မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်တွင် အခိုင်အမာရှိနေသေးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနှင့်အစပျိုးနေသောစစ်ရေးအရပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ ပြုလုပ်ရန် အချိန်မကျသေးကြောင်း ပစိဖိတ်ဒေသ အမေရိကန်လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ် စာရင်းသွင်းခံထားရသော ရေတပ်ဗိုလ်ချုပ်ကြီး ဟဲရစ်ဟယ်ရီဂျုနီယာ က ပြောသည်။
ယင်းပြောဆိုမှုသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအခြေအနေနှင့် ပတ်သက်၍ အမေရိကန်အရာရှိတဦးထံမှ ထူးထူးခြားခြား တင်းကြပ်သောအကဲဖြတ်မှုတခုဖြစ်သည်။ ဆီးနိတ်တွင်
ကြားနာအတည်ပြုမည်ဖြစ်သော မူဝါဒဆိုင်ရာမေးခွန်းများအေ
ပါ် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဟဲရစ် က အထက်ပါအတိုင်း စာဖြင့် ရေးသားတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ၃နှစ်တာကာလအတွင်း ကန့်သတ်မှုများအား ဖြေလျော့ပေးခဲ့သော်လည်း စစ်အာဏာရှင်လက်ထက်ကရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မှု တစုံတရာ မရှိသေးချေ။ အာဆီယံထိပ်သီးအစီးအဝေးအတွက် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော သမ္မတအိုဘားမားက ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်းပြန်နေသည်ကို အသိအမှတ်ပြုခဲ့သည်။
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment