ၃ရက် မြောက်နေ့တွင် နေသားကျသွားသည်။ သင်္ဘောပေါ်တွင် မိမိ
တို့ညီအစ်ကိုတစ်တွေ အထပ်ရှိသမျှ နေရာရှိသမျှ ဟေ့ကောင်တွေ ဒီနေရာကို
မလာရဘူးကွဆိုသည့် နေရာ မှလွဲပြီး ကျန်နေရာအနှံ့လျှောက် ကြည့်ကြသည်။
ထမင်းစားခန်းတွင် ဟိန္ဒူကုလား သင်္ဘောသားတွေ ထမင်းစား နေသည် ကို တွေ့ရသည်။
ငှက်ပျောဖက်ပေါ်တွင် ဆန် ကြမ်းကြမ်းထည့်ထားပြီး ပဲဟင်းကို လောင်းထည့်
(စားပွဲ ပေါ်တွင် ဆားနှင့် ငရုတ်သီးခြောက်သာရှိသည်)။
ထမင်းကို
လက်သီးဆုပ်ခန့်ဖြစ်အောင် ခပ်လျော့ လျော့လုံးပြီး ပါးစပ်ထဲကိုပစ်ထည့်၊ ငရုတ်
သီးခြောက်ကိုက်ပြီး မလွတ်တနီဖြင့် မျှော ချလိုက်သည်။ အဲဒီလိုစားနေသည့်
မြင် ကွင်းကိုကြည့်ပြီး မိမိတို့ညီအစ်ကိုနှစ်ယောက် သွားရည်ကျကြသည်။
စားချင်သည့်စိတ် ပေါက်လာသည်။ မထိန်း သိမ်းနိုင်သည့် အဆုံး
မိမိတို့အခန်းကိုပြန်သည်။ အမေ ကြီးကိုအကျိုးအကြောင်းပြောသည်။ အဲဒီ
လိုစားချင် ကြောင်း ပူဆာသည်။ အမေ ကြီးကတော့ မလိုက်လျော။ မိမိအစ်ကို
မောင်မောင်သည် အမေကြီး၏ Favourite ဖြစ်လေရာ ပူဆာလွန်းမက ပူဆာလာသော အခါ
လိုက်လျောလိုက်သည်။ ထမင်းစားခန်းသို့ ရောက်သည် ““ခါ နာခါရေးကား”” လို့
ဟိန္ဒူစတန်နီလို တစ်ခွန်းပြောပြီး ကျန်တာတွေကို လက်ဟန်ခြေဟန်ပြလိုက်သည့် အခါ
““တင်း(န်)ရူပီး”” လို့ပြောသည့်အတွက် မိမိတို့ ထမင်းနှစ်ပွဲစာအတွက်
ငွေသုံးကျပ် ပေးလိုက်ပြီး စောစောက ဟိန္ဒူသင်္ဘောသားကြီး စားနည်းအတိုင်း
လိုက်ပြီး စားကြည့်သည်။
မိမိတို့ခံတွင်းသို့ မည်သည့် အရသာမျှ
မရောက်ရှိ။ ပူသည်။ စပ်သည်။ ဒါပဲသိသည်။ အမှန်တော့ ငှက်ပျောရွက်ပေါ်
ကဆန်ကိုလည်း မိမိတို့မစားနိုင်။ ထမင်း ပူပူနွေးနွေးအခြေအနေမှာေ တာင် အောက်
စော်က နံနေသည်။ နှစ်လုတ်သုံးလုတ်စားပြီး မိမိတို့ဆက်မ၀ါးနိုင်တော့။
ငွေသုံးကျပ် အလဟဿဖြစ်သွားသည်။ အဲဒီ အတွက် အမေကြီးက မိမိတို့အား ဆူပူ
ခြင်းမရှိသော်လည်း မိမိတို့ညီအစ်ကို ကိုယ်စီသင်ခန်းစာ များရသွားကြသည်။
အိနိ္ဒယခရီးစဉ်တစ် လျှောက် ဟိုဟာစားချင်သည် ဒီဟာစားချင်သည် ဘယ်တော့မှ
မပူဆာတော့။
အိနိ္ဒယပိုင်ရေနက် ယခင်အခါကာလ ကတ္တား(ယခုကိုးလ်ကတ္တား)
သင်္ဘောဆိပ် ကမ်းသို့ကပ်ရန်ဦး တည်သွား နေ စဉ် ရေမိုင် မည်ရွေ့မည်မျှအကွာ
ဆိုသည်ကိုတော့ မိမိမသိ။ ရေပြင်တစ်နေရာတွင် ရေပြင် တစ်ခုလုံး အစိမ်း ရောင်
အတိလွင်နေပြီး အတော်အတန် ဖြတ်မောင်းမိသည့်အခါ နောက်တစ်နေရာတွင်ရေသည်
အနက်ရောင် ဖြစ်နေ သည်။ ဆိပ်ကမ်းနှင့် နီးလာသည့်နှင့်အမျှ ရေပေါ်တွင်
ငါးမန်းများဖွေးကနဲ မည်းကနဲ ပေါ်လာသည်ကို အချိန်အတော်ကြာကြာ မြင်တွေ့နေရသည်။
ယနေ့ ၆၃နှစ်အရွယ် ရောက်နေသည့် မောင်ဇော် ၀င်းသည် အဲဒီ အချိန်က
၇နှစ်သားအရွယ်ဖြင့် အစဉ်အမြဲလိုလို အမေကြီး၏ရင်ခွင်ထဲတွင် ရှိနေတတ်သည်။
၇နှစ်သားအရွယ် အမေနှင့်ခွဲပြီး ဘွားအေတွေ၊ အစ်ကိုတွေ၊ ဦးလေး၊ အဒေါ်တွေနဲ့
အိနိ္ဒယကို ဘုရားဖူး လိုက်လာခဲ့ရတာဆိုတော့ ခမျာ အမေ့ကို လွမ်းနေရှာရမပေါ့။
သင်္ဘောပေါ်မှာ ဒီ ကောင့်ပုံက ပျော်ရွှင်သည့် ပုံမပေါ်တာကို မြင်ယောင်နေမိ သည်။
ဘွားအေဆီမှာပဲ အမြဲလို လိုက်နေလေ့ရှိသည်။
၎ရက်၊ ၅ည မြောက်နေ့မှာတော့
မိမိတို့ ကာလကတ္တား သင်္ဘောဆိပ်ကို ရောက်ရှိကြသည်။ ဘကြီးဦးတင်မြင့်
ဦးဆောင်ပြီး မိမိတို့၏လူကြီး သူမများသည် မိမိတို့ ညီအစ်ကိုအား
ဦးထုပ်ကိုယ်စီဆောင်းပေးပြီး ဦးထုပ်အောက် တွင် လက်ပတ်နာရီ ၄၊
၅လုံးစီထည့်ပေးထားသည်။ မိမိတို့ ခေါင်းများအနည်းငယ် စီ လေးလံနေကြ သည်။
မြန်မာ နိုင်ငံမှ အိနိ္ဒယသို့ ဘုရားဖူးလာကြသည့် ဘုရားဖူးများသည်
အိနိ္ဒယနိုင်ငံတွင် ဘုရားဖူးကာလအတွင်း စားရန် မြန်မာပြည်မှဆန်ကို
အဲဒီအချိန်က ယူခွင့်ပေး ကြဟန်တူသည်။ အဲဒီဆန်အိတ်အတွင်းသို့ လည်း နာရီအချို့
ထည့်ထားကြသည်။ ဟိုတစ်ချိန်က ဗုဒ္ဓဂယာဘုရားဖူးများကို
အိနိ္ဒယအကောက်အခွန်များက လျှော့ပေါ့ ရှာဖွေ ကြဟန်တူသည်။
ဆန်အိတ်ထဲမှ
နာရီအချို့ ကာလကတ္တားမှ မှောင်ခိုနာရီ ဆိုင်တန်းဆီသို့ ချောချောမွေ့မွေ့
ရောက်သွားကြသည်။ နာရီအားလုံးက ရွှေရောင် ““မောင်ကိုနှင့်ညီများ””၊ သဘောသဘာဝ
အရ မှောင်ခိုကုန် သွယ်ရေးဆိုသည်မှာ အဲဒီမတိုင်ခင်ကတည်းက နိုင်ငံတိုင်း၏
နယ်စပ်တိုင်းမှာ ရှိကြမည်ဖြစ်သည်။ မြန်မာလုပ် Made in Burma နာရီများ ယနေ့
စီးပွားရေး အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံသို့ လက်မွန်မဆွကတည်းက
မှောင်ခိုတင် သွင်းခံရသည်ကတော့ အဘက်ဘက်က တွက်ဆပြီး ကြံဖန်ဂုဏ်ယူမည်ဆိုလျှင်
ဂုဏ်ယူစရာပင် ဖြစ်ပေတော့သည်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment