ရဲလင်းထက်
ငြိမ်းချမ်းရေးအ ပြည့်အဝမရသေးသည့်အတွက် မိမိတို့၏
အမျိုးသားရေး၊ တော်လှန်ရေးတို့အကြား မြေ မြှုပ်မိုင်းနှင့်ပတ်သက်သည့်
အသိပညာပေး မှုများကို ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ချိန်ထိုး
ဆောင်ရွက်နေရကြောင်း ကရင်နီလူငယ် သမဂ္ဂမှဗဟိုကော်မတီဝင် ကိုဒီးဒီက ပြော သည်။
ဗဟိုကော်မတီဝင် ကိုဒီးဒီက ''မိုင်း ထောင်ခဲ့တဲ့ အပိုင်းဆိုတာက လိုအပ်လို့
ထောင်ခဲ့ကြတယ်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအပိုင်းပေါ့နော်။
ကျွန်တော် တို့အနေနဲ့ နှစ်ပိုင်းစဉ်းစားရတယ်။ ပညာ ပေးတာကတစ်ပိုင်း၊
မိုင်းမကောင်းဘူးဆို တာပြောတာ တစ်ပိုင်းပေါ့နော်။ ကျွန်တော်
တို့လဲ
နှစ်ဖက်စဉ်းစားရတာပေါ့လေ။ တစ် ဖက်က အမျိုးသားရေး၊ တော်လှန်ရေးပေါ့ နော်။
တစ်ဖက်ကလဲ ပြည်သူတွေဘဝလုံခြုံ ရေး အသိပညာပေးရေးတစ်ခုရယ်၊ နောက် တစ်ခုက
ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလဲ ကြည့် ရသေးတယ်''ဟု ဖလားဝါးနယူးစ်သို့ ပြော
သည်။
ကယားပြည်နယ်တွင် မြေမြှုပ် မိုင်းနှင့်ပတ်သက်ပြီး
သံလွင်မြစ်အရှေ့ဘက် ကမ်း မော်ချီးဒေသနှင့်တော်လှန်ရေးအုပ်စု များ
အခိုင်အမာအခြေစိုက်သောဒေသများ တွင်အများဆုံးတွေ့ရပြီး လောပိတရေအား
လျှပ်စစ်တာဝါတိုင်များအောက်တွင်လည်း
မြေမြှုပ်မိုင်းအန္တရာယ်ခြိမ်းခြောက်မှုများရှိ ကြောင်း၊ အစိုးရတပ်၊
တိုင်းရင်းသားလက် နက်ကိုင်တပ်၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့ များနှင့်
ပြည်သူများအပါအဝင် ကယားပြည် နယ်အတွင်းတွင် မြေမြှုပ်မိုင်းကြောင့် ထိ
ခိုက်သူဦးရေ တစ်ရာနီးပါးရှိကြောင်း သိရ သည်။
''အများစုကတော့
ငြိမ်းချမ်းရေး မရခင်ကပေါ့။ နောက်ပိုင်းတော့ အပစ်အ ခတ်ရပ်စဲရေးရပြီးတော့
နည်းသွားတယ်။နောက်ပိုင်းအများဆုံးဖြစ်တာက အရပ်သား ပဲ။ အခုထိတော့
အရင်ထောင်ထားတာတွေ ထိတာများတယ်''ဟု ကိုဒီးဒီက ဆိုသည်။
ကယားပြည်နယ်တွင် မြေမြှုပ် မိုင်းပညာပေးရေးနှင့်ပတ်သက်ပြီး ကရင်နီ
လူငယ်များသမဂ္ဂ၊ ကယန်းမျိုးဆက်သစ်လူ ငယ်များအဖွဲ့၊ ကယားဖူးအဖွဲ့ Community
Youth Center (CYC) လူငယ်ဘဝ ပြုစုပျိုးထောင်ရေး(YMSC )နှင့် ပေးဆပ်
အလင်းတန်းအဖွဲ့ခြောက်ဖွဲ့တို့က ချိတ်ဆက် ဆောင်ရွက်ပေးနေသည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ စာရင်းကို ပြည်နယ်တစ်ခုလုံးလွှမ်းခြုံသည့်
စစ်တမ်း ပြည့်ပြည့်စုံစုံကောက်ယူနိုင်ခြင်း မရှိသေးသော်လည်း
တချို့သောပညာပေး ရေးအဖွဲ့များက ဒေသအလိုက် စစ်တမ်း ကောက်ယူမှုများရှိကြောင်း
သိရသည်။ တိုင်းရင်းသားဒေသများတွင် ငြိမ်း ချမ်းရေးဆွေးနွေးမှုများနှင့်အတူ
မိုင်းရှင်း လင်းရေးလုပ်ငန်းများကိုပါ လုပ်ဆောင်သင့် ကြောင်း၊ ထို့ပြင်
ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုး
တက်လာစေမည့်ဖွံ့ဖြိုးမှုများ လုပ်ဆောင် သင့်ကြောင်းတင်ပြချက်ကို ၂ဝ၁၂ခုနှစ်
ဖေ ဖော်ဝါရီလက အမျိုးသားလွှတ်တော်တွင် သဘောတူလက်ခံခဲ့သည်။
မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက် ကွဲစေသောလက်နက်ပစ္စည်းများစောင့်
ကြည့်လေ့လာရေးအစီရင်ခံစာအရ ကယား ပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်စလုံးကို
အန္တ ရာယ်များသောဒေသများ (Suspected Hazardous Areas - SHAs) အဖြစ်သတ်မှတ်
ထားသည်။
Credit - Yangon Media Group
No comments:
Post a Comment