ကားမှန်များကို ရိုက်ခွဲသွားခြင်း စသည့် သတင်းတွေကလည်း နောက်ဆက်တွဲ ပေါ်လာသည်။ ရန်ကုန်မြို့ကြီးသည် မလုံခြုံတော့ပြီ။ အရေးယူတာကနောက်၊ ကံမကောင်း အကြောင်းမလှလျှင် အသက်အလျင် ပျောက်သွားနိုင်သည်။ ကံဆိုးသူ မောင်ရှင်ဘဝ မည်သူကျရောက်မည်မှာ မရေရာသော ရန်ကုန်မြို့ ပြဘဝ ဖြစ်လာသည်။
တရားရုံးတစ်ခုတွင် လူသတ်မှုဖြင့် စီရင်ချက် အချခံရသည့် သားဖြစ်သူကို မိခင်က “မပူပါနဲ့သားရယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမှာပါ” ဟု နှစ်သိမ့်သည်။ မြန်မာ့တရားစီရင်ရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည့် လုပ်ရပ်များက တရားဥပဒေစိုးမိုးရေးကို မည်မျှအထိ ခြိမ်းခြောက်နေပြီနည်းဟု ပြန်လည်စဉ်းစား သုံးသပ်သင့်ပြီ ထင်သည်။ ဥပဒေအထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်တွေက
တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၉၀၀ ကျော် မွန်ပြည်နယ်တွင် သိမ်းဆည်းရမိ ဆိုသည့် သတင်းကလည်း စိတ်ပျက်စရာ ကောင်းလှသည်။ မြန်မာ့ငွေကြေး၏ အမြင့်ဆုံး သောင်းဂဏန်း ငွေစက္ကူတစ်ရွက်ကို အတုကိုင်ဆောင် ထားမိသည့် ပြည်သူတစ်ဦး၏ ဘဝမှာ အဘက်ဘက်က အရှုံးချည်းသာ ဖြစ်သည်။ ဘဏ်သို့ရောက်လျှင် ယင်းငွေစက္ကူကို ဖျက်ဆီးခြင်း ခံလိုက်ရမည်။ တစ်နေရာတွင် မသိနားမလည်စွာ ရထားပြီး၊ သွားသုံးလိုက်ခြင်းကြောင့် ငွေတုကိုင်ဆောင်သူ တစ်ယောက်အနေနှင့် ရုံးရောက် စခန်းရောက်စရာများ ရှိနေသည်။ သိန်း ၉၀၀ အတုကိစ္စသည် အစိုးရငွေကြေးကိစ္စများကို ပြည်သူတို့ အယုံအကြည် ကင်းမဲ့စေသည်။
မြန်မာပြည်သူတို့သည် ငွေကြေးကိစ္စနှင့် ပတ်သက်ပြီး အနာကြီး နာခဲ့ရသူများ ဖြစ်သည်။ တစ်ရာတန် ငွေစက္ကူများကို တရားမဝင်ကြောင်း ကြေညာစဉ်က မှောင်ခိုများနှင့် သောင်းကျန်းသူများကို တိုက်ခိုက်လိုသောကြောင့်ဟု ဆိုရှယ်လစ်ခေတ် အစိုးရက အကြောင်းပြခဲ့သော်လည်း ပြည်သူတွေ ကမ္ဘာပျက်ခဲ့ရသည်။ သောင်းဂဏန်း ငွေစက္ကူရွက်များတွင် အတုတွေ ပေါ်ထွက်နေသည် ဆိုသည့် သတင်းကလည်း ပြည်သူတို့၏ နေ့စဉ် လည်ပတ်သုံးစွဲနေရသော ငွေကြေးကိစ္စများကို သံသယ ဖြစ်စေသည်။ သံသယ ဆိုသည်မှာ တစ်ခဏတာ ကာလအတွင်း ဘဝပေါင်းများစွာ၊ အခြေအနေပေါင်းများစွာ ပျက်စီးသွားစေနိုင်သည်။
လုံခြုံမှုမရှိဟု ထင်မြင်လာလျှင် ပြည်သူတွေ ကိုယ့်ဘဝ ကိုယ့်အသက် လုံခြုံရေးအတွက်ဟု အကြောင်းပြကာ လက်နက်များ ကိုင်ဆောင်လာမည်။ ငွေကြေးသည် ခိုင်မာခြင်းမရှိဟု ယူဆလိုက်လျှင် ရွှေဈေးတွေ ဒေါ်လာဈေးတွေ အပြောင်းအလဲပေါင်း များစွာကို ရင်ဆိုင်ကြရမည်။ ဝယ်သူ ရောင်းသူ၊ စုသူ ဆောင်းသူတွေကြားတွင် တရားမဝင် လှည့်ပတ်စီးဆင်းမှုတွေ ဖြစ်လာမည်။
နိုင်ငံတစ်နိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးနိုင်မှ ပြည်သူတွေ အိပ်ကောင်းခြင်း အိပ်ရ၊ စားကောင်းခြင်းစားရ၊ တီထွင်ဖန်တီး လုပ်ဆောင်ခွင့်များ ရပြီး တိုးတက်နိုင်ပါသည်။ အားလုံးကို ကြောက်နေရသည့် ဘဝ၊ ကျီးလန့်စာစားသလို နေရသည့် ဘဝများဖြင့် ဒီမိုကရေစီလောကကို တည်ဆောက်ပြီး နိုင်ငံဖွံ့ဖြိုးအောင် လုပ်မည်ဟု အော်နေခြင်းမှာလည်း သံသယ ဖြစ်စရာပင်။
အယ်ဒီတာ (၁-၁၂-၂၀၁၄)
--------------------------
Editorial, The Voice Daily Vol-2/No-199 (#voiceeditorial)
Credit - The Voice
No comments:
Post a Comment